ေရးၿမိဳ႕နယ္ အတြင္းရွိ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည္႕ေက်းရြာမ်ားမွ ေရေဘးသင့္ ျပည္သူမ်ားအား တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားမွ ေပးပို႕လွဴဒါန္းသည့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္လွဴဒါန္း

ေရးၿမိဳ႕နယ္ အတြင္းရွိ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည္႕ေက်းရြာမ်ားမွ ေရေဘးသင့္ ျပည္သူမ်ားအား တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားမွ ေပးပို႕လွဴဒါန္းသည့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္လွဴဒါန္း

ေနျပည္ေတာ္  ၾသဂုတ္  ၁၅

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အတြင္းရွိ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေက်းရြာမ်ားမွ ေရေဘးသင့္ ျပည္သူမ်ားအား  တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)  မိသားစုမ်ားမွ ေပးပို႔လွဴဒါန္းသည့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္ လွဴဒါန္းပြဲကို ယေန႔နံနက္ပုိင္းတြင္ ေရးၿမိဳ႕၊ျပည္သူ႔အားကစား႐ံု၌ ျပဳလုပ္ရာ  အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမုိးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ေရေဘးသင့္ ျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက  ေထာက္ပံ့ပစၥည္းမ်ား လွဴဒါန္းရျခင္းႏွင့္ ပတ္သက္၍ အမွာစကား ေျပာၾကားသည္။  ထို႔ေနာက္  တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက   ေရေဘးသင့္ျပည္သူမ်ား အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားမွ ေပးပို႔လွဴဒါန္းသည့္ ေစာင္၊ ျခင္ေထာင္မ်ားႏွင့္    ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္သည္။

ဆက္လက္၍ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေက်ာင္းရြာေက်းရြာ၊ ဓမၼရကိၡတ ေက်ာင္းတုိက္ႏွင့္ ေရးၿမိဳ႕နယ္၊ ဟံဂံေက်းရြာအမွတ္(၃) အေျခခံပညာ မူလတန္းေက်ာင္းတို႔ရွိ ေရေဘးသင့္ျပည္သူမ်ားအား  သြားေရာက္ေတြ႕ဆံု အမွာ စကားေျပာၾကားၿပီး တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားမွ ေပးပို႔လွဴဒါန္းသည့္ ေစာင္၊ ျခင္ေထာင္မ်ားႏွင့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္လွဴဒါန္းကာ ေက်ာင္းရြာေက်းရြာ ဓမၼရကိၡတေက်ာင္းတုိက္ ဆရာေတာ္  မဟာသဒၶမၼေဇာတိကဓဇ အဂၢမဟာပ႑ိတ ဘဒၵႏၲခႏီၶအား ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းသည္။

ထို႔ျပင္ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေရးၿမိဳ႕၊ အမွတ္(၂) အေျခခံပညာအထက္ တန္းေက်ာင္းႏွင့္  ျမသီတာေစ်း အတြင္း၌ ေရမ်ားျပန္လည္ က်ဆင္းသြားၿပီး က်န္ရွိခဲ့ေသာ  ႏုန္းေျမမ်ားကို  ဖယ္ရွားရွင္းလင္းျခင္းမ်ား ေဆာင္ရြက္ေပး လ်က္ရွိရာ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ လုိအပ္သည္မ်ား  ညိႇႏိႈင္း ေဆာင္ရြက္ေပးသည္။

အလားတူ မြန္ျပည္နယ္၊ က်ဳိက္မေရာ  ၿမိဳ႕နယ္၊ မယ္က႐ုိေက်းရြာႏွင့္ ဦးေလးေက်းရြာမွ ေရေဘးသင့္ျပည္သူမ်ားအား တုိင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ားက စားေသာက္ဖြယ္ရာမ်ားႏွင့္ အသံုးအေဆာင္ ပစၥည္းမ်ား ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ရေးမြို့နယ် အတွင်းရှိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ ပေးပို့လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်  သြဂုတ်  ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများမှ ရေဘေးသင့် ပြည်သူများအား  တပ်မတော် (ကြည်း၊ ရေ၊ လေ)  မိသားစုများမှ ပေးပို့လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရေးမြို့၊ပြည်သူ့အားကစားရုံ၌ ပြုလုပ်ရာ  အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ရေဘေးသင့် ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက  ထောက်ပံ့ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။  ထို့နောက်  တိုင်းမှူးနှင့် အဖွဲ့ဝင်များက   ရေဘေးသင့်ပြည်သူများ အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ ပေးပို့လှူဒါန်းသည့် စောင်၊ ခြင်ထောင်များနှင့်    ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျောင်းရွာကျေးရွာ၊ ဓမ္မရက္ခိတ ကျောင်းတိုက်နှင့် ရေးမြို့နယ်၊ ဟံဂံကျေးရွာအမှတ်(၃) အခြေခံပညာ မူလတန်းကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအား  သွားရောက်တွေ့ဆုံ အမှာ စကားပြောကြားပြီး တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများမှ ပေးပို့လှူဒါန်းသည့် စောင်၊ ခြင်ထောင်များနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းကာ ကျောင်းရွာကျေးရွာ ဓမ္မရက္ခိတကျောင်းတိုက် ဆရာတော်  မဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တခန္ဓီအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့ပြင် နယ်မြေခံ တပ်မတော်သားများက ရေးမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းနှင့်  မြသီတာဈေး အတွင်း၌ ရေများပြန်လည် ကျဆင်းသွားပြီး ကျန်ရှိခဲ့သော  နုန်းမြေများကို  ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ  ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်မရော  မြို့နယ်၊ မယ်ကရိုကျေးရွာနှင့် ဦးလေးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News