ေတာင္ငူၿမိဳ႔နယ္၊ ေမြ႐ုိးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေတာင္ငူၿမိဳ႔နယ္၊ ေမြ႐ုိးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၅

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ေမြ႐ုိးေက်းရြာရွိ  ေဒသခံျပည္သူမ်ားအား ယေန႔  နံနက္ပုိင္းတြင္  ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ  သိမ္ေတာ္ဦးဓမၼရိပ္သာ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူ ၁၃ဝ ဦးကုိ အ႐ုိး/အေၾကာေရာဂါ၊ ေသြးတုိးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေရျပားေရာဂါ၊ ႏွလုံးေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံး စမ္းသပ္စစ္ေဆးျခင္းႏွင့္ Ultrasound  စက္ျဖင့္ ေရာဂါရွာေဖြ ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ ကုသရန္ လုိအပ္သူသုံးဦးကုိ  ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသုိ႔ တက္ေရာက္ ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။

ယင္းသို႔   ေဆာင္ရြက္ေပးေနမႈမ်ားကုိ ေတာင္ငူတပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး သိမ္ေတာ္ ဦးဓမၼရိပ္သာေက်ာင္း ဆရာေတာ္ ဘဒၵႏၲဝိမလအားဖူးေျမာ္၍ သကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း   သတင္းရရွိသည္။

(Unicode Version)

တောင်ငူမြို့နယ်၊ မွေရိုးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မွေရိုးကျေးရွာရှိ  ဒေသခံပြည်သူများအား ယနေ့  နံနက်ပိုင်းတွင်  တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ  သိမ်တော်ဦးဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၃ဝ ဦးကို အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံး စမ်းသပ်စစ်ဆေးခြင်းနှင့် Ultrasound  စက်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူသုံးဦးကို  တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့   ဆောင်ရွက်ပေးနေမှုများကို တောင်ငူတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး သိမ်တော် ဦးဓမ္မရိပ်သာကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလအားဖူးမြော်၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း   သတင်းရရှိသည်။

Recent News