မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေရျဖဴၿမိဳ႔နယ္ အတြင္း ေျမၿပိဳက်မႈမ်ားႏွင့္ လမ္းပ်က္စီးမႈမ်ားအား ျပန္လည္ျပဳျပင္

မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေရျဖဴၿမိဳ႔နယ္ အတြင္း ေျမၿပိဳက်မႈမ်ားႏွင့္ လမ္းပ်က္စီးမႈမ်ားအား ျပန္လည္ျပဳျပင္

ေနျပည္ေတာ္  ၾသဂုတ္  ၁၅

တနသၤာရီတုိင္း ေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္အတြင္း မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ဇြန္ ၁ဝ ရက္မွစတင္၍ ထားဝယ္-ေမာ္လၿမိဳင္ကားလမ္း  မိုင္တုိင္အမွတ္ ၇၆ မွ ၈၁ အၾကား၊ မုိင္တုိင္အမွတ္၊ ၇၉ ႏွင့္ (၈ဝ/၄)တို႔တြင္ ေျမၿပိဳမႈမ်ားႏွင့္ လမ္းပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရာ  ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္၊ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ျပည္သူ႔ေဆာက္လုပ္ေရး လုပ္ငန္းႏွင့္ လမ္းအထူး အဖြဲ႕မ်ားျဖင့္ ပူးေပါင္း၍ ၿပိဳက်ခဲ့ေသာ ေျမစာမ်ား ဖယ္ရွား ရွင္းလင္းျခင္း၊ ယာယီေရွာင္ကြင္းလမ္းႏွင့္ ေဘလီတံတားမ်ား တည္ေဆာက္၍ ဆက္သြယ္ေရး လမ္းေၾကာင္း အျမန္ဆံုးျပန္လည္ ဖြင့္လွစ္ႏုိင္ေရး ႀကိဳးပမ္း ေဆာင္ရြက္လ်က္ ရွိသည္။

အလားတူ ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္- ဟိန္းဇဲကားလမ္း၊ အုန္းပင္ကြင္းေက်းရြာ အနီးတြင္ ေရတုိက္စားသျဖင့္ လမ္းပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရာ နယ္ေျမခံ တပ္မေတာ္သားမ်ားႏွင့္   ေဆာက္လုပ္ေရးဝန္ႀကီးဌာန ေက်းလက္လမ္း ဖြံ႕ၿဖိဳးေရး ဦးစီးဌာနတို႔ ပူးေပါင္း၍ ေဘလီသံေပါင္ သစ္သားတံတားႏွင့္   ေရွာင္ကြင္းလမ္းတို႔အား   ျပန္လည္ ေဆာက္လုပ္ခဲ့ရာ ၾသဂုတ္ ၁၄ ရက္တြင္ ၿပီးစီးခဲ့သျဖင့္ ေမာ္ေတာ္ယာဥ္မ်ား ပံုမွန္သြားလာႏုိင္ၿပီျဖစ္သည္။

ထိုသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို ၾသဂုတ္ ၁၄ ရက္ ေန႔လယ္ပိုင္းတြင္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ေသာင္းထုိက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏိႈင္း ေဆာင္ရြက္ေပးကာ တပ္မေတာ္သားမ်ားႏွင့္ ေဆာက္လုပ္ေရး ဝန္ထမ္းမ်ားအတြက္ စား ေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဖြူမြို့နယ် အတွင်း မြေပြိုကျမှုများနှင့် လမ်းပျက်စီးမှုများအား ပြန်လည်ပြုပြင်

နေပြည်တော်  သြဂုတ်  ၁၅

တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇွန် ၁ဝ ရက်မှစတင်၍ ထားဝယ်-မော်လမြိုင်ကားလမ်း  မိုင်တိုင်အမှတ် ၇၆ မှ ၈၁ အကြား၊ မိုင်တိုင်အမှတ်၊ ၇၉ နှင့် (၈ဝ/၄)တို့တွင် မြေပြိုမှုများနှင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ  ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းနှင့် လမ်းအထူး အဖွဲ့များဖြင့် ပူးပေါင်း၍ ပြိုကျခဲ့သော မြေစာများ ဖယ်ရှား ရှင်းလင်းခြင်း၊ ယာယီရှောင်ကွင်းလမ်းနှင့် ဘေလီတံတားများ တည်ဆောက်၍ ဆက်သွယ်ရေး လမ်းကြောင်း အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

အလားတူ ရေဖြူမြို့နယ်၊ ကလိန်အောင်- ဟိန်းဇဲကားလမ်း၊ အုန်းပင်ကွင်းကျေးရွာ အနီးတွင် ရေတိုက်စားသဖြင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ နယ်မြေခံ တပ်မတော်သားများနှင့်   ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဘေလီသံပေါင် သစ်သားတံတားနှင့်   ရှောင်ကွင်းလမ်းတို့အား   ပြန်လည် ဆောက်လုပ်ခဲ့ရာ သြဂုတ် ၁၄ ရက်တွင် ပြီးစီးခဲ့သဖြင့် မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို သြဂုတ် ၁၄ ရက် နေ့လယ်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ တပ်မတော်သားများနှင့် ဆောက်လုပ်ရေး ဝန်ထမ်းများအတွက် စား သောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News