ေရႊက်င္ၿမိဳ႔နယ္၊ ေမာင္း႐ံုေက်းရြာ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ စုေပါင္း သန္႕ရွင္းေရးျပဳလုပ္၊ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေရႊက်င္ၿမိဳ႔နယ္၊ ေမာင္း႐ံုေက်းရြာ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ စုေပါင္း သန္႕ရွင္းေရးျပဳလုပ္၊ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္  ၁၅

ပဲခူးတိုင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕နယ္၊ ေမာင္း႐ံုေက်းရြာရွိ အေျခခံပညာ မူလတန္းလြန္ေက်ာင္း ပတ္ဝန္းက်င္ သန္႔ရွင္းသာယာေရး အတြက္ ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ ေရႊက်င္တပ္နယ္မွ တပ္မေတာ္သား မ်ားက ေက်ာင္းဝင္းအတြင္း ေရႊက်င္ေခ်ာင္းေရ ဝင္ေရာက္ခဲ့စဥ္က က်န္ရွိခဲ့သည့္ႏုန္းေျမမ်ား ဖယ္ရွားရွင္းလင္းျခင္း၊ စာသင္ခံု၊ သင္ေထာက္ကူပစၥည္းမ်ား၊ ေက်ာင္းပရိေဘာဂပစၥည္းမ်ား သန္႔ရွင္းေပး ျခင္းႏွင့္ အမႈိက္မ်ား ရွင္းလင္းျခင္းတုိ႔အား စုေပါင္း ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ကဝၿမိဳ႕၊ဒကၡိဏာ႐ံုေက်ာင္းတိုက္တြင္ ေခတၱတည္းခို ေနထိုင္လ်က္ရွိသည့္ ေရေဘးသင့္ျပည္သူ ၁ဝ၁ ဦးကို တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေသြးတိုးေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။     

(Unicode Version)

ရွှေကျင်မြို့နယ်၊ မောင်းရုံကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်၊ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မောင်းရုံကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အတွက် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရွှေကျင်တပ်နယ်မှ တပ်မတော်သား များက ကျောင်းဝင်းအတွင်း ရွှေကျင်ချောင်းရေ ဝင်ရောက်ခဲ့စဉ်က ကျန်ရှိခဲ့သည့်နုန်းမြေများ ဖယ်ရှားရှင်းလင်းခြင်း၊ စာသင်ခုံ၊ သင်ထောက်ကူပစ္စည်းများ၊ ကျောင်းပရိဘောဂပစ္စည်းများ သန့်ရှင်းပေး ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့အား စုပေါင်း ဆောင်ရွက်ပေးသည်။

ထို့ပြင်ကဝမြို့၊ဒက္ခိဏာရုံကျောင်းတိုက်တွင် ခေတ္တတည်းခို နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူ ၁ဝ၁ ဦးကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။     

Recent News