တနသၤာရီၿမိဳ႔နယ္ႏွင္႕ေလာင္းလံုးၿမိဳ႔နယ္တို႕ရွိ ေရေဘးသင့္ျပည္သူမ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

တနသၤာရီၿမိဳ႔နယ္ႏွင္႕ေလာင္းလံုးၿမိဳ႔နယ္တို႕ရွိ ေရေဘးသင့္ျပည္သူမ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၅

တနသၤာရီတိုင္းေဒသႀကီး၊ တနသၤာရီၿမိဳ႕နယ္၊ ပ်ဳိ႕အိုင္ေက်းရြာတြင္ တနသၤာရီျမစ္ေရ ျမင့္တက္မႈေၾကာင့္ အိမ္ေထာင္စု ၁၆ဝ စု၊ လူဦးေရ ၉၇၅ ဦးတုိ႔သည္ အဆုိပါ ေက်းရြာရွိ ပဏၰိတာရာမ ေက်ာင္းတုိက္တြင္ ေခတၱတည္းခို ေနထိုင္လ်က္ရွိရာ ၾသဂုတ္ ၁၄ ရက္ နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က လုိအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပး သည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေရေဘးသင့္ျပည္သူ ၁၈၃ ဦး တုိ႔ကို ေသြးတိုးေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလး ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ က်န္းမာေရးစစ္ေဆး ကုသေပးျခင္း၊ ႏွလံုး ခုန္ႏႈန္း စစ္ေဆးေပးျခင္းႏွင့္ ဆီးခ်ဳိ၊ ေသြးခ်ဳိ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ ေကာ့ေသာင္းၿမိဳ႕နယ္၊ ဇာဒက္ႀကီးေက်းရြာရွိ သံဃာေတာ္ ၁ဝ ပါး၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏွင့္ ေဒသခံျပည္သူစုစုေပါင္း ၁၉၈ ဦးတုိ႔ကို တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း၌ ေသြးတုိးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊   အ႐ိုး/အေၾကာေရာဂါ၊ အစာအိမ္ေရာဂါ၊ ဆီးခ်ဳိ၊ေသြးခ်ဳိ ေရာဂါ၊ ကေလးေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္ ၍  က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး H1N1ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔အတူ ေလာင္းလံုးၿမိဳ႕နယ္ အတြင္း မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေထာင့္ တန္းေက်းရြာ၊ ေက်ာက္မတၱပ္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ား အတြင္းသို႔ ေရမ်ား ဝင္ေရာက္ခဲ့သျဖင့္ အဆုိပါေက်းရြာမ်ားမွ  အိမ္ေထာင္စု ၆၄ စု၊ လူဦးေရ ၂၈ဝ ဦးတို႔ သည္ ေအာက္ေက်ာက္ဝပ္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းရွိ ယာယီကယ္ဆယ္ေရး စခန္း၌ ေခတၱတည္းခို ေနထိုင္လ်က္ရွိၿပီး ၎ေရေဘးသင့္ ျပည္သူမ်ားအား တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က လိုအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးရာတြင္ ေရေဘးသင့္ျပည္သူ ၂၆၂ ဦးတုိ႔ကို ေသြးတုိးေရာဂါ၊ ႏွလံုးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အစာအိမ္ေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍   လုိအပ္သည့္ ေဆးဝါး ကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ေရေဘးသင့္ျပည္သူမ်ား အတြက္ စားေသာက္ ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

တနင်္သာရီမြို့နယ်နှင့်လောင်းလုံးမြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပျို့အိုင်ကျေးရွာတွင် တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် အိမ်ထောင်စု ၁၆ဝ စု၊ လူဦးရေ ၉၇၅ ဦးတို့သည် အဆိုပါ ကျေးရွာရှိ ပဏ္ဏိတာရာမ ကျောင်းတိုက်တွင် ခေတ္တတည်းခို နေထိုင်လျက်ရှိရာ သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ရေဘေးသင့်ပြည်သူ ၁၈၃ ဦး တို့ကို သွေးတိုးရောဂါ၊ အရိုး/အကြော ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ နှလုံး ခုန်နှုန်း စစ်ဆေးပေးခြင်းနှင့် ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျေးရွာရှိ သံဃာတော် ၁ဝ ပါး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဒေသခံပြည်သူစုစုပေါင်း ၁၉၈ ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊   အရိုး/အကြောရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးချို၊သွေးချို ရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍  ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး H1N1ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အတူ လောင်းလုံးမြို့နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထောင့် တန်းကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ အတွင်းသို့ ရေများ ဝင်ရောက်ခဲ့သဖြင့် အဆိုပါကျေးရွာများမှ  အိမ်ထောင်စု ၆၄ စု၊ လူဦးရေ ၂၈ဝ ဦးတို့ သည် အောက်ကျောက်ဝပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီကယ်ဆယ်ရေး စခန်း၌ ခေတ္တတည်းခို နေထိုင်လျက်ရှိပြီး ၎င်းရေဘေးသင့် ပြည်သူများအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် ရေဘေးသင့်ပြည်သူ ၂၆၂ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများ အတွက် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News