

နေပြည်တော်  သြဂုတ်  ၁၅



(Unicode Version)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗန်းမော်-မိုးမောက်-စိန်လုံ-လွယ်ဂျယ်သွား ကားလမ်း မြေပြိုကျမှုအား ကူညီဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗန်းမော်-မိုးမောက်-စိန်လုံ-လွယ်ဂျယ်သွား ကားလမ်းတစ်လျှောက်ရှိ သစ်ပင်များ လဲကျခြင်းနှင့် မြေသားများ ပြိုကျမှုများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သော နေရာများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ လဲကျခဲ့သည့် သစ်ပင်သစ်ကိုင်းများနှင့် ပြိုကျခဲ့သည့် မြေသားများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်များ ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News