ပူတာအုိၿမိဳ႔နယ္ရွိ ဖန္ခုိင္ပရဟိတ ဘုန္းေတာ္ႀကီးသင္ ပညာေရး(မူလြန္)ေက်ာင္း၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ပူတာအုိၿမိဳ႔နယ္ရွိ ဖန္ခုိင္ပရဟိတ ဘုန္းေတာ္ႀကီးသင္ ပညာေရး(မူလြန္)ေက်ာင္း၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္  ၁၅

ကခ်င္ျပည္နယ္၊ ပူတာအုိၿမိဳ႕နယ္၊ မန္ေစေက်းရြာအုပ္စု၊   ဖန္ခုိင္ပရဟိတ ဘုန္းေတာ္ႀကီးသင္ ပညာေရး(မူလြန္)ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား ၾသဂုတ္ ၁၄ ရက္ နံနက္ ပုိင္းတြင္ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၂၆၉ ဦးႏွင့္ ေဒသခံျပည္သူ ၅၂ ဦးတုိ႔ကုိ အ႐ုိး/အေၾကာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး မုိးရာသီတြင္ ျဖစ္ပြားတတ္ေသာ ေရာဂါမ်ားအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ပူတာအိုမြို့နယ်ရှိ ဖန်ခိုင်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး(မူလွန်)ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊   ဖန်ခိုင်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး(မူလွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား သြဂုတ် ၁၄ ရက် နံနက် ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၂၆၉ ဦးနှင့် ဒေသခံပြည်သူ ၅၂ ဦးတို့ကို အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News