ခ်မ္းေအးသာစံၿမိဳ႔နယ္၊ မိုးေကာင္း ေက်ာင္းတိုက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ခ်မ္းေအးသာစံၿမိဳ႔နယ္၊ မိုးေကာင္း ေက်ာင္းတိုက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္  ၁၅

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ မိုးေကာင္းေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ားအား ယေန႔ေန႔လယ္ပိုင္းတြင္ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်ာင္းတိုက္ရွိ အလယ္ေရႊေက်ာင္းႀကီး၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၃၇၅ ပါးတို႔ကို/ ေဆးကုသမႈဆိုင္ရာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာ ေရာဂါ၊အ႐ိုး/အေၾကာေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ေသြးအုပ္စု ခြဲျခားေပးျခင္း၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ စစ္ေဆးျခင္းႏွင့္ Ultrasound စက္ျဖင့္ ေရာဂါရွာေဖြ ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပး ခဲ့ေၾကာင္း   သတင္း ရရွိသည္။

(Unicode Version)

ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်း ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းကျောင်းတိုက်ရှိ သံဃာတော်များအား ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းတိုက်ရှိ အလယ်ရွှေကျောင်းကြီး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၇၅ ပါးတို့ကို/ ဆေးကုသမှုဆိုင်ရာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ သွေးအုပ်စု ခွဲခြားပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်းနှင့် Ultrasound စက်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း   သတင်း ရရှိသည်။

Recent News