တနသၤာရီတုိင္း ေဒသႀကီးအတြင္း ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည္႕ေနရာမ်ား၌ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

တနသၤာရီတုိင္း ေဒသႀကီးအတြင္း ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည္႕ေနရာမ်ား၌ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၅

တနသၤာရီတိုင္းေဒသႀကီးအတြင္း မုိး အဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ေရႀကီး၊ ေရလွ်ံမႈျဖစ္ေပၚခဲ့ၿပီး   ေရႀကီး ေရလွ်ံမႈ ျဖစ္ေပၚခဲ့သည့္ ေနရာမ်ား၌ ကူညီကယ္ဆယ္ ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေပးလ်က္ရွိရာ ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္း ေဒသ တုိင္းစစ္ဌာနခ်ဳပ္ နယ္ေျမခံတပ္မေတာ္သား မ်ားက တနသၤာရီၿမိဳ႕နယ္၊ ေခ်ာင္းငယ္ ရပ္ကြက္ရွိ အေျခခံ ပညာမူလတန္းေက်ာင္း ႏွင့္ လယ္ေတာင္ယာေက်းရြာရွိ ကားလမ္း ေရေက်ာ္သည့္ေနရာမ်ား၌ ခရီးသြားျပည္သူ မ်ား အဆင္ေျပစြာ သြားလာႏုိင္ေရးအတြက္ တပ္မေတာ္ဖိုက္ဘာေလွမ်ားျဖင့္   ကူညီ ေရႊ႕ေျပာင္းေပးသည္။

အလားတူ ေလာင္းလံုးၿမိဳ႕နယ္၊ ရွင္ေမာ္ သြားကားလမ္းႏွင့္ ရွင္ေမာ္ေစတီ၀င္းတုိ႔၌ ေျမသားမ်ားၿပိဳက်မႈအား နယ္ေျမခံ တပ္မ ေတာ္သားမ်ားက ေျမသားမ်ား ဖယ္ရွား ရွင္းလင္းေပးျခင္း၊ အမိႈက္မ်ားရွင္းလင္းျခင္း ႏွင့္ ေစတီအတြင္း က်န္ရွိ ခဲ့သည့္ ရႊံ႕ႏံြမ်ားအား သန္႔ရွင္းေရး ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ထား၀ယ္ခ႐ိုင္ ေရး-ထား၀ယ္သြား ကားလမ္းမိုင္တိုင္ အမွတ္ ၈၀ အနီး ေျမသား ၿပိဳက်ခဲ့သည့္ ေနရာ၌ နယ္ေျမခံ တပ္မေတာ္ သားမ်ားႏွင့္ ေဆာက္လုပ္ေရး ၀န္ႀကီးဌာန လမ္းအထူးအဖြဲ႕မ်ား ပူးေပါင္း၍ ယေန႔တြင္ လမ္းျပဳျပင္ ေပးျခင္းႏွင့္ ေဘလီ တံတားျပဳလုပ္ေပးျခင္း တုိ႔အား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၅

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး   ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက တနင်္သာရီမြို့နယ်၊ ချောင်းငယ် ရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းကျောင်း နှင့် လယ်တောင်ယာကျေးရွာရှိ ကားလမ်း ရေကျော်သည့်နေရာများ၌ ခရီးသွားပြည်သူ များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် တပ်မတော်ဖိုက်ဘာလှေများဖြင့်   ကူညီ ရွှေ့ပြောင်းပေးသည်။

အလားတူ လောင်းလုံးမြို့နယ်၊ ရှင်မော် သွားကားလမ်းနှင့် ရှင်မော်စေတီဝင်းတို့၌ မြေသားများပြိုကျမှုအား နယ်မြေခံ တပ်မ တော်သားများက မြေသားများ ဖယ်ရှား ရှင်းလင်းပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း နှင့် စေတီအတွင်း ကျန်ရှိ ခဲ့သည့် ရွှံ့နွံများအား သန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

ထို့ပြင် ထားဝယ်ခရိုင် ရေး-ထားဝယ်သွား ကားလမ်းမိုင်တိုင် အမှတ် ၈၀ အနီး မြေသား ပြိုကျခဲ့သည့် နေရာ၌ နယ်မြေခံ တပ်မတော် သားများနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းအထူးအဖွဲ့များ ပူးပေါင်း၍ ယနေ့တွင် လမ်းပြုပြင် ပေးခြင်းနှင့် ဘေလီ တံတားပြုလုပ်ပေးခြင်း တို့အား ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News