ဘုတလင္ၿမိဳ႕နယ္၊ ကံသစ္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ဘုတလင္ၿမိဳ႕နယ္၊ ကံသစ္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၇

စစ္ကိုင္းတိုင္းေဒသႀကီး၊  ဘုတလင္ၿမိဳ႕နယ္၊ ကံသစ္ေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာ ဘုရားႀကီးဘုန္းႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၂၅၆ ဦးအား ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ သြားေရာဂါ၊ခြဲစိတ္ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊  ကာယကုသမႈဆိုင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးျခင္း၊ တယ္လီေဗးရွင္းဓာတ္မွန္႐ိုက္ရန္ လိုအပ္ေသာ လူနာ ၁၄ ဦးႏွင့္ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ရန္ လိုအပ္ေသာ လူနာရွစ္ဦးတို႔အား က်န္းမာေရးစစ္ေဆးစမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ုံတက္ေရာက္ကုသရန္လိုအပ္သူ ငါးဦးအား မုံရြာၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။

ထိုသို႔ ေဆာင္ရြက္ေနမႈမ်ားကို တိုင္းမွဴးဗိုလ္ခ်ဳပ္စိုးတင့္ႏိုင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ကံသစ္ေက်းရြာဘုရားႀကီး ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲစႏၵာဝရအားဖူးေျမာ္ကာ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။  

(Unicode Version)

ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊  ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ ဘုရားကြီးဘုန်းကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၅၆ ဦးအား ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါ၊ခွဲစိတ်ရောဂါ၊ အရိုး/အကြောရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊  ကာယကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ရန် လိုအပ်သော လူနာ ၁၄ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်ရန် လိုအပ်သော လူနာရှစ်ဦးတို့အား ကျန်းမာရေးစစ်ဆေးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ငါးဦးအား မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ကံသစ်ကျေးရွာဘုရားကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရအားဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။  

Recent News