

နေပြည်တော်  သြဂုတ်  ၁၇




(Unicode Version)

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ တစ်အုပ်တစ်မသစ်ပင် စိုက်ပျိုးပွဲပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၇

သစ်တောနှင့်  သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ကောင်းမွန်ပြီး မြေဆီလွှာ ပြုန်းတီးမှုနှင့် သဘာဝဘေး အန္တရာယ်များကို တားဆီးကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မ တော်သားများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ တစ်အုပ်တစ်မသစ်ပင်စိုက် ပျိုးခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ငူတပ်နယ် သစ်ပင်စိုက်ပျိုးကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တောင်ငူမြို့နယ်မှ ဌာနဆိုင်ရာများ၊ တောင်ငူပညာရေးကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ

များ၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောအရာထမ်း၊ အမှုထမ်းများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သစ်တောသစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးမှ ဦးဆောင်၍ မန်ဂျန်ရှားပျိုးပင်အား စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက ကျွန်းပင် ၃၅ဝ ပင်နှင့် မန်ဂျန်ရှား ၃၅ဝ ပင်များကို စုပေါင်းစိုက်ပျိုးကြသည်။ ယင်းနောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက သစ်ပင်များ စုပေါင်းစိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။    လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ရန် လိုအပ်သော လူနာ ၁၄ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်ရန် လိုအပ်သော လူနာရှစ်ဦးတို့အား ကျန်းမာရေးစစ်ဆေးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ငါးဦးအား မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ကံသစ်ကျေးရွာဘုရားကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရအားဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။  

Recent News