ေရေဘးသင့္ ျပည္သူမ်ားအား စားေသာက္ဖြယ္ရာမ်ားေပးအပ္၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေရေဘးသင့္ ျပည္သူမ်ားအား စားေသာက္ဖြယ္ရာမ်ားေပးအပ္၊ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၇

တနသၤာရီတိုင္းေဒသႀကီး၊ တနသၤာရီ ၿမိဳ႕နယ္အတြင္း  မုိးသည္းထန္စြာရြာသြန္းၿပီး တနသၤာရီျမစ္ေရ ျမင့္တက္ဝင္ေရာက္မႈေၾကာင့္  တနသၤာရီၿမိဳ႕နယ္၊  ပဝေက်းရြာအုပ္စုရွိ   ပဝရြာမ၊  ကြၽန္းရွည္ေက်းရြာ၊ ေခ်ာင္းထဲေက်းရြာ၊ သက္ကယ္ေက်ာ္ေက်းရြာ၊ ပိန္းေတာေက်းရြာ၊ ဝါသေက်းရြာ၊ သာယာကုန္းေက်းရြာႏွင့္ ေခ်ာင္းႀကီးေက်းရြာမ်ားတြင္ အိမ္ေထာင္စု ၁၆၄ စု၊ လူဦးေရ ၈၅၁ ဦး ေရေဘးသင့္ခဲ့သည္။

အဆိုပါပဝေက်းရြာရွိ ေရေဘးသင့္ ျပည္သူမ်ားအား ၾသဂုတ္ ၁၆ ရက္ နံနက္ပိုင္းတြင္  ကမ္း႐ိုးတန္း ေဒသတုိင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ေသာင္းထိုက္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက အဆိုပါေက်းရြာရွိ ဓမၼေဇယ်ေက်ာင္းတိုက္၌ သြားေရာက္ေတြ႕ဆံု၍ အားေပး စကားေျပာၾကားကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထုိ႔ျပင္ တိုင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆိုပါ ေက်ာင္းတိုက္၌ ေရေဘးသင့္ျပည္သူ ၂၉၃ ဦးတုိ႔ကို ဖ်ားနာေရာဂါ၊ သြားေရာဂါ၊ ရင္က်ပ္ေရာဂါ၊ ေသြးတိုးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ ႏွလံုးခုန္ႏႈန္းစမ္းသပ္ေပးျခင္း၊ ဆီးခ်ဳိ၊ ေသြးခ်ဳိစစ္ေဆးျခင္း၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ယင္းသုိ႔ေဆာင္ ရြက္ေနမႈမ်ားကို တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားက လွည့္လည္ၾကည့္႐ႈ အားေပးသည္။

ထုိ႔ေနာက္ တိုင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ အဆိုပါ ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲေသာပနအား ဖူးေျမာ္ကာ   ဝါဆိုသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

ဆက္လက္၍ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ ေခ်ာင္းထဲေက်းရြာရွိ ေရေဘးသင့္ျပည္သူမ်ားအား အဆိုပါ ေက်းရြာ သုဓမၼစိေႏၲရေက်ာင္းတိုက္၌ သြားေရာက္ေတြ႕ဆံု အားေပးစကား ေျပာၾကားၿပီး ေရေဘးသင့္ျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ယင္းေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ အဆုိပါေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲဥာဏိတရအား ဖူးေျမာ္ကာ ဝါဆိုသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

၄င္းေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ တနသၤာရီၿမိဳ႕၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာနသို႔သြားေရာက္ၿပီး ေရေဘးကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားတြင္ ကူညီ ပါဝင္ေဆာင္ရြက္သည့္ဝန္ထမ္းမ်ားကို သြားေရာက္ေတြ႕ဆံုဂုဏ္ျပဳ အမွာစကားေျပာၾကားၿပီး ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား၌ ပါဝင္ေဆာင္ရြက္ၾကသည့္   ဝန္ထမ္းမ်ားအား ဂုဏ္ျပဳလက္ေဆာင္မ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ်အတွင်း  မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့်  တနင်္သာရီမြို့နယ်၊  ပဝကျေးရွာအုပ်စုရှိ   ပဝရွာမ၊  ကျွန်းရှည်ကျေးရွာ၊ ချောင်းထဲကျေးရွာ၊ သက်ကယ်ကျော်ကျေးရွာ၊ ပိန်းတောကျေးရွာ၊ ဝါသကျေးရွာ၊ သာယာကုန်းကျေးရွာနှင့် ချောင်းကြီးကျေးရွာများတွင် အိမ်ထောင်စု ၁၆၄ စု၊ လူဦးရေ ၈၅၁ ဦး ရေဘေးသင့်ခဲ့သည်။

အဆိုပါပဝကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား သြဂုတ် ၁၆ ရက် နံနက်ပိုင်းတွင်  ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက အဆိုပါကျေးရွာရှိ ဓမ္မဇေယျကျောင်းတိုက်၌ သွားရောက်တွေ့ဆုံ၍ အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူ ၂၉၃ ဦးတို့ကို ဖျားနာရောဂါ၊ သွားရောဂါ၊ ရင်ကျပ်ရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ နှလုံးခုန်နှုန်းစမ်းသပ်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်း၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင် ရွက်နေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောပနအား ဖူးမြော်ကာ   ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ချောင်းထဲကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား အဆိုပါ ကျေးရွာ သုဓမ္မစိန္တေရကျောင်းတိုက်၌ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိတရအား ဖူးမြော်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် တနင်္သာရီမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့သွားရောက်ပြီး ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီ ပါဝင်ဆောင်ရွက်သည့်ဝန်ထမ်းများကို သွားရောက်တွေ့ဆုံဂုဏ်ပြု အမှာစကားပြောကြားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ကြသည့်   ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News