လိြဳင္လင္ၿမိဳ႕နယ္အတြင္း ေငြက်ပ္သိန္းေပါင္း ၁၂၀၀၀၀ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားဖမ္းဆီးရမိ

လိြဳင္လင္ၿမိဳ႕နယ္အတြင္း ေငြက်ပ္သိန္းေပါင္း ၁၂၀၀၀၀ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားဖမ္းဆီးရမိ

ေနျပည္ေတာ္ ၾသဂုတ္ ၁၇

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လိြဳင္လင္ၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္လ်က္ရွိေသာ ပူးေပါင္းအဖြဲ႕ သည္ လိြဳင္လင္ၿမိဳ႕၏ အေနာက္ဘက္ ၁ မိုင္ခန္႔အကြာရွိ ဟိုတင့္ေက်းရြာအနီး၌ ေမာ္ေတာ္ယာဥ္ ျဖတ္သန္းသြားလာမႈမ်ားကို စစ္ေဆးစဥ္ ၾသဂုတ္ ၁၆ ရက္ နံနက္ ၁၁ နာရီခန္႔တြင္ လိြဳင္လင္ၿမိဳ႕ ဘက္မွ ေတာင္ႀကီးၿမိဳ႕ဘက္သို႔ စိုင္းေအာင္ႏိုင္ထြန္း(ဘ)ဦးတြမ္းရီ ေမာင္းႏွင္၍ ေနာ္ဂ်ာ(ဘ)ဦးက်ႀကိဳး  လိုက္ပါလာသည့္ Isuzu အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အမွတ္၊YGN 1N /--------  အား ရပ္တန္႔စစ္ေဆးရာ ေနာက္ၾကမ္းခင္းအတြင္းဝွက္၍ သယ္ေဆာင္လာေသာ အိုက္စ္၊ ကတ္တမင္း အခဲႏွင့္ အမႈန္႔ ၅၀၁ ကီလိုဂရမ္ (ခန္႔မွန္းတန္ဖိုးေငြက်ပ္ သိန္း ၁၂၅၂၅၀)ႏွင့္ အတူ ဖမ္းဆီးရမိခဲ့သည္။

အဆိုပါဖမ္းဆီးရမိသူမ်ား၊ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ မူးယစ္ေဆးဝါးမ်ားအား လိြဳင္လင္ၿမိဳ႕မရဲစခန္း၌  တရားဥပေဒအရ အေရးယူႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လွိုင်လင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၂၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့ သည် လွိုင်လင်မြို့၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဟိုတင့်ကျေးရွာအနီး၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများကို စစ်ဆေးစဉ် သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် လွိုင်လင်မြို့ ဘက်မှ တောင်ကြီးမြို့ဘက်သို့ စိုင်းအောင်နိုင်ထွန်း(ဘ)ဦးတွမ်းရီ မောင်းနှင်၍ နော်ဂျာ(ဘ)ဦးကျကြိုး  လိုက်ပါလာသည့် Isuzu အမျိုးအစား မော်တော်ယာဉ်အမှတ်၊YGN 1N /--------  အား ရပ်တန့်စစ်ဆေးရာ နောက်ကြမ်းခင်းအတွင်းဝှက်၍ သယ်ဆောင်လာသော အိုက်စ်၊ ကတ်တမင်း အခဲနှင့် အမှုန့် ၅၀၁ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၂၅၂၅၀)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်များနှင့် မူးယစ်ဆေးဝါးများအား လွိုင်လင်မြို့မရဲစခန်း၌  တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News