အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္း တရားမဝင္ေရႊတူးေဖာ္ရာတြင္ အသံုးျပဳသည့္ စက္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ

အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္း တရားမဝင္ေရႊတူးေဖာ္ရာတြင္ အသံုးျပဳသည့္ စက္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ

ေနျပည္ေတာ္  ၾသဂုတ္  ၁၇

ကခ်င္ျပည္နယ္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္း  လံုၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ စစ္ေဆးေဆာင္ရြက္စဥ္ ၾသဂုတ္ ၁၆ ရက္ မြန္းလြဲ ၁ နာရီခြဲခန္႔တြင္ ျမစ္ဆံုေက်းရြာ၏ အေနာက္ဘက္ မီတာ ၉ဝဝ ခန္႔အကြာ၌ တရားမဝင္ ေရႊတူးေဖာ္သည့္ လုပ္ငန္းမ်ား လုပ္ကိုင္ရာတြင္ အသံုးျပဳသည့္ ဘက္ဟိုးယာဥ္ ခုနစ္စီး၊ မီးစက္ ၁၃ လံုး၊ ၄ လံုးထိုးအင္ဂ်င္ ႏွစ္လံုး၊ ဒိုင္နမို သံုးလံုး၊ ပိုက္ေပ်ာ့ ၁၅ ေခြ၊ ဟြန္ဒါမီးစက္ သံုးလံုး၊ သံပိုက္လံုး ၂ဝ လံုး၊ လည္ေခ်ာင္းပိုက္ ေျခာက္လံုး၊ေရခ႐ု ရွစ္ခု၊  ေလမႈတ္စက္ ႏွစ္ခု၊ ခ်ိန္းဘေလာက္ တစ္ခု၊ ေမ်ာစင္ ရွစ္ခု၊ စတီးႀကိဳးတစ္ေခြ၊ အင္ဝိုင္း ၂၇ ခ်ပ္ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့ေတြ႕ရွိ သိမ္းဆည္း ရမိခဲ့သည္။

အဆိုပါ သိမ္းဆည္းရမိ တရားမဝင္ေရႊေမ်ာ တူးေဖာ္ရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားအား  သက္ဆုိင္ရာသို႔ စနစ္တက်လႊဲ ေျပာင္းအပ္ႏွံသြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အင်ဂျန်းယန်မြို့နယ်အတွင်း တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်  သြဂုတ်  ၁၇

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်အတွင်း  လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စစ်ဆေးဆောင်ရွက်စဉ် သြဂုတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြစ်ဆုံကျေးရွာ၏ အနောက်ဘက် မီတာ ၉ဝဝ ခန့်အကွာ၌ တရားမဝင် ရွှေတူးဖော်သည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ် ခုနစ်စီး၊ မီးစက် ၁၃ လုံး၊ ၄ လုံးထိုးအင်ဂျင် နှစ်လုံး၊ ဒိုင်နမို သုံးလုံး၊ ပိုက်ပျော့ ၁၅ ခွေ၊ ဟွန်ဒါမီးစက် သုံးလုံး၊ သံပိုက်လုံး ၂ဝ လုံး၊ လည်ချောင်းပိုက် ခြောက်လုံး၊ရေခရု ရှစ်ခု၊  လေမှုတ်စက် နှစ်ခု၊ ချိန်းဘလောက် တစ်ခု၊ မျောစင် ရှစ်ခု၊ စတီးကြိုးတစ်ခွေ၊ အင်ဝိုင်း ၂၇ ချပ်နှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်ရွှေမျော တူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား  သက်ဆိုင်ရာသို့ စနစ်တကျလွှဲ ပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News