AA ၊ TNLA ၊ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အမ်ားျပည္သူအသံုးျပဳလ်က္ရွိသည့္ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ နားတီးေက်းရြာအထြက္တံတားအား ထပ္မံမုိင္းခြဲဖ်က္ဆီး၊ တပ္မေတာ္စစ္ေၾကာင္းမ်ားျဖင့္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြား

AA ၊ TNLA ၊ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အမ်ားျပည္သူအသံုးျပဳလ်က္ရွိသည့္ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ နားတီးေက်းရြာအထြက္တံတားအား ထပ္မံမုိင္းခြဲဖ်က္ဆီး၊ တပ္မေတာ္စစ္ေၾကာင္းမ်ားျဖင့္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြား

ေနျပည္ေတာ္၊ ၾသဂုတ္ - ၁၈

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ ေနာင္ခ်ဳိၿမဳိ႕နယ္၊ သိန္းနီၿမိဳ႕နယ္ႏွင့္ ကြမ္းလုံၿမဳိ႕နယ္ အတြင္းရွိ တံတား မ်ားအား AA ၊ TNLA ၊ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက  မုိင္းခြဲဖ်က္ဆီးမႈမ်ား ျပဳလုပ္ လ်က္ရွိရာ ၾသဂုတ္ ၁၇ ရက္ညေန ၅ နာရီခန္႕တြင္  လား႐ိႈး-သိန္းနီ- ကြမ္းလံု ျပည္ေထာင္စု လမ္းမႀကီးေပၚရွိ နားတီးေက်းရြာအထြက္ အရွည္ ၅၀ ေပ၊ အက်ယ္ ၂၅ ေပရွိ ၃၁ မိုင္ သံကြန္ကရစ္တံတားအားလည္း အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕က ထပ္မံမုိင္းေထာင္ေဖာက္ခြဲ ခဲ့သျဖင့္ တံတားမွာ ပ်က္စီးခဲ့ၿပီး လမ္းပန္းဆက္သြယ္မႈမ်ား ျပတ္ေတာက္သြားခဲ့သည္။

အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕သည္ ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္ေရးတြင္ အဓိကက်ေသာ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ ဂုတ္တြင္းတံတား၊ (၄၁)မုိင္တံတား၊ မန္တံုစြန္တံတားႏွင့္ နားတီးရြာ အထြက္တံတား အပါအ၀င္ တံတား ၄ စင္းတုိ႕အား ၾသဂုတ္ ၁၅ ရက္ႏွင့္ ၁၇ ရက္တို႔တြင္ ေဒသအတြင္းလမ္းပန္းဆက္သြယ္မႈျဖတ္ေတာက္၍ ၿမိဳ႕/ရြာမ်ားအား ေႏွာင့္ယွက္ဖ်က္ဆီးရန္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း ေတြ႕ရွိရသည္။

ထုိ႔အျပင္ ယေန႔နံနက္ပုိင္းတြင္လည္ ကြတ္ခိုင္ၿမိဳ႕အား နံနက္ ၁၀ နာရီ ခန္႕တြင္ အေ၀းမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္၍တုိက္ခုိက္ရန္ ၿမဳိ႕၏ အေနာက္ေတာင္ဘက္  ေနရာ ၃ ေနရာမွ ခ်ဥ္းကပ္လာေသာ ေသာင္းက်န္းသူအဖြဲ႕ အင္အား ၁၅၀ ဦးခန္႔အား  တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္ တုိက္ခုိက္ခဲ့၍ ေသာင္းက်န္းသူမ်ား အက်အဆံုးမ်ားစြာျဖင့္ ဆုတ္ခြာထြက္ေျပးသြားသည္။ လားရႈိး - ကြတ္ခုိင္ - နမ့္ဖတ္ကာ-မူဆယ္ ႏွင့္ သိန္းနီ-ကြမ္းလံုသြား ျပည္ေထာင္စု လမ္းမႀကီး တစ္၀ုိက္၌လည္း လံုၿခံဳေရးႏွင့္ နယ္ေျမစုိးမုိးေရး ေဆာင္ရြက္ေနေသာ တပ္မေတာ္ စစ္ေၾကာင္းမ်ားႏွင့္ ထိေတြ႕တုိက္ပြဲ ၄ ႀကိမ္ ျဖစ္ပြားခဲ့သည္။

တပ္မေတာ္အေနျဖင့္ အဆိုပါတံတားမ်ား အျမန္ဆံုးျပန္လည္တည္ေဆာက္ႏိုင္ေရးႏွင့္ လမ္းပန္း ဆက္သြယ္မႈမျပတ္ေတာက္ေစေရးအပါအ၀င္ ၄င္းေဒသမ်ား၏ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမုိးေရးတုိ႔အတြက္ တပ္မေတာ္ စစ္ေၾကာင္းမ်ားက လိုအပ္သည့္လံုၿခံဳေရးလုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူအသုံးပြုလျက်ရှိသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နားတီးကျေးရွာအထွက်တံတားအား ထပ်မံမိုင်းခွဲဖျက်ဆီး၊ တပ်မတော်စစ်ကြောင်းများဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

နေပြည်တော်၊ သြဂုတ် - ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ် အတွင်းရှိ တံတား များအား AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက  မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ် လျက်ရှိရာ သြဂုတ် ၁၇ ရက်ညနေ ၅ နာရီခန့်တွင်  လားရှိုး-သိန်းနီ- ကွမ်းလုံ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နားတီးကျေးရွာအထွက် အရှည် ၅၀ ပေ၊ အကျယ် ၂၅ ပေရှိ ၃၁ မိုင် သံကွန်ကရစ်တံတားအားလည်း အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ထပ်မံမိုင်းထောင်ဖောက်ခွဲ ခဲ့သဖြင့် တံတားမှာ ပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်သွားခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတား၊ (၄၁)မိုင်တံတား၊ မန်တုံစွန်တံတားနှင့် နားတီးရွာ အထွက်တံတား အပါအဝင် တံတား ၄ စင်းတို့အား သြဂုတ် ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ဒေသအတွင်းလမ်းပန်းဆက်သွယ်မှုဖြတ်တောက်၍ မြို့/ရွာများအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း တွေ့ရှိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည် ကွတ်ခိုင်မြို့အား နံနက် ၁၀ နာရီ ခန့်တွင် အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍တိုက်ခိုက်ရန် မြို့၏ အနောက်တောင်ဘက်  နေရာ ၃ နေရာမှ ချဉ်းကပ်လာသော သောင်းကျန်းသူအဖွဲ့ အင်အား ၁၅၀ ဦးခန့်အား  တပ်မတော်စစ်ကြောင်းများက ပြန်လည် တိုက်ခိုက်ခဲ့၍ သောင်းကျန်းသူများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားသည်။ လားရှိုး - ကွတ်ခိုင် - နမ့်ဖတ်ကာ-မူဆယ် နှင့် သိန်းနီ-ကွမ်းလုံသွား ပြည်ထောင်စု လမ်းမကြီး တစ်ဝိုက်၌လည်း လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့သည်။

တပ်မတော်အနေဖြင့် အဆိုပါတံတားများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးနှင့် လမ်းပန်း ဆက်သွယ်မှုမပြတ်တောက်စေရေးအပါအဝင် ၎င်းဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် တပ်မတော် စစ်ကြောင်းများက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

Recent News