မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ားအတြက္ အလွဴေငြႏွင့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္

မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ားအတြက္ အလွဴေငြႏွင့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၈

မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ အတြင္းရွိ ေရေဘးသင့္ျပည္သူမ်ား အတြက္ အလွဴေငြႏွင့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္လွဴဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ ေအာင္ဆန္းခန္းမ၌ ျပဳလုပ္ရာ တိုင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမိုးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ေစတနာရွင္၊ အလွဴရွင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာ အလွဴရွင္တစ္ဦးက ေရေဘးသင့္ ျပည္သူမ်ားအတြက္ အလွဴေငြမ်ားႏွင့္ ေထာက္ပ့ံပစၥည္းမ်ား ေပးအပ္လွဴဒါန္းရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္း ေျပာၾကားသည္။

ထို႔ေနာက္ အလွဴရွင္မ်ားက ေရေဘးသင့္ ျပည္သူမ်ားအတြက္ အလွဴေငြႏွင့္ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္လွဴဒါန္းရာ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက လက္ခံရယူၿပီး ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားသည္။ အဆိုပါ အလွဴေငြႏွင့္ ေထာက္ပံ့ပစၥည္းမ်ားကို မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔ရွိ ေရေဘးသင့္ျပည္သူမ်ားထံ ဆက္လက္ေပးပို႔ လွဴဒါန္းသြားမည္ျဖစ္သည္။

အလားတူ ေရေဘးသင့္ျပည္သူမ်ား အတြက္ အနယ္နယ္ အရပ္ရပ္ရွိ ေစတနာရွင္ အလွဴရွင္မ်ားမွ ေပးပို႔လွဴဒါန္းေသာ စားေသာက္ဖြယ္ရာမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ဳိးစုံ တို႔ကို အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္၊ နယ္ေျမခံတပ္နယ္မ်ားရွိ တာဝန္ရွိသူမ်ားက ေပးအပ္လွဴဒါန္းလ်က္ ရွိရာ ယေန႔နံနက္ပိုင္းတြင္ မြန္ျပည္နယ္၊ က်ဳိက္မေရာၿမိဳ႕နယ္၊ ဘိန္းေဗ်ာေက်းရြာ အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ား အသုံးျပဳရန္   ဂက္စ္မီးဖိုႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို လည္းေကာင္း၊  ၾသဂုတ္ ၁၇ ရက္ မြန္းလြဲပိုင္းတြင္ ကရင္ျပည္နယ္၊ က်ဳံဒိုးၿမိဳ႕၊ အေျခခံပညာ အထက္တန္းေက်ာင္းႏွင့္ ဓမၼသုခဘုန္းႀကီးေက်ာင္းတို႔ရွိ ေရေဘးသင့္ျပည္သူ ၁၃၄၅ ဦးအတြက္ ျခင္ေထာင္၊ ေစာင္၊ အဝတ္အထည္၊ စားေသာက္ဖြယ္ရာႏွင့္ အသုံးအေဆာင္မ်ားကို လည္းေကာင္း၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဓႏုံးေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းရွိ ေရေဘးသင့္ျပည္သူ ၁၇ဝ၂ ဦးအတြက္ ျခင္ေထာင္၊ ေစာင္၊ အဝတ္အထည္၊ စားေသာက္ဖြယ္ရာႏွင့္ အသုံးအေဆာင္မ်ားကို လည္းေကာင္း နယ္ေျမခံတပ္နယ္မ်ားရွိ တာဝန္ရွိသူမ်ားက ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္းႏွင့္ ေဒသအသီးသီးမွ ေပးပို႔လွဴဒါန္းေသာ စားေသာက္ဖြယ္ရာမ်ားႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားကို နယ္ေျမခံတပ္မေတာ္သားမ်ားက ၾကာအင္းဆိပ္ႀကီး ၿမိဳ႕လယ္ဓမၼာ႐ုံသို႔ ကူညီ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

နေပြည်တော်  သြဂုတ်  ၁၈

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်၊ အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ အလှူရှင်တစ်ဦးက ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် အလှူရှင်များက ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူများထံ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်သည်။

အလားတူ ရေဘေးသင့်ပြည်သူများ အတွက် အနယ်နယ် အရပ်ရပ်ရှိ စေတနာရှင် အလှူရှင်များမှ ပေးပို့လှူဒါန်းသော စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ တို့ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်များရှိ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းလျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ အတွင်းရှိ ရေဘေးသင့် ပြည်သူများ အသုံးပြုရန်   ဂက်စ်မီးဖိုနှင့် အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း၊  သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် ဓမ္မသုခဘုန်းကြီးကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူ ၁၃၄၅ ဦးအတွက် ခြင်ထောင်၊ စောင်၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်များကို လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဓနုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ ၁၇ဝ၂ ဦးအတွက် ခြင်ထောင်၊ စောင်၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်များကို လည်းကောင်း နယ်မြေခံတပ်နယ်များရှိ တာဝန်ရှိသူများက ပေးအပ် လှူဒါန်းခဲ့ကြောင်းနှင့် ဒေသအသီးသီးမှ ပေးပို့လှူဒါန်းသော စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများကို နယ်မြေခံတပ်မတော်သားများက ကြာအင်းဆိပ်ကြီး မြို့လယ်ဓမ္မာရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News