ခႏၲီးၿမိဳ႔၊ နားေမတၲာ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္

ခႏၲီးၿမိဳ႔၊ နားေမတၲာ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၈

စစ္ကိုင္းတုိင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕၊ နားေမတၱာ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)ရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ၾသဂုတ္ ၁၇ ရက္ နံနက္ ပိုင္းတြင္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်ာင္း(ခြဲ)၌ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၂၄၈ ဦးကို အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ ေရသန္႔ရွင္းေရး စစ္ေဆးေပးျခင္း၊ ECG  စက္ျဖင့္ ႏွလံုး စမ္းသပ္ေပးျခင္းႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ၊ အေရျပားေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ႏွလံုးေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍   လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး တစ္ကိုယ္ေရ သန္႔ရွင္းေရးႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါအေၾကာင္း က်န္းမာေရးအသိပညာေပး   ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေက်ာင္းပတ္ဝန္းက်င္ သန္႔ရွင္းသာယာ လွပ ေစေရး အတြက္ ေပါင္းျမက္မ်ား ရွင္းလင္းေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ခန္တီးမြို့၊ နားမေတ္တာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ နားမေတ္တာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို သြဂုတ် ၁၇ ရက် နံနက် ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း(ခွဲ)၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄၈ ဦးကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ် ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ ECG  စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး   ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် နယ်မြေခံ တပ်မတော်သားများက ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပ စေရေး အတွက် ပေါင်းမြက်များ ရှင်းလင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News