ကန္ႀကီးေထာင့္ၿမိဳ႔နယ္၊ ဝက္ထိုးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ကန္ႀကီးေထာင့္ၿမိဳ႔နယ္၊ ဝက္ထိုးေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၈

ဧရာဝတီတိုင္းေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္၊ ဝက္ထိုးေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားကို ၾသဂုတ္ ၁၇ ရက္တြင္ အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာအေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၂၃ဝ ဦးႏွင့္ ေဒသခံျပည္သူ ၃၅၅ ဦးတို႔အား Ultrasound  ႐ိုက္ေပးျခင္း၊ ECG  စက္ျဖင့္ ႏွလံုးစမ္းသပ္ေပးျခင္းႏွင့္ ခြဲစိတ္ကုသမႈ ဆိုင္ရာေရာဂါ၊ မ်က္စိေရာဂါ၊  အ႐ိုး/အေၾကာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား သြားႏွင့္ ခံတြင္းေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

ကန်ကြီးထောင့်မြို့နယ်၊ ဝက်ထိုးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝက်ထိုးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကို သြဂုတ် ၁၇ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၂၃ဝ ဦးနှင့် ဒေသခံပြည်သူ ၃၅၅ ဦးတို့အား Ultrasound  ရိုက်ပေးခြင်း၊ ECG  စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းနှင့် ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊  အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား သွားနှင့် ခံတွင်းရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

Recent News