ပုသိမ္ၿမိဳ႔၌ ၾကက္ဥ၊ ဘဲဥ၊ ႏြားႏုိ့၊ ဟင္းသီးဟင္းရြက္မ်ား၊ တပ္မေတာ္စက္႐ံုထုတ္ စားေသာက္ကုန္ ပစၥည္းမ်ား ေရာင္းခ်

ပုသိမ္ၿမိဳ႔၌ ၾကက္ဥ၊ ဘဲဥ၊ ႏြားႏုိ့၊ ဟင္းသီးဟင္းရြက္မ်ား၊ တပ္မေတာ္စက္႐ံုထုတ္ စားေသာက္ကုန္ ပစၥည္းမ်ား ေရာင္းခ်

ေနျပည္ေတာ္  ၾသဂုတ္  ၁၈

တပ္မေတာ္သား မိသားစုဝင္မ်ားႏွင့္ ေဒသခံ ျပည္သူမ်ား စားေသာက္ေရး အဆင္ေျပၿပီး ေငြေၾကးသက္သာမႈ ရွိေစရန္ႏွင့္ ေဒသတြင္း စားေသာက္ကုန္ေစ်းႏႈန္း တည္ၿငိမ္မႈရွိရန္ တစ္ဖက္တစ္လမ္းမွ  အေထာက္အကူျပဳႏုိင္ရန္ ရည္ရြယ္၍   တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ  ထြက္ရွိသည့္ အသား၊ ငါး၊ အသီးအရြက္၊ ၾကက္ဥ၊ ဘဲဥမ်ားကို   ျပင္ပေပါက္ေစ်းထက္   သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိသည္။

ထုိသုိ႔ေရာင္းခ်ေပးလ်က္ရွိရာ ၾသဂုတ္၁၃ ရက္မွ ၾသဂုတ္ ၁၇ ရက္အထိ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္၊ စံျပဘက္စံုစိုက္ပ်ဳိး ေမြးျမဴေရးၿခံႏွင့္ ပုသိမ္တပ္နယ္ရွိ တပ္မ ေတာ္သား မိသားစုမ်ား၏ တစ္ပိုင္တစ္ႏုိင္ စိုက္ပ်ဳိးေမြးျမဴေရးၿခံ မ်ားမွ ထြက္ရွိသည့္ ၾကက္ဥ ၉ဝဝဝ လံုး၊  ဘဲဥ ၃၅ဝဝ လံုး၊ႏြားႏုိ႔ ၂၈ ပိႆာႏွင့္ ဟင္းသီးဟင္းရြက္မ်ား၊ တပ္မေတာ္စက္႐ံုထုတ္ စားေသာက္ကုန္ ပစၥည္းမ်ားကို ဧရာဝတီတုိင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ရွိ တကၠသိုလ္ႏွင့္ အထက္တန္း ေက်ာင္းမ်ားမွ ပညာေရးဝန္ထမ္းမ်ား၊ ဌာနဆုိင္ရာ ဝန္ထမ္းမိသားစုမ်ားႏွင့္ စစ္မႈထမ္းေဟာင္း မိသားစုဝင္မ်ားအား ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ပုသိမ်မြို့၌ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများ ရောင်းချ

နေပြည်တော်  သြဂုတ်  ၁၈

တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများ စားသောက်ရေး အဆင်ပြေပြီး ငွေကြေးသက်သာမှု ရှိစေရန်နှင့် ဒေသတွင်း စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိရန် တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍   တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ  ထွက်ရှိသည့် အသား၊ ငါး၊ အသီးအရွက်၊ ကြက်ဥ၊ ဘဲဥများကို   ပြင်ပပေါက်ဈေးထက်   သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ သြဂုတ်၁၃ ရက်မှ သြဂုတ် ၁၇ ရက်အထိ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ စံပြဘက်စုံစိုက်ပျိုး မွေးမြူရေးခြံနှင့် ပုသိမ်တပ်နယ်ရှိ တပ်မ တော်သား မိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးခြံ များမှ ထွက်ရှိသည့် ကြက်ဥ ၉ဝဝဝ လုံး၊  ဘဲဥ ၃၅ဝဝ လုံး၊နွားနို့ ၂၈ ပိဿာနှင့် ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တက္ကသိုလ်နှင့် အထက်တန်း ကျောင်းများမှ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များအား ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News