ဟိုပုံးၿမိဳ႔နယ္၊ ေက်ာကၠခ်ား ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ဟိုပုံးၿမိဳ႔နယ္၊ ေက်ာကၠခ်ား ေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၈

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပအိုဝ္းကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပုံးၿမိဳ႕နယ္၊ မဲနယ္ေတာင္ေပၚရွိ ေက်ာကၠခ်ားေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္   အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာခန္းမ၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တိုင္းရင္းသားျပည္သူ၃၈၉ ဦးကို သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္း၊ ဓာတ္မွန္႐ိုက္ေပးျခင္း၊ECG စက္ျဖင့္ ႏွလုံးစမ္းသပ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို တိုင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ဦးစီးဥကၠ႒ ဦးခြန္စံလြင္တို႔က သြားေရာက္ၾကည့္႐ႈ အားေပးသည္။

ထို႔ေနာက္ ေက်ာကၠခ်ားေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားအား သြားေရာက္ေတြ႕ဆုံ၍ ေက်ာင္းဝတ္စုံႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ယင္းေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေက်းရြာရွိ တိုင္တစ္ရာ ေရွးေဟာင္းနမ္းဟုတ္ ဘုန္းႀကီးေက်ာင္းသို႔ သြားေရာက္၍ ေက်ာင္းထိုင္ဆရာေတာ္ ဘဒၵႏၲေမဓိယအား ဖူးေျမာ္၍ သကၤန္းအစရွိေသာ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး ေက်းရြာေန ေဒသခံတိုင္းရင္းသားမ်ား ပူေဇာ္ႏိုင္ရန္ အတြက္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ား ေပးအပ္လွဴဒါန္း ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ဟိုပုံးမြို့နယ်၊ ကျောက္ကချား ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ပေါ်ရှိ ကျောက္ကချားကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများကို ယနေ့နံနက်ပိုင်းတွင်   အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ၃၈၉ ဦးကို သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်တို့က သွားရောက်ကြည့်ရှု အားပေးသည်။

ထို့နောက် ကျောက္ကချားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံ၍ ကျောင်းဝတ်စုံနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျေးရွာရှိ တိုင်တစ်ရာ ရှေးဟောင်းနမ်းဟုတ် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမေဓိယအား ဖူးမြော်၍ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျေးရွာနေ ဒေသခံတိုင်းရင်းသားများ ပူဇော်နိုင်ရန် အတွက် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News