

နေပြည်တော်  သြဂုတ်  ၁၈


(Unicode Version)

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေသား ပြိုကျမှုဖြစ်ပေါ်ခဲ့သည့် လောင်းလုံးမြို့နယ်ရှိ မြတ်ရှင်မော်စေတီ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၈

တနင်္သာရီတိုင်း ဒေသကြီးအတွင်း   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားပြိုကျမှု ဖြစ်ပေါ်ခဲ့သည့် လောင်းလုံးမြို့နယ်၊ မြတ်ရှင်မော်စေတီဝင်း အတွင်း တင်ကျန်နေသော မြေစာများ၊ ကျောက်တုံးကျောက်ခဲများနှင့် အမှိုက်များ ဖယ်ရှားပေးခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ယနေ့တွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။         

    

Recent News