အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္း လက္ေဝွ့ၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုေပးပြဲျပဳလုပ္

အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္း လက္ေဝွ့ၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုေပးပြဲျပဳလုပ္

ေနျပည္ေတာ္  ၾသဂုတ္  ၂ဝ

အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္း လက္ေဝွ႔ၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုေပးပြဲကို ၾသဂုတ္ ၁၉ ရက္ ညေနပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ရွိ ပုသိမ္တပ္နယ္ အားကစားခန္းမ၌ ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္ရဲဝင္းဦးႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုဝင္မ်ား၊ ဒိုင္အဖြဲ႕ဝင္မ်ား၊ ၿပိဳင္ပြဲဝင္ အားကစားသမားမ်ားႏွင့္ အားကစား ဝါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဗိုလ္လုပြဲ ပြဲစဥ္ယွဥ္ၿပိဳင္ ကစားမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။ ထို႔ေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ တစ္ဦးခ်င္းဆု ရရွိသူမ်ား၊ အသင္းလိုက္ဆု ရရွိသူမ်ား၊ ဒိုင္အဖြဲ႕ဝင္မ်ားႏွင့္ ဒိုင္းဆုရရွိေသာ ေထာက္ပံ့ႏွင့္ ပို႔ေဆာင္ေရးတပ္ရင္း အသင္းတို႔ကို တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားက ဒိုင္းဆုႏွင့္ ဂုဏ္ျပဳဆုမ်ား အသီးသီး ေပးအပ္သည္။

အဆိုပါ လက္ေဝွ႔ၿပိဳင္ပြဲကို တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္အသင္း ရွစ္သင္းျဖင့္ ၾသဂုတ္၁၃ ရက္မွ ၁၉ ရက္အထိ ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်  သြဂုတ်  ၂ဝ

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ပုသိမ်တပ်နယ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆု ရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း အသင်းတို့ကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်သည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းဖြင့် သြဂုတ်၁၃ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News