ငါးႏွစ္ေအာက္ကေလးငယ္မ်ားႏွင့္ ကိုယ္၀န္ေဆာင္မိခင္မ်ားအား ဗီတာမင္ေအႏွင့္ သန္ခ်ေဆးတိုက္ေကၽြး

ငါးႏွစ္ေအာက္ကေလးငယ္မ်ားႏွင့္ ကိုယ္၀န္ေဆာင္မိခင္မ်ားအား ဗီတာမင္ေအႏွင့္ သန္ခ်ေဆးတိုက္ေကၽြး

ေနျပည္ေတာ္   ၾသဂုတ္   ၂၀

ႀတိဂံံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ က်ဳိင္းတံု တပ္နယ္ရွိ  အသက္ငါးႏွစ္ေအာက္ ကေလးငယ္မ်ားႏွင့္  ကိုယ္၀န္ေဆာင္ မိခင္မ်ားအား ဗီတာမင္ေအႏွင့္သန္ခ်ေဆးတိုက္ေကၽြးျခင္း ကို ၾသဂုတ္ ၁၉ ရက္ နံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္၊ ျပည္ၿငိမ္းေအး ခန္းမ၌ျပဳလုပ္ ရာ တိုင္းမွဴး ဗုိလ္ခ်ဳပ္ခင္လိႈင္ႏွင့္အဖြဲ႕၀င္မ်ား၊ ဌာနဆိုင္ရာမ်ား၊ မိခင္ႏွင့္ ကေလးမ်ား၊ ကိုယ္၀န္ ေဆာင္မိခင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားက ကေလး ငယ္မ်ားအား   ေဆးတိုက္ေကၽြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထို႔ေနာက္ ေဆးတိုက္ ေကၽြးရာတြင္ ႏွစ္ႏွစ္ေအာက္ကေလး ၁၂၅ ဦး၊  ႏွစ္ႏွစ္အထက္ႏွင့္  ငါးႏွစ္ေအာက္ကေလး ၃၃၄ ဦး၊ ကိုယ္၀န္ေဆာင္မိခင္ ၃၈ ဦးတို႔ကို  နယ္ေျမခံတပ္မေတာ္ေဆး႐ံုမွ  ေဆးကုသေရးအဖြဲ႕က ဗီတာမင္ေအႏွင့္ သန္ခ်ေဆးတိုက္ေကၽြးၾကသည္။

ယင္းသို႔ တိုက္ေကၽြးေနမႈမ်ားကို တိုင္းမွဴးႏွင့္ အဖြဲ႕၀င္မ်ားက    ၾကည့္႐ႈအားေပးၿပီး ကေလးကစားစရာမ်ား ေပးအပ္ ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ငါးနှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

နေပြည်တော်   သြဂုတ်   ၂၀

တြိဂံံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ တပ်နယ်ရှိ  အသက်ငါးနှစ်အောက် ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင် မိခင်များအား ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေးခြင်း ကို သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေး ခန်းမ၌ပြုလုပ် ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးများ၊ ကိုယ်ဝန် ဆောင်မိခင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကလေး ငယ်များအား   ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် ဆေးတိုက် ကျွေးရာတွင် နှစ်နှစ်အောက်ကလေး ၁၂၅ ဦး၊  နှစ်နှစ်အထက်နှင့်  ငါးနှစ်အောက်ကလေး ၃၃၄ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၃၈ ဦးတို့ကို  နယ်မြေခံတပ်မတော်ဆေးရုံမှ  ဆေးကုသရေးအဖွဲ့က ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးကြသည်။

ယင်းသို့ တိုက်ကျွေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက    ကြည့်ရှုအားပေးပြီး ကလေးကစားစရာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

Recent News