အုတ္တြင္းၿမိဳ႔႕နယ္၊ ေရသိုးဆည္အနီး၌ တစ္အုပ္တစ္မသစ္ေတာစုိက္ခင္း စုိက္ပ်ဳိး

အုတ္တြင္းၿမိဳ႔႕နယ္၊ ေရသိုးဆည္အနီး၌ တစ္အုပ္တစ္မသစ္ေတာစုိက္ခင္း စုိက္ပ်ဳိး

ေနျပည္ေတာ္  ၾသဂုတ္  ၂၀

သစ္ေတာႏွင့္သဘာ၀ပတ္၀န္းက်င္ေဂဟ စနစ္မ်ားေကာင္းမြန္ၿပီး ေျမဆီလႊာျပဳန္းတီးမႈႏွင့္ သဘာ၀ေဘးအႏၲရာယ္မ်ားကို တားဆီး ကာကြယ္ရာတြင္ အေထာက္အကူျဖစ္ေစရန္ အတြက္ တစ္အုပ္တစ္မသစ္ေတာစုိက္ခင္းမ်ား စုိက္ပ်ဳိးျခင္းကို ယေန႔ နံနက္ပုိင္းတြင္ ပဲခူးတုိင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္၊ ေရသိုးဆည္အနီး၌ျပဳလုပ္ရာ ေတာင္ပုိင္း တုိင္းစစ္ဌာနခ်ဳပ္၊ အုတ္တြင္း တပ္နယ္မွ အရာရွိ၊ စစ္သည္မ်ား၊ မိသားစု၀င္မ်ား၊ ဌာန ဆုိင္ရာမ်ား၊ ေဗာဓိကုန္းေက်းရြာ၊ အေျခခံ ပညာ အထက္တန္းေက်ာင္း(တပ္နယ္)မွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားတက္ေရာက္၍ ကၽြန္း ၁၀၀၀ ပင္၊ မေဟာ္ဂနီ ၁၀၀ ပင္၊  ယမေန ၁၀၀ ပင္၊ ပိေတာက္ ၁၂၈ ပင္ႏွင့္ မန္ဂ်န္ရွား ၁၀၀ ပင္စုစုေပါင္း ၁၄၂၈ ပင္ကုိ စုေပါင္း စိုက္ပ်ဳိးခဲ့ ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အုတ်တွင်းမြို့နယ်၊ ရေသိုးဆည်အနီး၌ တစ်အုပ်တစ်မသစ်တောစိုက်ခင်း စိုက်ပျိုး

နေပြည်တော်  သြဂုတ်  ၂၀

သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဂေဟ စနစ်များကောင်းမွန်ပြီး မြေဆီလွှာပြုန်းတီးမှုနှင့် သဘာဝဘေးအန္တရာယ်များကို တားဆီး ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် တစ်အုပ်တစ်မသစ်တောစိုက်ခင်းများ စိုက်ပျိုးခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရေသိုးဆည်အနီး၌ပြုလုပ်ရာ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အုတ်တွင်း တပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ ဌာန ဆိုင်ရာများ၊ ဗောဓိကုန်းကျေးရွာ၊ အခြေခံ ပညာ အထက်တန်းကျောင်း(တပ်နယ်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်၍ ကျွန်း ၁၀၀၀ ပင်၊ မဟော်ဂနီ ၁၀၀ ပင်၊  ယမနေ ၁၀၀ ပင်၊ ပိတောက် ၁၂၈ ပင်နှင့် မန်ဂျန်ရှား ၁၀၀ ပင်စုစုပေါင်း ၁၄၂၈ ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ ကြကြောင်း သတင်းရရှိသည်။

Recent News