အေရွ႔ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒုိင္း(အမ်ဳိးသား/ အမ်ဳိးသမီး) ေဘာ္လီေဘာၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

အေရွ႔ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒုိင္း(အမ်ဳိးသား/ အမ်ဳိးသမီး) ေဘာ္လီေဘာၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္   ၾသဂုတ္   ၂၀

အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၏ တိုင္းမွဴးဒုိင္း (အမ်ဳိးသား/အမ်ဳိးသမီး)ေဘာ္လီေဘာၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊  အားကစားခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အရာရွိ၊  စစ္သည္၊ မိသားစု မ်ား၊    ၿပိဳင္ပြဲ၀င္ အားကစားသမားမ်ား၊ ဒုိင္အဖြဲ႕၀င္မ်ားႏွင့္ အားကစား၀ါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ  တုိင္းမွဴးက  အဖြင့္အမွာစကား ေျပာၾကားသည္။  ထုိ႔ေနာက္  တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက အဖြင့္ပြဲ ပြဲစဥ္ ယွဥ္ၿပိဳင္ကစားမႈမ်ားကို ၾကည့္႐ႈ အားေပးၾကသည္။

အဆုိပါေဘာ္လီေဘာၿပိဳင္ပြဲကို တုိင္းစစ္ ဌာနခ်ဳပ္ကြပ္ကဲမႈေအာက္ရွိ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲ၀င္အမ်ဳိးသားအသင္း ၁၁ သင္း၊  အမ်ဳိးသမီးအသင္း ၁၁ သင္းတုိ႔ျဖင့္ ၾသဂုတ္၂၆ ရက္အထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း  သတင္းရရွိသည္။

(Unicode Version)

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်   သြဂုတ်   ၂၀

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊  အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊  စစ်သည်၊ မိသားစု များ၊    ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ  တိုင်းမှူးက  အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်  တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၁ သင်း၊  အမျိုးသမီးအသင်း ၁၁ သင်းတို့ဖြင့် သြဂုတ်၂၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

Recent News