အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးဒိုင္း လက္ေ၀ွ့ၿပိဳင္ပြဲ ဗုိလ္လုပြဲႏွင့္ဆုေပးပြဲျပဳလုပ္

အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးဒိုင္း လက္ေ၀ွ့ၿပိဳင္ပြဲ ဗုိလ္လုပြဲႏွင့္ဆုေပးပြဲျပဳလုပ္

ေနျပည္ေတာ္   ၾသဂုတ္   ၂၀

အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးဒိုင္း လက္ေ၀ွ႔ၿပိဳင္ပြဲ ဗုိလ္လုပြဲႏွင့္ဆုေပးပြဲကို ၾသဂုတ္ ၁၉ ရက္ ညေနပိုင္းတြင္မံုရြာၿမိဳ႕၊ တုိင္းစစ္ဌာနခ်ဳပ္ အားကစားခန္းမ၌  ျပဳလုပ္ရာ တိုင္းမွဴး ဗုိလ္ခ်ဳပ္ စိုးတင့္ႏိုင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစု၀င္ မ်ား၊ ဒိုင္အဖြဲ႕ ၀င္မ်ား၊ ၿပိဳင္ပြဲ၀င္အားကစားသမားမ်ားႏွင့္  အားကစား၀ါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဗိုလ္လုပြဲ ပြဲစဥ္ယွဥ္ၿပိဳင္ကစားမႈ မ်ားကို ၾကည့္႐ႈအားေပးၾကသည္။ ထို႔ေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ တစ္ဦးခ်င္း ဆုရရွိသူမ်ား၊  အသင္းလိုက္ဆုရရွိသူမ်ား၊  ဒိုင္အဖြဲ႕၀င္မ်ားႏွင့္ ဒိုင္းဆုရရွိေသာ မံုရြာ တပ္နယ္အသင္းတို႔ကို တိုင္းမွဴးႏွင့္အဖြဲ႕၀င္ မ်ားက ဒိုင္းဆုႏွင့္ဂုဏ္ျပဳဆုမ်ား အသီးသီး ေပးအပ္သည္။

အဆိုပါ လက္္ေ၀ွ႔ၿပိဳင္ပြဲကို တိုင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္  တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲ၀င္အသင္း ၁၀ သင္းျဖင့္ ၾသဂုတ္ ၁၂  ရက္မွ  ၁၉  ရက္အထိ  ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

နေပြည်တော်   သြဂုတ်   ၂၀

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို သြဂုတ် ၁၉ ရက် ညနေပိုင်းတွင်မုံရွာမြို့၊ တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌  ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ၊ ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်  အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်း ဆုရရှိသူများ၊  အသင်းလိုက်ဆုရရှိသူများ၊  ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော မုံရွာ တပ်နယ်အသင်းတို့ကို တိုင်းမှူးနှင့်အဖွဲ့ဝင် များက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်သည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်  တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် သြဂုတ် ၁၂  ရက်မှ  ၁၉  ရက်အထိ  ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Recent News