အမ္းၿမိဳ႕နယ္၊ ရြာသာယာေက်းရြာ၌ က်န္းမာေရးေစာင့္ရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

အမ္းၿမိဳ႕နယ္၊ ရြာသာယာေက်းရြာ၌ က်န္းမာေရးေစာင့္ရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၂ဝ

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ရွိ ရြာသာယာေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္   အေနာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်းရြာရွိ ဇိအုန္ႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္ဝတ္ျပဳေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံတုိင္းရင္းသားျပည္သူ ၁၆၁  ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၄ဝ ဦးတို႔ကို တစ္ကိုယ္ေရ သန႔္ရွင္းေရး စစ္ေဆးေပးျခင္း၊ ခြဲစိတ္ကုသမႈ ဆုိင္ရာေရာဂါ၊ ဖ်ားနာေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါ တို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းႏွင့္ Ultrasound စက္ျဖင့္ ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း  သတင္းရရွိသည္။

(Unicode Version)

အမ်းမြို့နယ်၊ ရွာသာယာကျေးရွာ၌ ကျန်းမာရေးစောင့်ရှာက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ရွာသာယာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင်   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဇိအုန်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝတ်ပြုကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၆၁  ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၄ဝ ဦးတို့ကို တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ ဖျားနာရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြော ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့် Ultrasound စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။

Recent News