

နေပြည်တော်  သြဂုတ်  ၂၀


(Unicode Version)

ရွှေကျင်မြို့၊ တရုတ္တန်းရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်း၌ သန့်ရှင်းရေးပြုလုပ်

နေပြည်တော်  သြဂုတ်  ၂၀

ပဲခူးတိုင်း ဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ရွှေကျင်ချောင်းရေ ဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ရွှေကျင်မြို့၊ တရုတ္တန်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ချောင်းရေ ကျသွားသဖြင့် ကျောင်းပြန် လည်ဖွင့်လှစ် သင်ကြားနိုင်ရေး အတွက် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရွှေကျင် တပ်နယ်မှ နယ်မြေခံ တပ်မတော် သားများက စာသင်ခန်းများအတွင်း တင်ကျန်နေသော သဲနုန်းများ၊ အမှိုက်များ ဖယ်ရှားပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် နေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။

Recent News