မေကြးတုိင္း ေဒသႀကီး၊ ေစတုတၱရာ ၿမိဳ့နယ္၌ တပ္မေတာ္နယ္လွည့္အထူးေဆးကုသေရးအဖြဲ့က က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္

မေကြးတုိင္း ေဒသႀကီး၊ ေစတုတၱရာ ၿမိဳ့နယ္၌ တပ္မေတာ္နယ္လွည့္အထူးေဆးကုသေရးအဖြဲ့က က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၂၀

မေကြးတုိင္းေဒသႀကီးအတြင္း ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္အထူးေဆးကုသေရးအဖြဲ႕သည္ ယေန႔တြင္ ေစတုတၱရာၿမိဳ႕ အမွတ္(၁)အေျခခံပညာ အလယ္တန္း ေက်ာင္း(ခြဲ)၌ အေျချပဳ၍လည္းေကာင္း၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕သည္ ေစတုတၱရာ ၿမိဳ႕နယ္၊ သက္လယ္ေက်းရြာ ရြာလယ္ဓမၼာ႐ံု ၌လည္းေကာင္း ပတ္၀န္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူ စုစုေပါင္း  ၈၆၉ဦးကို  က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ ေပးရာတြင္ ေဆးကုသမႈ ဆုိင္ရာေရာဂါ ၂၀၃ ဦး၊ ခြဲစိတ္ေရာဂါ ၅၃ဦး၊ ကေလးေရာဂါ ၆၄ ဦး၊ သားဖြား/ မီးယပ္ ေရာဂါ ၃၆ ဦး၊ အ႐ိုးေရာဂါ ၇၄ ဦး၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၆၈ ဦး၊ မ်က္စိ ေရာဂါ ၂၂၁ ဦး၊ သြားေရာဂါ ၃၇ ဦးႏွင့္ အေထြေထြေရာဂါ ၁၁၃ ဦးတုိ႔ကို လုိအပ္သည့္ေဆး၀ါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး  ၎တု႔ိအနက္မွ မ်က္စိ ခြဲစိတ္လူနာ ၁၀ ဦးႏွင့္ အေထြေထြ ခြဲစိတ္လူနာ ၁၂ဦးတုိ႔ကို ေရြ႕လ်ား ခြဲစိတ္ယာဥ္ျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ ေပးသည္။

ထုိ႔ျပင္ ဓာတ္မွန္႐ိုက္ လူနာ ၃၄ ဦး၊ တယ္လီေဗးရွင္းဓာတ္မွန္႐ိုက္လူနာ ၆၇ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ လူနာ ၁၈ ဦးႏွင့္ ဓာတ္ခြဲ စမ္းသပ္လူနာ  ၆၅ ဦးတုိ႔ကို ေရာဂါရွာေဖြစမ္းသပ္စစ္ေဆး ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ ေရာက္ကုသရန္လုိအပ္သူ ႏွစ္ဦးအား မေကြး ၿမိဳ႕ရွိ  တပ္မေတာ္ ေဆး႐ံုသို႔   တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးခ့ဲေၾကာင္း သတင္းရရွိသည္။          

(Unicode Version)

မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာ မြို့နယ်၌ တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၂၀

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် စေတုတ္တရာမြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)၌ အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် စေတုတ္တရာ မြို့နယ်၊ သက်လယ်ကျေးရွာ ရွာလယ်ဓမ္မာရုံ ၌လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း  ၈၆၉ဦးကို  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၀၃ ဦး၊ ခွဲစိတ်ရောဂါ ၅၃ဦး၊ ကလေးရောဂါ ၆၄ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၇၄ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၆၈ ဦး၊ မျက်စိ ရောဂါ ၂၂၁ ဦး၊ သွားရောဂါ ၃၇ ဦးနှင့် အထွေထွေရောဂါ ၁၁၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး  ၎င်းတု့ိအနက်မှ မျက်စိ ခွဲစိတ်လူနာ ၁၀ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၂ဦးတို့ကို ရွေ့လျား ခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၄ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၆၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ  ၆၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန်လိုအပ်သူ နှစ်ဦးအား မကွေး မြို့ရှိ  တပ်မတော် ဆေးရုံသို့   တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။         

Recent News