မယ္စဲ့ၿမိဳ႕နယ္အတြင္း မုိးသည္းထန္စြာရြာသြန္းမႈေၾကာင့္ မယ္စဲ့-ဘီပီ-၁၃ ကားလမ္းေဘးရွိ ေတာင္နံရံၿပိဳက်မႈအားကူညီေဆာင္ရြက္

မယ္စဲ့ၿမိဳ႕နယ္အတြင္း မုိးသည္းထန္စြာရြာသြန္းမႈေၾကာင့္ မယ္စဲ့-ဘီပီ-၁၃ ကားလမ္းေဘးရွိ ေတာင္နံရံၿပိဳက်မႈအားကူညီေဆာင္ရြက္

ေနျပည္ေတာ္ ၾသဂုတ္ ၂၃

ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္အတြင္း ၾသဂုတ္ ၂၁ ရက္ ညပုိင္းတြင္ မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ မယ္စဲ့-ဘီပီ-၁၃ ကားလမ္းေဘးရွိ ေတာင္နံရံၿပိဳက်၍ လမ္းပိတ္ဆုိ႔မႈမ်ား ျဖစ္ေပၚခဲ့သည္။

အဆုိပါလမ္းပိတ္ဆုိ႔မႈျဖစ္ေပၚခဲ့သည့္ ေနရာသို႔ ၾသဂုတ္ ၂၂ ရက္ နံနက္ပုိင္းတြင္ အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားႏွင့္ ျပည္သူ႔ေဆာက္လုပ္ေရးတံတား အထူးအဖြဲ႕တုိ႔ ပူးေပါင္း၍ ကားလမ္းေပၚရွိ ေျမစာမ်ား ဖယ္ရွားရွင္းလင္းေပးျခင္း၊ ေက်ာက္သားႏွင့္ေျမသားမ်ား ျပန္ဖုိ႔ေပးျခင္း၊ ေရစီးေရလာေကာင္းမြန္ေစေရး ေရေျမာင္းမ်ားတူးေဖာ္ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ သျဖင့္ ယခုအခါ ေမာ္ေတာ္ယာဥ္မ်ား ပံုမွန္သြားလာႏုိင္ၿပီျဖစ္ေၾကာင္းသတင္းရရွိသည္။

(Unicode Version)

မယ်စဲ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်စဲ့-ဘီပီ-၁၃ ကားလမ်းဘေးရှိ တောင်နံရံပြိုကျမှုအားကူညီဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၃

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်း သြဂုတ် ၂၁ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်စဲ့-ဘီပီ-၁၃ ကားလမ်းဘေးရှိ တောင်နံရံပြိုကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် နေရာသို့ သြဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ပြည်သူ့ဆောက်လုပ်ရေးတံတား အထူးအဖွဲ့တို့ ပူးပေါင်း၍ ကားလမ်းပေါ်ရှိ မြေစာများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ကျောက်သားနှင့်မြေသားများ ပြန်ဖို့ပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ သဖြင့် ယခုအခါ မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။

Recent News