ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ၾသဂုတ္ ၂၃

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ပညာေရးေကာလိပ္ေလ့က်င့္ေရးအလယ္တန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အေရွ႕ပုိင္းတုိင္းစစ္ ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမ ၂၄ ဦးႏွင့္ေက်ာင္းသား၊ ေက်ာင္းသူ ၉၁၀ ဦးတုိ႔ကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ ေသြးအုပ္စုခြဲျခားေပးျခင္း၊ သြားႏွင့္ခံတြင္း ေရာဂါ၊ ကေလးေရာဂါ၊ အေရျပားေရာဂါ၊ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္က်န္းမာေရးစစ္ေဆးကုသေပးျခင္း၊ ျခင္ခုိေအာင္းႏုိင္ေသာေနရာမ်ား၌ ျခင္ေဆးဖ်န္းေပးျခင္းႏွင့္ မုိးရာသီတြင္ျဖစ္ပြားတတ္ေသာေရာဂါမ်ားအေၾကာင္း က်န္းမာေရး အသိပညာေပးေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္အဖြဲ႕၀င္မ်ားက သြားေရာက္ ၾကည့္႐ႈအားေပးၿပီး လုိအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးသည္။

အလားတူ ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္၊ မယ္ဆည္နမ္ေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားမွ ေဒသခံတုိင္းရင္းသားျပည္သူ ၁၁၆ ဦးတုိ႔ကို တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပညာရေးကောလိပ်လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၂၄ ဦးနှင့်ကျောင်းသား၊ ကျောင်းသူ ၉၁၀ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားပေးခြင်း၊ သွားနှင့်ခံတွင်း ရောဂါ၊ ကလေးရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေးဖျန်းပေးခြင်းနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မယ်ဆည်နမ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူ ၁၁၆ ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News