ေမွာ္ဘီၿမိဳ႕နယ္၊ ေအာက္၀ါးနက္ေခ်ာင္းေက်းရြာရွိ ဓမၼဒူတေဇတ၀န္ေတာရ ေဆကိႏၵာရာမ ေက်ာင္းတိုက္မွ သံဃာေတာ္မ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေမွာ္ဘီၿမိဳ႕နယ္၊ ေအာက္၀ါးနက္ေခ်ာင္းေက်းရြာရွိ ဓမၼဒူတေဇတ၀န္ေတာရ ေဆကိႏၵာရာမ ေက်ာင္းတိုက္မွ သံဃာေတာ္မ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္ ၾသဂုတ္ ၂၃

ရန္ကုန္တုိင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ ေအာက္၀ါးနက္ေခ်ာင္းေက်းရြာရွိ ဓမၼဒူတေဇတ၀န္ေတာရ ေဆကိႏၵာရာမေက်ာင္းတုိက္ရွိ သံဃာေတာ္မ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်ာင္းတိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က သံဃာေတာ္ ၁၄၁ ပါးတို႔ကုိ ေသြးတိုးေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေက်ာင္းတိုက္အတြင္း ျခင္ခုိေအာင္းႏိုင္ေသာေနရာမ်ား၌ ျခင္ေဆးဖ်န္းျခင္းမ်ားေဆာင္ရြက္ေပးသည္။

ယင္းသုိ႔ေဆာင္ရြက္ေပးေနမႈမ်ားကို ေမွာ္ဘီတပ္နယ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ဓမၼဒူတေဇတ၀န္ေတာရေဆကိႏၵာရာမေက်ာင္းတုိက္၏ ပဓာနနာယက ဆရာေတာ္ ေဒါက္တာအရွင္ေဆကိႏၵအားဖူးေျမာ္၍ ဆြမ္းဆန္ေတာ္ ၄၀ အိတ္၊ ဆီ ၅၀ ပိႆာ၊ ၾကက္သြန္ ၄၀ ပိႆာ၊ ပဲ ၃၀ ပိႆာ၊ ဆား ၅၀ ပိႆာတို႔အား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်မှ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၄၁ ပါးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး ကျောင်းတိုက်အတွင်း ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဓမ္မဒူတဇေတဝန်တောရဆေကိန္ဒာရာမကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒအားဖူးမြော်၍ ဆွမ်းဆန်တော် ၄၀ အိတ်၊ ဆီ ၅၀ ပိဿာ၊ ကြက်သွန် ၄၀ ပိဿာ၊ ပဲ ၃၀ ပိဿာ၊ ဆား ၅၀ ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News