ခုိလမ္ၿမိဳ႕နယ္အတြင္း ေငြက်ပ္သိန္းေပါင္း ၁၅၀၀၀ တန္ဖိုးရွိ မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူအား ဖမ္းဆီးရမိ

ခုိလမ္ၿမိဳ႕နယ္အတြင္း ေငြက်ပ္သိန္းေပါင္း ၁၅၀၀၀ တန္ဖိုးရွိ မူးယစ္ေဆး၀ါးသယ္ေဆာင္လာသူအား ဖမ္းဆီးရမိ

ေနျပည္ေတာ္ ၾသဂုတ္ ၂၃

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခုိလမ္ၿမိဳ႕နယ္၊ နမ့္ေမာင္းေက်းရြာအနီး၌ လုံၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက ယာဥ္၀င္/ထြက္မႈမ်ားကို စစ္ေဆးေဆာင္ရြက္စဥ္ ယေန႔နံနက္ ၇ နာရီခန္႔တြင္ နမ့္စန္ၿမိဳ႕ဘက္မွ ခုိလမ္ၿမိဳ႕ဘက္သုိ႔ စိုင္းေဟာင္ႏူး(ဘ) ဦးစိုင္းလြေမာင္းႏွင္လာသည့္ မတ္တူးအမ်ဳိးအစား ေမာ္ေတာ္ယာဥ္အမွတ္၊ 3L/--- အား ရပ္တန္႔စစ္ေဆးရာ ယာဥ္ေနာက္ခန္းအတြင္း သယ္ေဆာင္လာ သည့္ အုိက္စ္အျဖဴေရာင္အခဲ ၆၀ ကီလိုဂရမ္(ခန္႔မွန္းတန္ဖိုးေငြက်ပ္သိန္းေပါင္း ၁၅၀၀၀)ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

အဆိုပါေမာ္ေတာ္ယာဥ္၊ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူအား တရားဥပေဒအရ အေရးယူ ေဆာင္ရြက္ႏုိင္ေရး ခုိလမ္နယ္ေျမရဲစခန္းသုိ႔ စနစ္တက်လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ခိုလမ်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၅၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်၊ နမ့်မောင်းကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများကို စစ်ဆေးဆောင်ရွက်စဉ် ယနေ့နံနက် ၇ နာရီခန့်တွင် နမ့်စန်မြို့ဘက်မှ ခိုလမ်မြို့ဘက်သို့ စိုင်းဟောင်နူး(ဘ) ဦးစိုင်းလွမောင်းနှင်လာသည့် မတ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 3L/--- အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း သယ်ဆောင်လာ သည့် အိုက်စ်အဖြူရောင်အခဲ ၆၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၅၀၀၀)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ခိုလမ်နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Recent News