မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္၌ တပ္မေတာ္နယ္လွည့္အထူးေဆးကုသေရးအဖ႔ြဲက က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္၌ တပ္မေတာ္နယ္လွည့္အထူးေဆးကုသေရးအဖ႔ြဲက က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္

ေနျပည္ေတာ္ ၾသဂုတ္ ၂၃

မေကြးတိုင္းေဒသႀကီးအတြင္းေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္အထူးေဆးကုသေရးအဖြဲ႕သည္ ယေန႔တြင္ မင္းဘူးခ႐ိုင္၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ေရွာက္ေတာေက်းရြာ၊ ျပည္လုံးခ်မ္းသာမုန္းစက္ေတာ္ရာ တတိယပါဒေစတီေတာ္၀င္း၌ အေျချပဳ၍လည္းေကာင္း၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕သည္ ပြင့္ျဖဴၿမိဳ႕နယ္၊ ေရပုတ္ႀကီးေက်းရြာ၌လည္းေကာင္း ပတ္၀န္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္သူ စုစုေပါင္း ၂၂၆၇ ဦးကို က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆိုင္ရာေရာဂါ ၄၁၇ ဦး၊ ခြဲစိတ္ေရာဂါ ၁၀၀ ဦး၊ ကေလးေရာဂါ ၇၄ ဦး၊ သားဖြား/မီးယပ္ေရာဂါ ၅၂ ဦး၊ အ႐ိုးေရာဂါ ၃၈၇ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၁၀၆ ဦး၊ မ်က္စိေရာဂါ ၈၆၀ ဦး၊ သြားေရာဂါ ၉၆ ဦးႏွင့္ အေထြေထြေရာဂါ ၁၇၅ ဦးတို႔ကို လိုအပ္သည့္ေဆး၀ါးကုသမႈမ်ားေဆာင္ရြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္လူနာႏွစ္ဦးႏွင့္ အေထြေထြခြဲစိတ္လူနာ ၁၇ ဦးတို႔ကုိ ေရြ႕လ်ားခြဲစိတ္ယာဥ္ျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၂၄ ဦး၊ တယ္လီေဗးရွင္းဓာတ္မွန္ ႐ိုက္လူနာ ၁၅ ဦး၊ ECG စက္ျဖင့္ ႏွလုံးစမ္းသပ္လူနာ သုံးဦးႏွင့္ ဓာတ္ခြဲစမ္းသပ္လူနာ ၆၅ ဦးတို႔ကို ေရာဂါရွာေဖြစမ္းသပ္စစ္ေဆးေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူ ႏွစ္ဦးအား မေကြးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖ့ွဲက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၃

မကွေးတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ၊ ပြည်လုံးချမ်းသာမုန်းစက်တော်ရာ တတိယပါဒစေတီတော်ဝင်း၌ အခြေပြု၍လည်းကောင်း၊ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ၌လည်းကောင်း ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၂၂၆၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၁၇ ဦး၊ ခွဲစိတ်ရောဂါ ၁၀၀ ဦး၊ ကလေးရောဂါ ၇၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၂ ဦး၊ အရိုးရောဂါ ၃၈၇ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၀၆ ဦး၊ မျက်စိရောဂါ ၈၆၀ ဦး၊ သွားရောဂါ ၉၆ ဦးနှင့် အထွေထွေရောဂါ ၁၇၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာနှစ်ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၇ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၄ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန် ရိုက်လူနာ ၁၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ သုံးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ နှစ်ဦးအား မကွေးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News