အဖ်က္ရန္မ်ဳိး ပယ္လွန္ခ်ဳိးမည္ တိုင္းက်ဳိး ေဆာင္ရြက္ ျပည္သူ႕အတြက္ (ယမန္ေန႔မွအဆက္)

အဖ်က္ရန္မ်ဳိး ပယ္လွန္ခ်ဳိးမည္ တိုင္းက်ဳိး ေဆာင္ရြက္ ျပည္သူ႕အတြက္

(ယမန္ေန႔မွအဆက္)

ဦးေသာင္းျမင့္ထြန္း(အင္ဂ်င္နီယာခ်ဳပ္၊ ၿမိဳ႕ျပ)

လမ္းဦးစီးဌာန၊ ေဆာက္လုပ္ေရး၀န္ႀကီးဌာန ကၽြန္ေတာ္တို႔ လမ္းဦးစီးဌာန အေနနဲ႔ကေတာ့ တစ္ႏိုင္ငံလံုးမွာရွိတဲ့ လမ္းေတြကို အဓိကေတာ့ လမ္း ပန္းဆက္သြယ္ေရးလံုၿခံဳေခ်ာေမြ႕ေစေရးနဲ႔  ျမန္ဆန္ေစေရးအတြက္    အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းေတြ  ေဆာင္ရြက္လ်က္ရွိပါတယ္။   ဒီမိုင္းခြဲခံရတဲ့တံတား ျပင္ဆင္ျခင္းလုပ္ငန္းကို ကၽြန္ေတာ္တို႔ ေဘလီတံတား ထိုးတယ္။ ႏွစ္လမ္းသြား ၂၄ ေပအက်ယ္၊ ေပ ၂၁၀ ရွိ ၿပီးေတာ့ ယာဥ္သြားလမ္းအက်ယ္က ၂၄ ေပအက်ယ္၊  ေဘလီထုိးတဲ့လုပ္ငန္းနဲ႔  ခ်ဥ္းကပ္လမ္းလုပ္ငန္းကို  အျမန္ဆံုးသြားလာႏိုင္ဖို႔အတြက္ လာၿပီး ေတာ ့ေဆာင္ရြက္ ေနတာျဖစ္ပါတယ္။    မႏၱေလး -လား႐ႈိး-မူဆယ္- သိန္းနီ-ေလာက္ကိုင္၊ ဒီလမ္းတစ္ေၾကာလံုးမွာ ကုန္စည္ စီးဆင္းမႈအတြက္ အရမ္းကိုအေရးပါတဲ့လမ္းတစ္ လမ္းျဖစ္ပါတယ္။ လား႐ိႈးနဲ႔ သိန္းနီ၊ ကြမ္းလံုဘက္မွာ လည္းတံတားသံုးစင္းမိုင္းခဲြ ခံရတာရွိပါတယ္။ ဒါေၾကာင့္မို႔   လမ္းဦးစီးဌာနနဲ႔ တံတားဦးစီးဌာနမွ ကၽြန္ေတာ္တို႔ေန႔ေရာ၊ ညေရာ ဒီလမ္းကိုအျမန္ဆံုး သြားလာႏိုင္ဖို႔ အတြက္  ေဆာင္ရြက္ေန တာျဖစ္ပါတယ္။  အဲဒီလို ေဆာင္ရြက္ေနဖို႔အတြက္   ကၽြန္ေတာ္တို႔   ဒီကေန တပ္မေတာ္က အဖြဲ႕ေတြ ေရာ၊  ျပည္သူ႔ရဲ အဖြဲ႕ေတြေရာ အားလံုး   ကၽြန္ေတာ္တို႔ကိုလံုၿခံဳေရးယူေပးထားတာျဖစ္ပါတယ္။

ဦးေရႊေလး(ၫႊန္ၾကားေရးမွဴးခ်ဳပ္၊ တံတားဦးစီးဌာန၊ ေဆာက္လုပ္ေရး၀န္ႀကီးဌာန)

၂၀၁၉ ခုႏွစ္အတြင္းမွာေတာ့ သဘာ၀ေဘးဒဏ္လည္း ခံရပါတယ္။ အခုလိုမ်ဳိး ေႏွာင့္ယွက္ဖ်က္ဆီးမႈေၾကာင့္ တံတားေတြ ခ်ဳိးဖ်က္တာကိုလည္း ခံရပါတယ္။ မူလတံတားက  ေပ  ၂၀၀   ပ်က္စီးသြားတဲ့အခါမွာ ေအာက္ကတိုင္ေတြကလည္း စိတ္ခ်ရတဲ့ အေနအထား မရွိေတာ့ပါဘူး။ အဲဒါကိုငံုၿပီးေတာ့ ေပ ၂၁၀ ရွည္တဲ့ ေဘလီတံတားျပန္ေဆာက္မယ္ဆိုရင္    အနည္းဆံုး ေျခာက္လၾကာျမင့္မွာျဖစ္တဲ့အတြက္  ကၽြန္ေတာ္တို႔  တံတားဦးစီးဌာနကေတာ့ ဒီဟာကိုစတင္ျဖစ္ပြားတဲ့ ေန႔က စၿပီးေတာ့ ငါးရက္အတြင္းအၿပီးတည္ေဆာက္မယ္လို႔ ၀န္ႀကီးဌာနက သႏိ္ၷ႒ာန္ခ်မွတ္ၿပီး အခုျမင္ေတြ႕ရတဲ့ အတိုင္းပဲ အၾကမ္းဖ်င္း ေပ ၂၁၀ ကို ေဘလီသံေပါင္ ေတြကို ဒီဘက္ကမ္းအေရာက္ တံတားထိုးႏိုင္ေနၿပီျဖစ္ ပါတယ္။ တံတား ဦးစီးဌာနအေနနဲ႔ ဘယ္လိုပဲ သဘာ၀ ေဘးဒဏ္ပဲျဖစ္ျဖစ္၊ ဘယ္လိုမ်ဳိး ေသာင္းက်န္းသူေတြရဲ႕ ေႏွာင့္ယွက္ ဖ်က္ဆီးမႈ မ်ဳိးပဲခံရခံရ ကၽြန္ေတာ္တို႔အေနနဲ႔  တံတားသမားမ်ားျဖစ္တာနဲ႔အညီ တံတားေတြကို အျမန္ဆံုး ျပည္သူ ေတြျပန္လည္ အသံုးျပဳႏိုင္ေအာင္  တည္ေဆာက္ေပးသြားရမွာပဲျဖစ္ပါတယ္။

ဦးေက်ာ္သီဟ(ၫႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ)၊ လမ္းဦးစီးဌာန၊ ေဆာက္လုပ္ေရး၀န္ႀကီးဌာန)

ကၽြန္ေတာ္တုိ႔ ဒီဂုတ္တြင္းတံတားကုိ ေဘလီတံတား ခ်ဥ္းကပ္လမ္းေဆာင္ရြက္မယ့္အေနအထားကုိ ရွင္းျပေပးမွာျဖစ္ပါ တယ္။ ဒီဂုတ္တြင္းတံတား ခ်ဥ္းကပ္လမ္း အေနျဖင့္   ကၽြန္ေတာ္တုိ႔ ေနာင္ခ်ဳိဘက္ကမ္းမွာ ၂၂၅ ေပ ကုိ   Steel beams  stabilize method နဲ႔ ေဆာင္ရြက္သြားမွာျဖစ္သလုိ ေက်ာက္မဲဘက္ကမ္း မွာ ၁၀၅ ေပ ကုိ  Steel beams  stabilize method ျဖင့္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ခ်ဥ္းကပ္လမ္း ေဆာင္ရြက္မယ့္အခ်ိန္ကေတာ့  ကုိးနာရီ ခန္႔ၾကာမွာ ျဖစ္ပါတယ္။ ျပည္သူေတြအသုံးျပဳေနတဲ့ လမ္းတံတားအေဆာက္အအုံေတြကုိ  ကၽြန္ေတာ္တုိ႔ကာကြယ္ ေစာင့္ေရွာက္ ေနတဲ့ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕၀င္မ်ားဂုတ္တြင္းတံတားမွာ ဆုံး႐ႈံးသြားတဲ့တပ္ဖြဲ႕၀င္အားလုံးကုိ ၀မ္းနည္း မိပါတယ္။ မိသားစုေတြနဲ႔ ထပ္တူ၀မ္းနည္း ခဲ့ရပါတယ္။

ဦးစုိးႏုိင္(ေဒသခံ၊ ေနာင္ခ်ဳိၿမိဳ႕)

ကၽြန္ေတာ္ကေတာ့ ေနာင္ခ်ဳိေဒသခံတစ္ဦးျဖစ္ပါတယ္။  ေနာင္ခ်ဳိမွာႀကီးျပင္းလာၿပီး  အခုဆုိရင္  အသက္ ၅၀ ရွိၿပီ  တစ္သက္နဲ႔ တစ္ကုိယ္  တစ္ခါမွ ဒီလုိမ်ဳိးမႀကဳံဖူးဘူး။  ဒီတစ္နယ္လုံး  မႀကဳံဖူးတဲ့အခါ က်ေတာ့ အားလုံးက စိတ္ထဲမွာႀကိမ္ မီးအုံးေနရသလုိ ျဖစ္ေနၿပီး အားလုံးတြက္ၾကည့္မယ္ဆုိရင္ ကေလးေတြဆုိရင္ ေက်ာင္းေတြပိတ္ရတယ္။     ဘယ္ေနရာ၊  ဘယ္အခ်ိန္မွာလာမယ္မွန္းမသိေတာ့ အထိတ္တလန္႔ ျဖစ္ေနရတယ္။ စီးပြားေရးတစ္ခုတည္းထိခုိက္႐ုံတင္မဟုတ္ဘဲ က်န္တာေတြပါထိခုိက္ ကုန္တယ္။ ၾကက္ေျခနီကားကုိလုပ္တာကုိ MNDAA လုပ္တာ တစ္ခါႀကဳံဖူးတယ္။ အခုတစ္ခါျဖစ္တယ္။ ဒါကေတာ့ မျဖစ္သင့္ ဘူး။ အဲဒီေန႔ ျဖစ္တဲ့အျဖစ္အပ်က္ဆုိရင္  လျပည့္ေန႔ႀကီး မလုပ္သင့္ဘူး။    ျပည္သူလူထု တစ္ေယာက္အေနနဲ႔  သူတုိ႔ကုိေျပာရမွာ ကၽြန္ေတာ့္တာ၀န္ပါ။ ကၽြန္ေတာ္တုိ႔လည္း ဒီက်ည္ဆန္ေတြ ၾကားက ေမာင္းလာရတာ  ကၽြန္ေတာ္ပါ ပါေသးတယ္။    ပစ္ေနခတ္ေနတုန္းမုိ႔  ႀကိဳဖုိ႔လုပ္တယ္။ သုိ႔ေသာ္လည္း ေသြးထြက္ လြန္ၿပီး မေသသင့္ဘဲ ေသသြားတယ္။  ဒါကုိ ျပည္သူလူထု တစ္ေယာက္အေနနဲ႔   ကၽြန္ေတာ္ကန္႔ကြက္ ႐ႈတ္ခ် ပါတယ္။

ေဒၚျမဖူးႏြယ္ (ေဒသခံ၊ ေနာင္ခ်ဳိၿမိဳ႕)

ၾကားရတဲ့သတင္းကေတာ့  ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ရပါတယ္။ စီးပြားေရး၊  လူမႈေရး၊  ကေလးေတြေက်ာင္း ကိစၥက အစ အၿမဲတမ္းစိုးတထိတ္ ထိတ္နဲ႔ ေနခဲ့ရပါတယ္ရွင့္။ ဒါေၾကာင့္မို႔လည္း ဒီလို  တိုက္ပြဲေတြ ေနာက္ထပ္မျဖစ္ေစဖို႔ အတြက္ တပ္မေတာ္ ကိုလည္း အားကိုးပါတယ္။ ေနာက္တစ္ခုေျပာခ်င္တာ ကေတာ့  အခုေနာင္ခ်ဳိၿမိဳ႕မွာဆိုရင္   တစ္ေန႔လုပ္ တစ္ေန႔စားေတြလည္းရွိတယ္။ ၿပီးေတာ့ ငါးရက္တစ္ေစ်း သြားေနတဲ့  ေစ်းဗန္းအဖြဲ႕ေတြလည္းရွိတယ္။  အဲဒီေစ်းဗန္းအဖြဲ႕ေတြဟာဆိုရင္  ကားလမ္းေၾကာင္းေတြ လည္း အကုန္ပိတ္ထားတဲ့အတြက္  ဘယ္ေနရာမွာဖမ္း မလဲ၊ ဘယ္ေနရာမွာဆြဲမလဲဆိုတဲ့ စိုးထိတ္မႈေတြနဲ႔  ကားေတြလည္းရပ္ထားရပါတယ္။ ေစ်းေတြလည္းသြား မေရာင္းရပါဘူး။ အခုလိုမသြားရတဲ့အတြက္ အရမ္းကို ခက္ခဲေနၾကပါတယ္။ ထပ္လည္းမျဖစ္ေစခ်င္ေတာ့ဘူး။ ကၽြန္မေနာက္ဆံုး ေျပာခ်င္တာ ကေတာ့     ၿငိမ္းခ်မ္း မႈကိုပဲလိုခ်င္တယ္။ အဓိက ကၽြန္မတို႔ရင္ထဲမွာရွိတာ ကေတာ့ တပ္မေတာ္ကို တကယ္ပဲ လိုလားပါတယ္။

ဦးခ်ဳိတူး (ျဖဴစင္ေမတၱာလူမႈကူညီေရးအသင္း၊  ေနာင္ခ်ဳိၿမိဳ႕)

ကၽြန္ေတာ္တို႔ဆီမွာ သတင္း၀င္တဲ့အခ်ိန္တုန္းက ဂုတ္တြင္းမွာတိုက္ပြဲေတြျဖစ္ေနပါတယ္ဆိုၿပီး ၀င္လာတာ။ တကယ္ တမ္းက   ဂုတ္တြင္းမွာျဖစ္ေနတာက တစ္ပိုင္း။ ကၽြန္ေတာ္တို႔ သြားေနရင္းနဲ႔ ေအးရွားေ၀ါလ္ တိုးဂိတ္ေရာက္တဲ့အခ်ိန္မွာ    ပစ္ခတ္မႈေတြကို ကၽြန္ေတာ္တို႔ၾကားေနရၿပီ။ အဲဒီမွာ မူးယစ္႐ံုးႀကီးကို လည္းမီးေလာင္ေနတာ  ကၽြန္ေတာ္တို႔ေတြ႕ ရပါတယ္။ ေတြ႕ေတာ့ ကၽြန္ေတာ္တို႔က က်ည္ဆန္ေတြၾကားထဲမွာ ဆက္သြားလို႔မျဖစ္ေတာ့ဘူး။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရယ္၊ တပ္မေတာ္စစ္ေၾကာင္းရယ္၊    စစ္မႈထမ္းေဟာင္း အဖြဲ႕ရယ္ သူတို႔အဖြဲ႕ သံုးဖြဲ႕ကေန  ေအးရွားေ၀ါလ္ တိုးဂိတ္ထဲကို လမ္းေၾကာင္းရွင္း လင္းေရးေဆာင္ရြက္ ေပးပါတယ္။ အဲဒီထဲမွာ ေအးရွားေ၀ါလ္၀န္ထမ္းေလးေတြ ငါးဦး၊ ေျခာက္ဦး ဒဏ္ရာ ရထားတာရွိတယ္။ ေသနတ္နဲ႔ ႐ိုက္တာေတြ၊ ဖေနာင့္နဲ႔ ေပါက္တာေတြ ရွိေတာ့ သူတို႔ကို   ကၽြန္ေတာ္တို႔ အေရးေပၚကားနဲ႔  ေနာင္ခ်ဳိျပည္သူ႔ ေဆး႐ံုကိုပို႔ေပးခဲ့ပါတယ္။ ဆက္သြား တဲ့အခ်ိန္က်ေတာ့    ဂုတ္တြင္းတံတားႀကီးကလည္း မိုင္းခြဲခံလိုက္ရၿပီ။ ကၽြန္ေတာ္ တို႔ မ်က္၀ါးထင္ထင္ျမင္ ရတယ္။ အဲဒီေနာက္မွာ  ဂုတ္တြင္းရဲကင္းထဲမွာရွိေနတဲ့  တပ္မေတာ္ကင္း အဖြဲ႕ ကိုလည္း ပစ္ခတ္ထားတယ္။  အဲဒီေန႔ရဲ႕ေနာက္ရက္ေတြမွာ  အသင္းဥကၠ႒ရဲ႕ကားက ျပည္သူေတြကိုကယ္ဖို႔သြားရင္းနဲ႔ အပစ္ခံလိုက္ရတာ  ကၽြန္ေတာ္ အမ်ားႀကီးပဲ စိတ္မေကာင္းျဖစ္မိပါတယ္။ ကၽြန္ေတာ္တို႔ ပရဟိတလုပ္ငန္း လုပ္ကိုင္ေနတဲ့၊ လူမႈ ကယ္ဆယ္ေရး လုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့သူေတြကို ေသာင္းက်န္းသူအဖြဲ႕ကေန  ဒီလိုပစ္ခတ္တာကို ေတာ္ေတာ္ေလးစိတ္ထိ ခိုက္ၿပီး ေတာ္ေတာ္ေလးခံစား ရပါတယ္။  

ဦးျမတ္မုိးေအာင္(ေစတနာမြန္လူမႈကူညီေရးအသင္း၊  ေနာင္ခ်ဳိၿမိဳ႕)

မနက္ ၅ နာရီေလာက္မွာ စစ္ျဖစ္တယ္ဆုိတဲ့ အေၾကာင္းေတြကုိသိၿပီးေနာက္   တုိးဂိတ္နဲ႔ မူးယစ္ ဂိတ္ကုိ ၀င္စီးေနၿပီလုိ႔ၾကားရတယ္။ ဟုိဘက္ေက်ာက္ ၾကမ္းဘက္မွာလည္း ေသနတ္သံေတြ ၾကားေနရတယ္။  အဲဒီၾကားေတြ ထဲက လူနာတင္ကားေတြကုိ မျဖတ္ ခုိင္းရဲဘူး။ ဒီဘက္က  လူနာေတြေရာ၊ ပုိ႔ေဆာင္ေပးေနတဲ့ အသင္းသားေတြေရာ  အႏၱရာယ္စုိးရိမ္ရတဲ့ အတြက္ျဖတ္လမ္းေတြကေန   တကယ္ကုိခက္ခဲၿပီး    ျပင္ဦးလြင္ေဆး႐ုံႀကီးကုိပုိ႔ဖုိ႔စဥ္းစားရတယ္။  ဂုတ္တြင္းတံတားႀကီး မုိင္းခြဲခံရတဲ့အသံကုိၾကားေတာ့   ကားေတြ သြားလုိ႔မရေတာ့ဘူး။ ကားသမားေတြ၊ ခရီး သည္ေတြ ကုိ ထမင္းထုပ္ေတြေ၀ငွခဲ့ပါတယ္။ ထမင္း ထုပ္ဆုိလည္း ထမင္း၊ ေရဆုိလည္းေရ ေ၀ငွခဲ့ၿပီးမရ လုိက္တဲ့ သူေတြအတြက္  အဆင္ေျပေအာင္ကၽြန္ေတာ့္ ရဲ႕ကားေနာက္မွာ ဖုန္းနံပါတ္ေတြေရးၿပီး ဗီြႏုိင္းေတြ ကပ္ထား ေပးပါတယ္။ အလြယ္တကူ လာေရာက္ၿပီး  အကူအညီေတာင္းလုိ႔ရေအာင္လုိ႔ပါ။ ကၽြန္ေတာ္တုိ႔က ျပည္သူလူထု ေတြပါ။  တုိက္ပြဲ မျဖစ္ေစ ခ်င္ပါဘူး။ ၿငိမ္းခ်မ္းေစခ်င္ပါတယ္။ အခုလုိ    အိပ္မက္ဆန္ဆန္ အျဖစ္ဆုိးႀကီး ျဖစ္သြားခဲ့တာကုိ အံ့ၾသလုိ႔ မဆုံးျဖစ္ရပါတယ္။  ကၽြန္ေတာ္တုိ႔နယ္သူနယ္သားေတြအားလုံး  ဒုကၡ ေရာက္ရတဲ့အတြက္ေၾကာင့္  အေတာ္ကုိ ၀မ္းနည္း ပါတယ္။ ျဖစ္လည္းမျဖစ္ေစခ်င္ပါဘူး။ ေနာက္ေနာင္ လည္းမျဖစ္ဖုိ႔ရာ ရင္ထဲ၊ အသည္းထဲကေန ဆုေတာင္းလုိက္ပါတယ္။

ေဒါက္တာျမင့္ႂကြယ္(ေအာင္တံခြန္ေဆးဆုိင္ႏွင့္ ကုန္စုံဆုိင္၊ ေနာင္ခ်ဳိၿမိဳ႕)

ေက်ာက္မဲ၊ ဂုတ္ထိပ္အထြက္မွာတုိက္ပြဲျဖစ္တယ္ ဆုိၿပီးေတာ့ အဲလုိအသံေတြၾကားေနရေတာ့  ကားဂိတ္ ကုိသြားေတာ့ လည္း ကားေတြအကုန္ရပ္ထားတာ ေတြ႕တယ္။ မူးယစ္ဂိတ္မွာပစ္ခတ္ၾကၿပီး အလုပ္သမား တစ္ဦးကုိေသနတ္နဲ႔ ပစ္သတ္ၿပီး  မီးနဲ႔႐ႈိ႕သြားတဲ့အသံ ၾကားေတာ့ ကၽြန္ေတာ္တုိ႔အေနနဲ႔  စိတ္မေကာင္းပါဘူး။ ကၽြန္ေတာ္တုိ႔ေနာင္ခ်ဳိဆုိတာ အရင္တုန္းက ေအးခ်မ္းတဲ့ၿမိဳ႕နယ္ျဖစ္ၿပီး အခုက်ေတာ့ အေရွ႕ဘက္ မွာလည္းဂိတ္ေတြပိတ္ထားတယ္။   အေနာက္ဘက္မွာလည္းေက်ာက္ၾကမ္းေရာ၊ ျပည္ခ်စ္ဘုရားမွာလည္း တုိက္ပဲြေတြျဖစ္ေနတဲ့ အခါက်ေတာ့     လုံး၀စိတ္ မေကာင္းပါဘူး။ ျပည္သူ တစ္ေယာက္အေနနဲ႔  ဒါမ်ဳိး ေတြ မျဖစ္သင့္ပါဘူးလုိ႔ယူဆပါတယ္။  ကၽြန္ေတာ္တုိ႔အတြက္ ရိကၡာေတြ၊ ပစၥည္းေတြ ပုိ႔ေပးတဲ့ ကားေတြ  ျဖတ္သန္းေနရတဲ့    ဒီတံတားက်ဳိးသြားတာလည္း ဒါကမလုပ္သင့္ မလုပ္ထုိက္တဲ့ အလုပ္ႀကီး တစ္ခုကုိသြား လုပ္တယ္။ဂုတ္တြင္းထဲမွာတပ္မေတာ္သားေတြ၊ ရဲေတြ က်ဆုံးသြားတဲ့အတြက္ ေတာ္ေတာ္ေလး ၀မ္းနည္း မိတယ္။  အသက္ကုိေသတဲ့အထိ၊ က်ဆုံးသြားတဲ့အခ်ိန္ က်မွ ဒီတံတားႀကီးေဖာက္ခြဲခံလုိက္ရတယ္။ အဲဒီေလာက္ အထိ  ကုိယ့္ရဲ႕နယ္ေျမကုိ ကာကြယ္သြားတဲ့အတြက္ ကၽြန္ေတာ္ကေတာ့  အၿမဲတမ္းေလးစားဂုဏ္ယူတယ္။

တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားျပည္သူလူထု တစ္ရပ္လံုးက လုိလားေတာင့္တေနသည့္ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို ထိေရာက္စြာေဆာင္ ရြက္ႏုိင္ေရးအတြက္ ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္သမုိင္းမွာမရွိခဲ့ဘူးသည့္ အပစ္အခတ္ ရပ္စဲေရးအတြက္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ထာ၀ရၿငိမ္းခ်မ္းေရး အတြက္ထုတ္ျပန္ခ်က္ကို သံုးႀကိမ္ တိုင္တိုင္ ထုတ္ျပန္ ၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၃၁ ရက္ေန႔အထိ အပစ္အခတ္ ရပ္ဆုိင္း ေပးခဲ့ပါသည္။

ယခုလုိ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲထားစဥ္အတြင္း အၾကမ္းဖက္ လုပ္ရပ္မ်ား ေဆာင္ရြက္ခဲ့ျခင္းမွာ  ၎တို႔၏ၿငိမ္းခ်မ္း ေရးရယူလိုသည့္ဆႏၵ မရွိမႈ၊ ျပည္သူလူထုအေပၚအႏုိင္ က်င့္ေစာ္ကားလိုမႈတုိ႔ ကုိ ကြက္ကြက္ကြင္းကြင္းျပသလိုက္ျခင္းပင္ျဖစ္ပါသည္။ အဆိုပါ အၾကမ္းဖက္လုပ္ရပ္ မ်ားမွာ ေဒသခံျပည္သူလူထုအေပၚမွာ ဘယ္ေလာက္ အထိဒုက္ၡေရာက္ေစသည္၊ ဘယ္ေလာက္အထိ၀န္ထုပ္၀န္ပိုးျဖစ္ေစသည္ဆုိတာကို မိဘျပည္သူမ်ား မ်က္ျမင္ ကုိယ္ေတြ႕ၾကားသိခဲ့ရၿပီးျဖစ္ပါသည္။ ၎တို႔၏ ယခုကဲ့သုိ႔ ခြင့္လႊတ္ဖို႔ မသင့္ေသာ ခြင့္မလႊတ္ႏုိင္သည့္ ျပည္သူ အေပၚ ယုတ္မာ ရက္စက္မႈမ်ားအတြက္ တူညီတဲ့ တု႔ံျပန္မႈေတြ ခံစားရမွာျဖစ္ေၾကာင္း  ေရးသားလိုက္ရပါသည္။   

(Unicode Version)

အဖျက်ရန်မျိုး ပယ်လှန်ချိုးမည် တိုင်းကျိုး ဆောင်ရွက် ပြည်သူ့အတွက်

(ယမန်နေ့မှအဆက်)

ဦးသောင်းမြင့်ထွန်း(အင်ဂျင်နီယာချုပ်၊ မြို့ပြ)

လမ်းဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျွန်တော်တို့ လမ်းဦးစီးဌာန အနေနဲ့ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လမ်းတွေကို အဓိကတော့ လမ်း ပန်းဆက်သွယ်ရေးလုံခြုံချောမွေ့စေရေးနဲ့  မြန်ဆန်စေရေးအတွက်    အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ  ဆောင်ရွက်လျက်ရှိပါတယ်။   ဒီမိုင်းခွဲခံရတဲ့တံတား ပြင်ဆင်ခြင်းလုပ်ငန်းကို ကျွန်တော်တို့ ဘေလီတံတား ထိုးတယ်။ နှစ်လမ်းသွား ၂၄ ပေအကျယ်၊ ပေ ၂၁၀ ရှိ ပြီးတော့ ယာဉ်သွားလမ်းအကျယ်က ၂၄ ပေအကျယ်၊  ဘေလီထိုးတဲ့လုပ်ငန်းနဲ့  ချဉ်းကပ်လမ်းလုပ်ငန်းကို  အမြန်ဆုံးသွားလာနိုင်ဖို့အတွက် လာပြီး တော့ဆောင်ရွက် နေတာဖြစ်ပါတယ်။    မန္တလေး -လားရှိုး-မူဆယ်- သိန်းနီ-လောက်ကိုင်၊ ဒီလမ်းတစ်ကြောလုံးမှာ ကုန်စည် စီးဆင်းမှုအတွက် အရမ်းကိုအရေးပါတဲ့လမ်းတစ် လမ်းဖြစ်ပါတယ်။ လားရှိုးနဲ့ သိန်းနီ၊ ကွမ်းလုံဘက်မှာ လည်းတံတားသုံးစင်းမိုင်းခွဲ ခံရတာရှိပါတယ်။ ဒါကြောင့်မို့   လမ်းဦးစီးဌာနနဲ့ တံတားဦးစီးဌာနမှ ကျွန်တော်တို့နေ့ရော၊ ညရော ဒီလမ်းကိုအမြန်ဆုံး သွားလာနိုင်ဖို့ အတွက်  ဆောင်ရွက်နေ တာဖြစ်ပါတယ်။  အဲဒီလို ဆောင်ရွက်နေဖို့အတွက်   ကျွန်တော်တို့   ဒီကနေ တပ်မတော်က အဖွဲ့တွေ ရော၊  ပြည်သူ့ရဲ အဖွဲ့တွေရော အားလုံး   ကျွန်တော်တို့ကိုလုံခြုံရေးယူပေးထားတာဖြစ်ပါတယ်။

ဦးရွှေလေး(ညွှန်ကြားရေးမှူးချုပ်၊ တံတားဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

၂၀၁၉ ခုနှစ်အတွင်းမှာတော့ သဘာဝဘေးဒဏ်လည်း ခံရပါတယ်။ အခုလိုမျိုး နှောင့်ယှက်ဖျက်ဆီးမှုကြောင့် တံတားတွေ ချိုးဖျက်တာကိုလည်း ခံရပါတယ်။ မူလတံတားက  ပေ  ၂၀၀   ပျက်စီးသွားတဲ့အခါမှာ အောက်ကတိုင်တွေကလည်း စိတ်ချရတဲ့ အနေအထား မရှိတော့ပါဘူး။ အဲဒါကိုငုံပြီးတော့ ပေ ၂၁၀ ရှည်တဲ့ ဘေလီတံတားပြန်ဆောက်မယ်ဆိုရင်    အနည်းဆုံး ခြောက်လကြာမြင့်မှာဖြစ်တဲ့အတွက်  ကျွန်တော်တို့  တံတားဦးစီးဌာနကတော့ ဒီဟာကိုစတင်ဖြစ်ပွားတဲ့ နေ့က စပြီးတော့ ငါးရက်အတွင်းအပြီးတည်ဆောက်မယ်လို့ ဝန်ကြီးဌာနက သန္နိဋ္ဌာန်ချမှတ်ပြီး အခုမြင်တွေ့ရတဲ့ အတိုင်းပဲ အကြမ်းဖျင်း ပေ ၂၁၀ ကို ဘေလီသံပေါင် တွေကို ဒီဘက်ကမ်းအရောက် တံတားထိုးနိုင်နေပြီဖြစ် ပါတယ်။ တံတား ဦးစီးဌာနအနေနဲ့ ဘယ်လိုပဲ သဘာ၀ ဘေးဒဏ်ပဲဖြစ်ဖြစ်၊ ဘယ်လိုမျိုး သောင်းကျန်းသူတွေရဲ့ နှောင့်ယှက် ဖျက်ဆီးမှု မျိုးပဲခံရခံရ ကျွန်တော်တို့အနေနဲ့  တံတားသမားများဖြစ်တာနဲ့အညီ တံတားတွေကို အမြန်ဆုံး ပြည်သူ တွေပြန်လည် အသုံးပြုနိုင်အောင်  တည်ဆောက်ပေးသွားရမှာပဲဖြစ်ပါတယ်။

ဦးကျော်သီဟ(ညွှန်ကြားရေးမှူး (မြို့ပြ)၊ လမ်းဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

ကျွန်တော်တို့ ဒီဂုတ်တွင်းတံတားကို ဘေလီတံတား ချဉ်းကပ်လမ်းဆောင်ရွက်မယ့်အနေအထားကို ရှင်းပြပေးမှာဖြစ်ပါ တယ်။ ဒီဂုတ်တွင်းတံတား ချဉ်းကပ်လမ်း အနေဖြင့်   ကျွန်တော်တို့ နောင်ချိုဘက်ကမ်းမှာ ၂၂၅ ပေ ကို   Steel beams  stabilize method နဲ့ ဆောင်ရွက်သွားမှာဖြစ်သလို ကျောက်မဲဘက်ကမ်း မှာ ၁၀၅ ပေ ကို  Steel beams  stabilize method ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ချဉ်းကပ်လမ်း ဆောင်ရွက်မယ့်အချိန်ကတော့  ကိုးနာရီ ခန့်ကြာမှာ ဖြစ်ပါတယ်။ ပြည်သူတွေအသုံးပြုနေတဲ့ လမ်းတံတားအဆောက်အအုံတွေကို  ကျွန်တော်တို့ကာကွယ် စောင့်ရှောက် နေတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များဂုတ်တွင်းတံတားမှာ ဆုံးရှုံးသွားတဲ့တပ်ဖွဲ့ဝင်အားလုံးကို ဝမ်းနည်း မိပါတယ်။ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်း ခဲ့ရပါတယ်။

ဦးစိုးနိုင်(ဒေသခံ၊ နောင်ချိုမြို့)

ကျွန်တော်ကတော့ နောင်ချိုဒေသခံတစ်ဦးဖြစ်ပါတယ်။  နောင်ချိုမှာကြီးပြင်းလာပြီး  အခုဆိုရင်  အသက် ၅၀ ရှိပြီ  တစ်သက်နဲ့ တစ်ကိုယ်  တစ်ခါမှ ဒီလိုမျိုးမကြုံဖူးဘူး။  ဒီတစ်နယ်လုံး  မကြုံဖူးတဲ့အခါ ကျတော့ အားလုံးက စိတ်ထဲမှာကြိမ် မီးအုံးနေရသလို ဖြစ်နေပြီး အားလုံးတွက်ကြည့်မယ်ဆိုရင် ကလေးတွေဆိုရင် ကျောင်းတွေပိတ်ရတယ်။     ဘယ်နေရာ၊  ဘယ်အချိန်မှာလာမယ်မှန်းမသိတော့ အထိတ်တလန့် ဖြစ်နေရတယ်။ စီးပွားရေးတစ်ခုတည်းထိခိုက်ရုံတင်မဟုတ်ဘဲ ကျန်တာတွေပါထိခိုက် ကုန်တယ်။ ကြက်ခြေနီကားကိုလုပ်တာကို MNDAA လုပ်တာ တစ်ခါကြုံဖူးတယ်။ အခုတစ်ခါဖြစ်တယ်။ ဒါကတော့ မဖြစ်သင့် ဘူး။ အဲဒီနေ့ ဖြစ်တဲ့အဖြစ်အပျက်ဆိုရင်  လပြည့်နေ့ကြီး မလုပ်သင့်ဘူး။    ပြည်သူလူထု တစ်ယောက်အနေနဲ့  သူတို့ကိုပြောရမှာ ကျွန်တော့်တာဝန်ပါ။ ကျွန်တော်တို့လည်း ဒီကျည်ဆန်တွေ ကြားက မောင်းလာရတာ  ကျွန်တော်ပါ ပါသေးတယ်။    ပစ်နေခတ်နေတုန်းမို့  ကြိုဖို့လုပ်တယ်။ သို့သော်လည်း သွေးထွက် လွန်ပြီး မသေသင့်ဘဲ သေသွားတယ်။  ဒါကို ပြည်သူလူထု တစ်ယောက်အနေနဲ့   ကျွန်တော်ကန့်ကွက် ရှုတ်ချ ပါတယ်။

ဒေါ်မြဖူးနွယ် (ဒေသခံ၊ နောင်ချိုမြို့)

ကြားရတဲ့သတင်းကတော့  တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ စီးပွားရေး၊  လူမှုရေး၊  ကလေးတွေကျောင်း ကိစ္စက အစ အမြဲတမ်းစိုးတထိတ် ထိတ်နဲ့ နေခဲ့ရပါတယ်ရှင့်။ ဒါကြောင့်မို့လည်း ဒီလို  တိုက်ပွဲတွေ နောက်ထပ်မဖြစ်စေဖို့ အတွက် တပ်မတော် ကိုလည်း အားကိုးပါတယ်။ နောက်တစ်ခုပြောချင်တာ ကတော့  အခုနောင်ချိုမြို့မှာဆိုရင်   တစ်နေ့လုပ် တစ်နေ့စားတွေလည်းရှိတယ်။ ပြီးတော့ ငါးရက်တစ်ဈေး သွားနေတဲ့  ဈေးဗန်းအဖွဲ့တွေလည်းရှိတယ်။  အဲဒီဈေးဗန်းအဖွဲ့တွေဟာဆိုရင်  ကားလမ်းကြောင်းတွေ လည်း အကုန်ပိတ်ထားတဲ့အတွက်  ဘယ်နေရာမှာဖမ်း မလဲ၊ ဘယ်နေရာမှာဆွဲမလဲဆိုတဲ့ စိုးထိတ်မှုတွေနဲ့  ကားတွေလည်းရပ်ထားရပါတယ်။ ဈေးတွေလည်းသွား မရောင်းရပါဘူး။ အခုလိုမသွားရတဲ့အတွက် အရမ်းကို ခက်ခဲနေကြပါတယ်။ ထပ်လည်းမဖြစ်စေချင်တော့ဘူး။ ကျွန်မနောက်ဆုံး ပြောချင်တာ ကတော့     ငြိမ်းချမ်း မှုကိုပဲလိုချင်တယ်။ အဓိက ကျွန်မတို့ရင်ထဲမှာရှိတာ ကတော့ တပ်မတော်ကို တကယ်ပဲ လိုလားပါတယ်။

ဦးချိုတူး (ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း၊  နောင်ချိုမြို့)

ကျွန်တော်တို့ဆီမှာ သတင်းဝင်တဲ့အချိန်တုန်းက ဂုတ်တွင်းမှာတိုက်ပွဲတွေဖြစ်နေပါတယ်ဆိုပြီး ဝင်လာတာ။ တကယ် တမ်းက   ဂုတ်တွင်းမှာဖြစ်နေတာက တစ်ပိုင်း။ ကျွန်တော်တို့ သွားနေရင်းနဲ့ အေးရှားဝေါလ် တိုးဂိတ်ရောက်တဲ့အချိန်မှာ    ပစ်ခတ်မှုတွေကို ကျွန်တော်တို့ကြားနေရပြီ။ အဲဒီမှာ မူးယစ်ရုံးကြီးကို လည်းမီးလောင်နေတာ  ကျွန်တော်တို့တွေ့ ရပါတယ်။ တွေ့တော့ ကျွန်တော်တို့က ကျည်ဆန်တွေကြားထဲမှာ ဆက်သွားလို့မဖြစ်တော့ဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ်၊ တပ်မတော်စစ်ကြောင်းရယ်၊    စစ်မှုထမ်းဟောင်း အဖွဲ့ရယ် သူတို့အဖွဲ့ သုံးဖွဲ့ကနေ  အေးရှားဝေါလ် တိုးဂိတ်ထဲကို လမ်းကြောင်းရှင်း လင်းရေးဆောင်ရွက် ပေးပါတယ်။ အဲဒီထဲမှာ အေးရှားဝေါလ်ဝန်ထမ်းလေးတွေ ငါးဦး၊ ခြောက်ဦး ဒဏ်ရာ ရထားတာရှိတယ်။ သေနတ်နဲ့ ရိုက်တာတွေ၊ ဖနောင့်နဲ့ ပေါက်တာတွေ ရှိတော့ သူတို့ကို   ကျွန်တော်တို့ အရေးပေါ်ကားနဲ့  နောင်ချိုပြည်သူ့ ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ ဆက်သွား တဲ့အချိန်ကျတော့    ဂုတ်တွင်းတံတားကြီးကလည်း မိုင်းခွဲခံလိုက်ရပြီ။ ကျွန်တော် တို့ မျက်ဝါးထင်ထင်မြင် ရတယ်။ အဲဒီနောက်မှာ  ဂုတ်တွင်းရဲကင်းထဲမှာရှိနေတဲ့  တပ်မတော်ကင်း အဖွဲ့ ကိုလည်း ပစ်ခတ်ထားတယ်။  အဲဒီနေ့ရဲ့နောက်ရက်တွေမှာ  အသင်းဥက္ကဋ္ဌရဲ့ကားက ပြည်သူတွေကိုကယ်ဖို့သွားရင်းနဲ့ အပစ်ခံလိုက်ရတာ  ကျွန်တော် အများကြီးပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ ပရဟိတလုပ်ငန်း လုပ်ကိုင်နေတဲ့၊ လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့သူတွေကို သောင်းကျန်းသူအဖွဲ့ကနေ  ဒီလိုပစ်ခတ်တာကို တော်တော်လေးစိတ်ထိ ခိုက်ပြီး တော်တော်လေးခံစား ရပါတယ်။  

ဦးမြတ်မိုးအောင်(စေတနာမွန်လူမှုကူညီရေးအသင်း၊  နောင်ချိုမြို့)

မနက် ၅ နာရီလောက်မှာ စစ်ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကိုသိပြီးနောက်   တိုးဂိတ်နဲ့ မူးယစ် ဂိတ်ကို ဝင်စီးနေပြီလို့ကြားရတယ်။ ဟိုဘက်ကျောက် ကြမ်းဘက်မှာလည်း သေနတ်သံတွေ ကြားနေရတယ်။  အဲဒီကြားတွေ ထဲက လူနာတင်ကားတွေကို မဖြတ် ခိုင်းရဲဘူး။ ဒီဘက်က  လူနာတွေရော၊ ပို့ဆောင်ပေးနေတဲ့ အသင်းသားတွေရော  အန္တရာယ်စိုးရိမ်ရတဲ့ အတွက်ဖြတ်လမ်းတွေကနေ   တကယ်ကိုခက်ခဲပြီး    ပြင်ဦးလွင်ဆေးရုံကြီးကိုပို့ဖို့စဉ်းစားရတယ်။  ဂုတ်တွင်းတံတားကြီး မိုင်းခွဲခံရတဲ့အသံကိုကြားတော့   ကားတွေ သွားလို့မရတော့ဘူး။ ကားသမားတွေ၊ ခရီး သည်တွေ ကို ထမင်းထုပ်တွေဝေငှခဲ့ပါတယ်။ ထမင်း ထုပ်ဆိုလည်း ထမင်း၊ ရေဆိုလည်းရေ ဝေငှခဲ့ပြီးမရ လိုက်တဲ့ သူတွေအတွက်  အဆင်ပြေအောင်ကျွန်တော့် ရဲ့ကားနောက်မှာ ဖုန်းနံပါတ်တွေရေးပြီး ဗွီနိုင်းတွေ ကပ်ထား ပေးပါတယ်။ အလွယ်တကူ လာရောက်ပြီး  အကူအညီတောင်းလို့ရအောင်လို့ပါ။ ကျွန်တော်တို့က ပြည်သူလူထု တွေပါ။  တိုက်ပွဲ မဖြစ်စေ ချင်ပါဘူး။ ငြိမ်းချမ်းစေချင်ပါတယ်။ အခုလို    အိပ်မက်ဆန်ဆန် အဖြစ်ဆိုးကြီး ဖြစ်သွားခဲ့တာကို အံ့သြလို့ မဆုံးဖြစ်ရပါတယ်။  ကျွန်တော်တို့နယ်သူနယ်သားတွေအားလုံး  ဒုက္ခ ရောက်ရတဲ့အတွက်ကြောင့်  အတော်ကို ဝမ်းနည်း ပါတယ်။ ဖြစ်လည်းမဖြစ်စေချင်ပါဘူး။ နောက်နောင် လည်းမဖြစ်ဖို့ရာ ရင်ထဲ၊ အသည်းထဲကနေ ဆုတောင်းလိုက်ပါတယ်။

ဒေါက်တာမြင့်ကြွယ်(အောင်တံခွန်ဆေးဆိုင်နှင့် ကုန်စုံဆိုင်၊ နောင်ချိုမြို့)

ကျောက်မဲ၊ ဂုတ်ထိပ်အထွက်မှာတိုက်ပွဲဖြစ်တယ် ဆိုပြီးတော့ အဲလိုအသံတွေကြားနေရတော့  ကားဂိတ် ကိုသွားတော့ လည်း ကားတွေအကုန်ရပ်ထားတာ တွေ့တယ်။ မူးယစ်ဂိတ်မှာပစ်ခတ်ကြပြီး အလုပ်သမား တစ်ဦးကိုသေနတ်နဲ့ ပစ်သတ်ပြီး  မီးနဲ့ရှို့သွားတဲ့အသံ ကြားတော့ ကျွန်တော်တို့အနေနဲ့  စိတ်မကောင်းပါဘူး။ ကျွန်တော်တို့နောင်ချိုဆိုတာ အရင်တုန်းက အေးချမ်းတဲ့မြို့နယ်ဖြစ်ပြီး အခုကျတော့ အရှေ့ဘက် မှာလည်းဂိတ်တွေပိတ်ထားတယ်။   အနောက်ဘက်မှာလည်းကျောက်ကြမ်းရော၊ ပြည်ချစ်ဘုရားမှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့ အခါကျတော့     လုံးဝစိတ် မကောင်းပါဘူး။ ပြည်သူ တစ်ယောက်အနေနဲ့  ဒါမျိုး တွေ မဖြစ်သင့်ပါဘူးလို့ယူဆပါတယ်။  ကျွန်တော်တို့အတွက် ရိက္ခာတွေ၊ ပစ္စည်းတွေ ပို့ပေးတဲ့ ကားတွေ  ဖြတ်သန်းနေရတဲ့    ဒီတံတားကျိုးသွားတာလည်း ဒါကမလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်ကြီး တစ်ခုကိုသွား လုပ်တယ်။ဂုတ်တွင်းထဲမှာတပ်မတော်သားတွေ၊ ရဲတွေ ကျဆုံးသွားတဲ့အတွက် တော်တော်လေး ဝမ်းနည်း မိတယ်။  အသက်ကိုသေတဲ့အထိ၊ ကျဆုံးသွားတဲ့အချိန် ကျမှ ဒီတံတားကြီးဖောက်ခွဲခံလိုက်ရတယ်။ အဲဒီလောက် အထိ  ကိုယ့်ရဲ့နယ်မြေကို ကာကွယ်သွားတဲ့အတွက် ကျွန်တော်ကတော့  အမြဲတမ်းလေးစားဂုဏ်ယူတယ်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက လိုလားတောင့်တနေသည့်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သမိုင်းမှာမရှိခဲ့ဘူးသည့် အပစ်အခတ် ရပ်စဲရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေး အတွက်ထုတ်ပြန်ချက်ကို သုံးကြိမ် တိုင်တိုင် ထုတ်ပြန် ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ် ရပ်ဆိုင်း ပေးခဲ့ပါသည်။

ယခုလို အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားစဉ်အတွင်း အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းမှာ  ၎င်းတို့၏ငြိမ်းချမ်း ရေးရယူလိုသည့်ဆန္ဒ မရှိမှု၊ ပြည်သူလူထုအပေါ်အနိုင် ကျင့်စော်ကားလိုမှုတို့ ကို ကွက်ကွက်ကွင်းကွင်းပြသလိုက်ခြင်းပင်ဖြစ်ပါသည်။ အဆိုပါ အကြမ်းဖက်လုပ်ရပ် များမှာ ဒေသခံပြည်သူလူထုအပေါ်မှာ ဘယ်လောက် အထိဒုက်္ခရောက်စေသည်၊ ဘယ်လောက်အထိဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဆိုတာကို မိဘပြည်သူများ မျက်မြင် ကိုယ်တွေ့ကြားသိခဲ့ရပြီးဖြစ်ပါသည်။ ၎င်းတို့၏ ယခုကဲ့သို့ ခွင့်လွှတ်ဖို့ မသင့်သော ခွင့်မလွှတ်နိုင်သည့် ပြည်သူ အပေါ် ယုတ်မာ ရက်စက်မှုများအတွက် တူညီတဲ့ တုံ့ပြန်မှုတွေ ခံစားရမှာဖြစ်ကြောင်း  ရေးသားလိုက်ရပါသည်။    ။

 

Recent News