(၄၁)မုိင္ သံကူကြန္ကရစ္တံတား(ျဗဳန္းေတာင္) ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ ေနသည့္ တပ္မေတာ္စစ္ေၾကာင္းအား အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လာေရာက္ေႏွာင့္ယွက္ တိုက္ခိုက္

(၄၁)မုိင္ သံကူကြန္ကရစ္တံတား(ျဗဳန္းေတာင္) ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ ေနသည့္ တပ္မေတာ္စစ္ေၾကာင္းအား အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လာေရာက္ေႏွာင့္ယွက္ တိုက္ခိုက္

ေနျပည္ေတာ္၊ ၾသဂုတ္ - ၂၄

AA ၊ TNLA ၊ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ သိန္းနီ-နမ့္ဆလပ္-ကြမ္းလံု လမ္းေၾကာင္းေပၚရွိ မန္တံုစြန္တံတား၊ နားတီးေက်းရြာ အထြက္(၃၁)မုိင္တံတားႏွင့္ (၄၁)မုိင္ သံကူကြန္ကရစ္တံတား (ျဗဳန္းေတာင္)တုိ႔အား တပ္မေတာ္မွျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိရာ မန္တံုစြန္တံတားအား ၾသဂုတ္ ၁၉ ရက္တြင္ ျပန္လည္ေဆာက္လုပ္ ၿပီးစီးခဲ့သျဖင့္  ေဒသခံခရီးသြားျပည္သူမ်ား အဆင္ေျပေခ်ာေမြ႔စြာ အပိုင္းတစ္ပိုင္းအား ျဖတ္သန္း သြားလာႏိုင္ခဲ့သည္။

တပ္မေတာ္အေနျဖင့္ က်န္ရွိသည့္ တံတားႏွစ္စင္းအနက္ (၄၁) မုိင္ သံကူကြန္ကရစ္တံတား (ျဗဳန္းေတာင္)အား ေဒသခံခရီးသြားျပည္သူမ်ား သြားလာမႈလြယ္ကူအဆင္ေျပေစရန္အတြက္ ဆက္လက္၍ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိရာ ၾသဂုတ္ ၂၃ ရက္ ေန႔လယ္ပိုင္းတြင္ AA ၊ TNLA ၊ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူအဖဲြ႕က တံတားေနရာ၏ ေျမာက္ဘက္မွေန၍ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေႏွာင့္ယွက္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ တံတားတည္ေဆာက္ေရးႏွင့္ နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနသည့္ တပ္မေတာ္စစ္ေၾကာင္းက ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ရသည္။

အလားတူ AA ၊ TNLA ၊ MNDAA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ကြတ္ခိုင္ၿမိဳ႕ရွိ နယ္ေျမခံ တပ္ရင္းဌာနခ်ဳပ္အား ၾသဂုတ္ ၂၃ ရက္ေန႔လယ္ပိုင္း၌ လည္းေကာင္း၊ သိန္းနီၿမိဳ႕၊ ေရပူစစ္ေဆးေရး ဂိတ္အား ယေန႔ နံနက္ ၃ နာရီခြဲခန္႕တြင္ လည္းေကာင္း လက္နက္ႀကီးမ်ားျဖင့္ လာေရာက္ ေႏွာင့္ယွက္ပစ္ခတ္ခဲ့သည္။

ထို႔အျပင္ တပ္မေတာ္အေနျဖင့္ ေဒသခံျပည္သူမ်ားႏွင့္ ခရီးသြားျပည္သူမ်ား  အႏၲရာယ္ကင္းရွင္းစြာ သြားလာႏိုင္ေရးအတြက္ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္၌ နယ္ေျမလံုၿခံဳေရးလုပ္ငန္းမ်ားႏွင့္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိရာ ၾသဂုတ္လ ၂၃ ရက္တြင္ ကြတ္ခိုင္ၿမိဳ႕ႏွင့္ နမ့္ဖတ္ကာအၾကားလမ္းမႀကီးေပၚရွိ နမ့္ခိုင္ေက်းရြာ၏ အေရွ႕ေတာင္ဘက္မီတာ ၇၀၀၀ ခန္႔အကြာ၌ ေဒသႏၲရမိုင္း ၃ လံုးအား ေတြ႕ရွိေဖာ္ထုတ္၍ အမ်ားျပည္သူမ်ား အႏၲရာယ္မျဖစ္ေစေရး သက္မဲ့ ျပဳလုပ္ႏိုင္ခဲ့သည္။ ထုိ႔ျပင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လမ္းေၾကာင္းမ်ား ပိတ္ဆို႔ေအာင္ ေက်ာက္တံုး၊ သစ္ကိုင္းမ်ားျဖင့္ ပိတ္ဆို႔ထားသည့္ေနရာမ်ားအား တပ္မေတာ္စစ္ေၾကာင္းမ်ားက ဖယ္ရွားရွင္းလင္းေပးၿပီး ဆက္လက္ထြက္ခြာ၍ လား႐ႈိး- သိန္းနီ- နမ့္ဖတ္ကာ ျပည္ေထာင္စုလမ္းမႀကီး တစ္ေလွ်ာက္ လံုၿခံဳေရးေဆာင္ရြက္ရာ နမ့္ဖတ္ကာ၏ ေတာင္ဘက္ မီတာ ၂၀၀၀ ခန္႕အကြာ၌ Wish အမ်ဳိးအစား အိမ္စီးကား ၂ စီးႏွင့္ ဟြန္ဒါဖစ္ ၁ စီးတို႔အား မီး႐ႈိ႕၍ လမ္းေၾကာင္းပိတ္ဆို႔ထားသျဖင့္ တပ္မေတာ္ စစ္ေၾကာင္းက ဖယ္ရွားရွင္းလင္းေပးခဲ့သည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ အဆုိပါေဒသမ်ား၏ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ နယ္ေျမစုိးမုိးေရးတုိ႔အတြက္ လုိအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားအား တာ၀န္ရွိသူမ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႕တို႔ႏွင့္ ပူးေပါင္းကာ ဆက္လက္ေဆာင္ရြက္လ်က္ရွိသည့္အျပင္ လမ္းပန္းဆက္သြယ္မႈ လြယ္ကူေခ်ာေမြ႕ေစေရးအတြက္ အားသြန္ခြန္စုိက္ႀကိဳးပမ္း ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

(၄၁)မိုင် သံကူကွန်ကရစ်တံတား(ဗြုန်းတောင်) ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် တပ်မတော်စစ်ကြောင်းအား အကြမ်းဖက် သောင်းကျန်းသူများက လာရောက်နှောင့်ယှက် တိုက်ခိုက်

နေပြည်တော်၊ သြဂုတ် - ၂၄

AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် သိန်းနီ-နမ့်ဆလပ်-ကွမ်းလုံ လမ်းကြောင်းပေါ်ရှိ မန်တုံစွန်တံတား၊ နားတီးကျေးရွာ အထွက်(၃၁)မိုင်တံတားနှင့် (၄၁)မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)တို့အား တပ်မတော်မှပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မန်တုံစွန်တံတားအား သြဂုတ် ၁၉ ရက်တွင် ပြန်လည်ဆောက်လုပ် ပြီးစီးခဲ့သဖြင့်  ဒေသခံခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ အပိုင်းတစ်ပိုင်းအား ဖြတ်သန်း သွားလာနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် ကျန်ရှိသည့် တံတားနှစ်စင်းအနက် (၄၁) မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)အား ဒေသခံခရီးသွားပြည်သူများ သွားလာမှုလွယ်ကူအဆင်ပြေစေရန်အတွက် ဆက်လက်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းတွင် AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က တံတားနေရာ၏ မြောက်ဘက်မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တံတားတည်ဆောက်ရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရသည်။

အလားတူ AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် ကွတ်ခိုင်မြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်အား သြဂုတ် ၂၃ ရက်နေ့လယ်ပိုင်း၌ လည်းကောင်း၊ သိန်းနီမြို့၊ ရေပူစစ်ဆေးရေး ဂိတ်အား ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် လည်းကောင်း လက်နက်ကြီးများဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။

ထို့အပြင် တပ်မတော်အနေဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ  အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၌ နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၂၃ ရက်တွင် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာအကြားလမ်းမကြီးပေါ်ရှိ နမ့်ခိုင်ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၇၀၀၀ ခန့်အကွာ၌ ဒေသန္တရမိုင်း ၃ လုံးအား တွေ့ရှိဖော်ထုတ်၍ အများပြည်သူများ အန္တရာယ်မဖြစ်စေရေး သက်မဲ့ ပြုလုပ်နိုင်ခဲ့သည်။ ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများက လမ်းကြောင်းများ ပိတ်ဆို့အောင် ကျောက်တုံး၊ သစ်ကိုင်းများဖြင့် ပိတ်ဆို့ထားသည့်နေရာများအား တပ်မတော်စစ်ကြောင်းများက ဖယ်ရှားရှင်းလင်းပေးပြီး ဆက်လက်ထွက်ခွာ၍ လားရှိုး- သိန်းနီ- နမ့်ဖတ်ကာ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် လုံခြုံရေးဆောင်ရွက်ရာ နမ့်ဖတ်ကာ၏ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ Wish အမျိုးအစား အိမ်စီးကား ၂ စီးနှင့် ဟွန်ဒါဖစ် ၁ စီးတို့အား မီးရှို့၍ လမ်းကြောင်းပိတ်ဆို့ထားသဖြင့် တပ်မတော် စစ်ကြောင်းက ဖယ်ရှားရှင်းလင်းပေးခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေစိုးမိုးရေးတို့အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အပြင် လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Recent News