ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ထုတ္ျပန္ခ်က္

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ထုတ္ျပန္ခ်က္

(၁၃၈၁ ခုႏွစ္၊ ေတာ္သလင္းလဆန္း ၂ ရက္)

(၂၀၁၉ ခုႏွစ္၊ ႀသဂုတ္လ ၃၁ ရက္)

 

၁။       ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တုိးတက္ေကာင္းမြန္ေစေရး တပ္မေတာ္ဘက္မွစတင္၍ စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ား ရပ္ဆုိင္းေပးျခင္းအား ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားတြင္ ၂၀၁၈ ခုႏွစ၊္ ဒီဇင္ဘာလ  ၂၁ ရက္ေန႕မွ စတင္၍ ယေန႕အထိ   အခ်ိန္ကာလအားျဖင့္ (၈)လၾကာ   တုိင္းရင္းသားျပည္သူလူထု တစ္ရပ္လုံး၏ လူမႈစီးပြားေရးဘ၀ဖြံ႕ၿဖိဳး တုိးတက္ေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးကုိ တည္ေဆာက္လုိသည့္ စစ္မွန္ေသာဆႏၵျဖင့္ ျပဳလုပ္ေပးခဲ့ပါသည္။

၂။       လက္ရွိအေျခအေနတြင္ တပ္မေတာ္အေနျဖင့္ ေဒသခံတုိင္းရင္းသား ျပည္သူမ်ား၏ ၿငိမ္းခ်မ္းေရးအေပၚ ေမွ်ာ္လင့္ခ်က္၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ပါ၀င္ပတ္သက္ေနသည့္ အဖြဲ႕အစည္းအားလုံး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအား ယုံၾကည္မႈအျပည့္ျဖင့္ ဆက္လက္ေဆာင္ရြက္ႏုိင္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟုိဌာန(NRPC)တုိ႕ႏွင့္ လက္ရွိေဆြးေႏြးဆဲ အေျခအေနမ်ား ဆက္လက္ေဆာင္ရြက္ႏိုင္ေရး တုိ႕အတြက္ အထက္ေဖာ္ျပပါ တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ား၌ စစ္ေရးဆုိင္ရာလႈပ္ရွားမႈမ်ားအား ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္ေန႕အထိ တုိးျမႇင့္ရပ္ဆုိင္းေပးသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေၾကညာအပ္ပါ သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

 

(Unicode Version)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်

(၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်)

(၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)

 

၁။       မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး တပ်မတော်ဘက်မှစတင်၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ၂၀၁၈ ခုနှစ၊် ဒီဇင်ဘာလ  ၂၁ ရက်နေ့မှ စတင်၍ ယနေ့အထိ   အချိန်ကာလအားဖြင့် (၈)လကြာ   တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ်မှန်သောဆန္ဒဖြင့် ပြုလုပ်ပေးခဲ့ပါသည်။

၂။       လက်ရှိအခြေအနေတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေး တို့အတွက် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ်နယ်မြေများ၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

Recent News