နားတီးေက်းရြာအနီး (၃၁)မုိင္ တံတားအား တပ္မေတာ္မွ ေဘလီတံတား၊ ယာယီအစားထိုး တည္ေဆာက္ၿပီးစီး၊ ယာဥ္မ်ားျဖတ္သန္းသြားလာႏိုင္ၿပီျဖစ္

နားတီးေက်းရြာအနီး (၃၁)မုိင္ တံတားအား တပ္မေတာ္မွ ေဘလီတံတား၊ ယာယီအစားထိုး တည္ေဆာက္ၿပီးစီး၊ ယာဥ္မ်ားျဖတ္သန္းသြားလာႏိုင္ၿပီျဖစ္

ေနျပည္ေတာ္၊ စက္တင္ဘာ  ၁

AA ၊TNLA ၊  MNDAA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက တပ္မေတာ္မွ ျပန္လည္ ျပဳျပင္ တည္ေဆာက္ၿပီးစီးၿပီး ျဖစ္သည့္ နားတီးေက်းရြာအနီး အလ်ား ၅၀ ေပ၊ အနံ ၂၀ ေပရွိ သံကူကြန္ကရစ္ အမ်ိဳးအစား (၃၁) မုိင္တံတားအား ၾသဂုတ္လ ၂၇ ရက္ည ၁၁ နာရီခန္႔တြင္ ထပ္မံ ေဖာက္ခြဲဖ်က္ဆီး ခဲ့သျဖင့္ သြားလာမႈ ထပ္မံျပတ္ေတာက္ခဲ့ၿပီး ခရီးသြားျပည္သူမ်ားႏွင့္ ေဒသခံျပည္သူမ်ား သြားလာမႈ အခက္အခဲမ်ား ထပ္မံျဖစ္ေပၚ ခဲ့ရာ တပ္မေတာ္မွ စစ္ေျမျပင္သံုး အျမန္တံတားထိုးယာဥ္ျဖင့္ ယာယီတံတား တည္ေဆာက္ ေပးခဲ့၍ ျဖတ္သန္းသြားလာမႈ အဆင္ေျပေစခဲ့သည္။

အဆိုပါ ေဒသ လမ္းပန္းဆက္သြယ္မႈျပန္လည္ေကာင္းမြန္ေစေရးအတြက္ တပ္မေတာ္ စစ္ေၾကာင္းမ်ား က နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေပးၿပီး နယ္ေျမခံစစ္ေျမျပင္ အင္ဂ်င္နီယာတပ္မွ တပ္မေတာ္သားမ်ား က ပ်က္စီးသြားသည့္ တံတားေနရာအား ၂ လႊာ ၁ ထပ္ ေဘလီတံတားအား ျပန္လည္ တည္ေဆာက္ေပးခဲ့ရာ ၾသဂုတ္ ၃၁ ရက္ညေန ၅ နာရီခြဲခန္႕တြင္ ၿပီးစီးခဲ့သျဖင့္ သိန္းနီ- နမ့္ဆလပ္- ကြမ္းလံု- ေလာက္ကိုင္ လမ္းေၾကာင္းအား ယခုအခါ ယာဥ္ႀကီး၊ ယာဥ္ငယ္မ်ား၊ ခရီးသြားျပည္သူမ်ားႏွင့္ ေဒသခံျပည္သူမ်ား လြယ္ကူ အဆင္ေျပစြာ ျပန္လည္ျဖတ္သန္းသြားလာႏိုင္ၿပီ ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Convector)

နားတီးကျေးရွာအနီး (၃၁)မိုင် တံတားအား တပ်မတော်မှ ဘေလီတံတား၊ ယာယီအစားထိုး တည်ဆောက်ပြီးစီး၊ ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်

နေပြည်တော်၊ စက်တင်ဘာ  ၁

AA ၊TNLA ၊  MNDAA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်မှ ပြန်လည် ပြုပြင် တည်ဆောက်ပြီးစီးပြီး ဖြစ်သည့် နားတီးကျေးရွာအနီး အလျား ၅၀ ပေ၊ အနံ ၂၀ ပေရှိ သံကူကွန်ကရစ် အမျိုးအစား (၃၁) မိုင်တံတားအား သြဂုတ်လ ၂၇ ရက်ည ၁၁ နာရီခန့်တွင် ထပ်မံ ဖောက်ခွဲဖျက်ဆီး ခဲ့သဖြင့် သွားလာမှု ထပ်မံပြတ်တောက်ခဲ့ပြီး ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာမှု အခက်အခဲများ ထပ်မံဖြစ်ပေါ် ခဲ့ရာ တပ်မတော်မှ စစ်မြေပြင်သုံး အမြန်တံတားထိုးယာဉ်ဖြင့် ယာယီတံတား တည်ဆောက် ပေးခဲ့၍ ဖြတ်သန်းသွားလာမှု အဆင်ပြေစေခဲ့သည်။

အဆိုပါ ဒေသ လမ်းပန်းဆက်သွယ်မှုပြန်လည်ကောင်းမွန်စေရေးအတွက် တပ်မတော် စစ်ကြောင်းများ က နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးပြီး နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်မှ တပ်မတော်သားများ က ပျက်စီးသွားသည့် တံတားနေရာအား ၂ လွှာ ၁ ထပ် ဘေလီတံတားအား ပြန်လည် တည်ဆောက်ပေးခဲ့ရာ သြဂုတ် ၃၁ ရက်ညနေ ၅ နာရီခွဲခန့်တွင် ပြီးစီးခဲ့သဖြင့် သိန်းနီ- နမ့်ဆလပ်- ကွမ်းလုံ- လောက်ကိုင် လမ်းကြောင်းအား ယခုအခါ ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ လွယ်ကူ အဆင်ပြေစွာ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

 

Recent News