မ်ိဳးခ်စ္စိတ္ႏွင့္ ယဥ္ေက်းမႈသည္ ႏိုင္ငံ၏ႏွလံုးသည္းပြတ္၊ ျမန္မာပီပီကိုယ့္ေျမကိုခ်စ္၊ ကိုယ့္ယဥ္ေက်းမႈကို တန္ဖိုးထားတတ္ျခင္းသည္ စစ္မွန္သည့္အမ်ိဳးသားေရးစိတ္ဓာတ္၊ ယဥ္ေက်းမႈေပ်ာက္လွ်င္ လူမ်ိဳးပါေပ်ာက္မည္၊ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ားကို တန္ဖိုးထားထိန္းသိမ္း

မ်ိဳးခ်စ္စိတ္ႏွင့္ ယဥ္ေက်းမႈသည္ ႏိုင္ငံ၏ႏွလံုးသည္းပြတ္၊ ျမန္မာပီပီကိုယ့္ေျမကိုခ်စ္၊ ကိုယ့္ယဥ္ေက်းမႈကို တန္ဖိုးထားတတ္ျခင္းသည္ စစ္မွန္သည့္အမ်ိဳးသားေရးစိတ္ဓာတ္၊ ယဥ္ေက်းမႈေပ်ာက္လွ်င္ လူမ်ိဳးပါေပ်ာက္မည္၊ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ားကို တန္ဖိုးထားထိန္းသိမ္းေစာင့္ေရွာက္ ေဖာ္ထုတ္ၾကရန္မွာ ႏိုင္ငံသားတိုင္း၏ တာ၀န္

ေနျပည္ေတာ္၊ စက္တင္ဘာ - ၂

ျမန္မာ့႐ိုးရာယဥ္ေက်းမႈအႏုသုခုမပညာရပ္မ်ားကို မတိမ္ေကာ၊ မပေပ်ာက္ေအာင္ ဆက္လက္ ထိန္းသိမ္းေစာင့္ေရွာက္ရန္၊ အႏုသုခုမပညာရပ္မ်ားမွတစ္ဆင့္ ႏိုင္ငံသားတိုင္း၏ ႏွလံုးသား၌ ဇာတိေသြး၊ ဇာတိမာန္ကို အရင္းခံသည့္မ်ဳိးခ်စ္စိတ္မ်ား ပြင့္လန္းရွင္သန္ေစရန္ႏွင့္ မိမိတို႔ တပ္ဖဲြ႕၀င္မ်ား၏ အႏုပညာအရည္အေသြး  မွန္မွန္ကန္ကန္ တိုးတက္ ျဖစ္ထြန္းလာေအာင္ ၀ါရင့္၊ သမၻာရင့္အႏုပညာရွင္၊ အတတ္ပညာရွင္ႀကီးမ်ားထံမွ စစ္မွန္သည့္ အႏုပညာအေမြအႏွစ္မ်ားကို မ်ိဳးဆက္သစ္ပညာရွင္မ်ားျဖစ္ေစရန္ ရည္ရြယ္၍ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး၏ (၁၈)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ ၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနားကို ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္၊ စစ္ေၾကာေရးႏွင့္တည္းခုိေရး စခန္းရွိ ဆင္ျဖဴရွင္ခန္းမ၌ က်င္းပျပဳလုပ္သည္။

အဆုိပါအခမ္းအနားသုိ႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊  ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ အကဲျဖတ္အဖြဲ႕အႏုပညာရွင္ႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ ၿပိဳင္ပြဲ၀င္ စစ္သည္၊ စစ္သမီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ စိတ္ဓာတ္ေရးရာႏွင့္လူထုဆက္ဆံေရးေကာ္မတီဥကၠ႒၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ဳိးေဇာ္သိန္းႏွင့္ ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီတုိ႔က ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္ စိတ္ဓာတ္ စစ္ဆင္ေရးၫႊန္ၾကားေရးမွဴး႐ုံး၏(၁၈)ႀကိမ္ေျမာက္ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲအား ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္စား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းက အဖြင့္အမွာစကားေျပာၾကားသည္။ ထိုသို႔ ေျပာၾကားရာတြင္  ယဥ္ေက်းမႈဆိုသည့္ စကားရပ္ကို ျမန္မာ့အဘိဓာန္တြင္ “သိမ္ေမြ႕ ေျပျပစ္ေသာတတ္သိလိမၼာမႈ၊ တိုးတက္ထြန္းကားလာေသာ လူမႈအဆင့္အတန္း၊ အစဥ္အလာအားျဖင့္ ထိန္းသိမ္း တည္ရွိလာေသာ ဓေလ့ထံုးတမ္း” ဟူ၍လည္းေကာင္း၊ ျမန္မာ့အႏုသုခုမ အဘိဓာန္တြင္ “သိမ္ေမြ႕ေျပျပစ္ေသာအျပဳအမူ၊ လူမႈအဆင့္အတန္း ေျပာင္းလဲတိုးတက္လာေစတတ္ေသာ တတ္သိ လိမၼာမႈ၊ အစဥ္အလာထိန္းသိမ္းလာခဲ့ေသာ ထံုးတမ္း၊ ဓေလ့၊ က်င့္၀တ္၊ သာယာၾကည္ႏူးဖြယ္ အာ႐ံုခံစားမႈ ရရွိေစႏိုင္ေအာင္ အက်ဳိးျပဳႏိုင္ေသာ ႏႈတ္မႈ၊ လက္မႈအတတ္ပညာ၊ ယင္းအတတ္ ပညာျဖင့္ စီမံေဆာင္ရြက္ျပသမႈ” ဟူ၍ လည္းေကာင္း အဓိပၸာယ္ဖြင့္ဆိုထားသည္ကို ေတြ႕ရမွာျဖစ္ ေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ၏ ယဥ္ေက်းမႈသည္ ၎ႏိုင္ငံ၏ ႏွလံုးသည္းပြတ္၊ တစ္နည္းအားျဖင့္ အဆင့္အတန္းဂုဏ္ျဒပ္ပင္ျဖစ္  ေၾကာင္း၊ ယဥ္ေက်းမႈေပ်ာက္လွ်င္ လူမ်ဳိးပါေပ်ာက္မည္ ဟူေသာ ဆို႐ိုး စကားႏွင့္အညီ အမ်ဳိးသားယဥ္ေက်းမႈ အေမြအႏွစ္မ်ား မပေပ်ာက္ေစရန္၊ ကိုယ္ပိုင္အႏုပညာႏွင့္ ေခတ္အဆက္ဆက္ သမိုင္းအစဥ္အလာမ်ား မတိမ္ေကာ၊ မပေပ်ာက္ေစရန္အတြက္ ပညာရွင္မ်ားက နည္းမ်ဳိးစံုျဖင့္ မွတ္တမ္းတင္ၿပီး ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိန္းသိမ္းလာခဲ့ၾက တာျဖစ္ေၾကာင္း၊ ယင္းကို ေရွ႕ေဟာင္းယဥ္ေက်းမႈအေမြ အႏွစ္မ်ားရွိရာ ေဒသအသီးသီးရွိ ဂူဘုရားႏွင့္ ေစတီပုထိုးမ်ားမွ အႏုသုခုမလက္ရာမ်ား၊ ပိသုကာလက္ရာမ်ား၊ ေပ၊ ပုရပိုဒ္မ်ားႏွင့္ ေက်ာက္စာ အေထာက္အထားမ်ားအရ ျမန္မာ့ယဥ္ေက်းမႈအဆင့္အတန္းသည္ ေက်ာက္ေခတ္၊ ေၾကးေခတ္၊ သံေခတ္မွသည္ ေခတ္အဆက္ဆက္ တိုးတက္ျမင့္မားခဲ့ေၾကာင္း ခိုင္ခိုင္မာမာ သက္ေသျပလ်က္ ရွိေၾကာင္း ေျပာၾကားသည္။

ပ်ဴေခတ္တြင္ စတင္အေျခခိုင္ခဲ့သည့္ ပ်ဴေခတ္ေၾကး႐ုပ္ငါး႐ုပ္ အႏုပညာလက္ရာမွသည္ ပုဂံေခတ္ ဂူဘုရားမ်ားရွိ နံရံေဆးေရးပန္းခ်ီမ်ားတြင္ ေတြ႕ရွိရသည့္ ျမတ္စြာဘုရားအား တူရိယာဂီတ အတီးအမႈတ္အကအခုန္မ်ားျဖင့္ ပူေဇာ္ေနဟန္၊ ၾကာပန္းၾကာႏြယ္တို႔ျဖင့္ ပူေဇာ္ေနဟန္၊ ဗုဒၶျဖစ္စဥ္မ်ားအား အႏုစိတ္သ႐ုပ္ေဖာ္ထားဟန္၊ ပုဂံေခတ္ လူေနမႈဘ၀ သ႐ုပ္ေဖာ္ဟန္မ်ားက မိမိတို႔၏ ယဥ္ေက်းမႈအႏုသုခုမလက္ရာမ်ား ေခတ္အဆက္ဆက္တြင္ သီးပြင့္ေ၀ဆာခဲ့သည္ကို သက္ေသျပေနျခင္းပင္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၊ ဖြဲ႕စည္းပံုအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)၊ အခန္း(၄)၊ ပုဒ္မ(၉၆)၊ ဇယား(၁)၏ လူမႈေရးက႑တြင္ ေရွးေဟာင္းယဥ္ေက်းမႈ (သို႔မဟုတ္) သမိုင္း၀င္ေဒသမ်ား၊ အေဆာက္အအံုမ်ား၊ အထိမ္းအမွတ္မ်ား၊ မွတ္တမ္းမ်ား၊ ေက်ာက္စာမ်ား၊ မင္စာမ်ား၊ ေပပုရပိုက္မ်ား၊ လက္ေရးစာမ်ား၊ လက္ရာမ်ား၊ ႐ုပ္၀တၳဳပစၥည္းမ်ား၊ ေရွ႕ေဟာင္းသုေတသန လုပ္ငန္းမ်ား ဆိုသည့္ အခ်က္ႏွင့္ စာေပ၊ သဘင္၊ ဂီတ၊ ႐ိုးရာပန္း၊ ႐ုပ္ရွင္၊ ဗီြဒီယို ဆိုသည့္ အခ်က္မ်ားကို ထည့္သြင္းေရးဆြဲၿပီး စနစ္တက်ထိန္းသိမ္းႏိုင္ရန္ႏွင့္ နည္းလမ္းမွန္မွန္ ရွင္သန္ျဖစ္ထြန္းႏိုင္ရန္အတြက္ အေလးအနက္ထားေဆာင္ရြက္ခဲ့သည္ကို ေတြ႕ရွိရမွာျဖစ္ေၾကာင္း။

ယေန႕ေခတ္ကာလတြင္ ေခတ္မီျမန္ဆန္လြန္းသည့္ လူမႈဆက္သြယ္ေရးစနစ္မ်ားကေနတစ္ဆင့္ တိုင္းတစ္ပါးယဥ္ေက်းမႈဓေလ့စ႐ိုက္မ်ားသည္ ကမၻာအႏွံ႔ စီးကူးလ်က္ရွိတာကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ေဖ်ာ္ေျဖေရးလုပ္ငန္းႏွင့္ ျပန္ၾကားေရးလုပ္ငန္းမ်ားတြင္ ေငြေၾကးေျမာက္မ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံၿပီး မတူညီသည့္ ယဥ္ေက်းမႈမ်ားကို စိမ့္၀င္ေအာင္ ေဆာင္ရြက္လ်က္ရွိၾကေၾကာင္း၊ လြန္ခဲ့သည့္ ဆယ္စုႏွစ္ ႏွစ္ခုေလာက္က စတင္စိမ့္၀င္လာခဲ့သည့္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈႏွင့္ မဆီေလ်ာ္၊ မသင့္ျမတ္သည့္ သ႐ုပ္ပ်က္၀တ္စားဆင္ယင္မႈမ်ား၊ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားသည္ ယေန႔ကာလတြင္ ပိုမိုျပန္႕ပြားလ်က္ရွိေၾကာင္း၊ႏုနယ္ငယ္ရြယ္သည့္ မ်ဳိးဆက္သစ္လူငယ္အခ်ဳိ႕တြင္ ၀င္ေရာက္ေနေသာ ျမန္မာ့ယဥ္ေက်းမႈဓေလ့စ႐ိုက္ႏွင့္ ဖီလာဆန္႕က်င္သည့္ အမူအက်င့္၊ အေျပာအဆို၊ အက်င့္အႀကံမ်ား ၀င္ေရာက္လႊမ္းမိုးေနသည္ကို တတ္ႏိုင္သမွ် ဖယ္ထုတ္ေပးႏိုင္ေအာင္ ႀကိဳးစားၾကရန္ လိုအပ္ေၾကာင္း၊ တုိင္းတစ္ပါးယဥ္ေက်းမႈလႊမ္းမိုးခံေနရသည့္ လူငယ္လူရြယ္မ်ားကို ပစ္ပယ္မထားဘဲ ယဥ္ေက်းမႈ လမ္းေၾကာင္းအမွားကေန ျမန္မာ့႐ိုးရာယဥ္ေက်းမႈကို ျမတ္ႏိုးတတ္သည့္ လမ္းေၾကာင္းအမွန္ေပၚ ေရာက္ေအာင္လက္တြဲေခၚ စည္း႐ံုးသြားၾကရန္ တိုက္တြန္းေျပာၾကားလိုေၾကာင္း၊ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို ျမတ္ႏိုး တန္ဖိုးထားတတ္မွသာ ကိုယ့္အမ်ဳိးဘာသာ၊ သာသနာကို ကာကြယ္ေစာင့္ေရွာက္လိုစိတ္မ်ား ရွိၾကမည္ ျဖစ္ေၾကာင္း။

ယေန႕ေခတ္တြင္ အတိတ္ကလို လက္နက္ဆြဲကိုင္နယ္ခ်ဲ႕က်ဴးေက်ာ္မႈမ်ဳိးမ်ား မေတြ႕ရေတာ့ဘဲ ႏိုင္ငံတစ္ႏိုင္ငံကိုအသံုးခ်လိုမည္ဆိုလွ်င္ ဘက္ေပါင္းစံုကေန   Multi  Dimensional  Warfare အျဖစ္ Proxy State၊ Proxy Government၊ Proxy Leader  မ်ားအျဖစ္ ဖန္တီးလ်က္ရွိၾကေၾကာင္း၊ ၎အထဲတြင္ ႏိုင္ငံေရး၊ ဘာသာေရး၊ လူမ်ဳိးေရး၊ စီးပြားေရး၊ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ား မ်ဳိးစံု ပါ၀င္ေနၾကေၾကာင္း၊ မ်က္ေမွာက္ကာလ ကမၻာ့ႏိုင္ငံအသီးသီးတြင္လည္း ဘာသာေရးႏွင့္ လူမ်ဳိးေရးကို ခုတံုးလုပ္ၿပီး ေနာက္ကြယ္ကေန ႀကိဳးကိုင္ေနသည့္ အဖ်က္ သမားအုပ္စုမ်ား၊အၾကမ္းဖက္အုပ္စုမ်ားစြာ ရွိေနၾကေၾကာင္း၊  မိမိတို႔တိုင္းရင္းသားညီအစ္ကိုမ်ားအားလံုး ျပည္ေထာင္စုစိတ္ဓာတ္ႏွင့္ အမ်ဳိးကို ခ်စ္ျမတ္ႏိုးၿပီး ကာကြယ္ေစာင့္ေရွာက္ေစရန္ ကိုယ္စီကိုယ္ငွ ယံုၾကည္ခ်က္၊ ခံယူခ်က္ျပည့္၀ေနရန္ အေရးႀကီး ေၾကာင္း၊ ျမန္မာပီပီ ကိုယ့္ေျမကိုယ္ခ်စ္၊ ကိုယ့္ယဥ္ေက်းမႈကို တန္ဖိုးထားျမတ္ႏိုးတတ္ျခင္း သည္ စစ္မွန္သည့္ အမ်ဳိးသားေရးစိတ္ဓာတ္ကို ပိုင္ဆိုင္ထားသည့္အျပင္ ႏိုင္ငံသားတစ္ဦး အေနျဖင့္ အမ်ဳိးသားေရးတာ၀န္တစ္ရပ္ကို ထမ္းေဆာင္ေနျခင္းလည္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္၍ ေျပာၾကားရာတြင္ ဘာသာတရားကို မ်က္ကြယ္ျပဳသည့္ေခတ္၊ အႏုသုခုမယဥ္ေက်းမႈကို မ်က္ကြယ္ျပဳသည့္ေခတ္မ်ားတြင္ ႏိုင္ငံသူႏိုင္ငံသားမ်ားသည္ ဇာတိေသြး၊ ဇာတိမာန္စိတ္ဓာတ္မ်ား ယုတ္ေလ်ာ့ျခင္း၊ အမ်ဳိးသားေရးႏွင့္ ေက်းဇူးသစၥာတရားမ်ားပ်က္ယြင္းျခင္းမ်ား ရွိခဲ့ျခင္းေၾကာင့္ တိုင္းျပည္ႏွင့္ လူမ်ဳိးမ်ားအေနျဖင့္ ႀကီးမားသည့္ အႏၲရာယ္မ်ားျဖစ္ေပၚခဲ့ရသည္ကိုလည္း သာဓက အသီးသီးတြင္ ေတြ႕ျမင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းျပည္တစ္ျပည္ ေခတ္မီတိုးတက္ရန္ အတြက္ ႏိုင္ငံေတာ္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏိုင္ရန္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏လိုအပ္သည့္ မရွိမျဖစ္စိတ္ေနစိတ္ထားမ်ားကိုတစ္ဖက္တစ္လမ္းက ထိန္းေက်ာင္း တည့္မတ္ေပးႏိုင္သည့္အရာမ်ားမွာ အႏုသုခုမပညာျဖစ္ျခင္းေၾကာင့္ အႏုသုခုမပညာသည္ မရွိမျဖစ္ လိုအပ္ေၾကာင္း။

“တပ္မေတာ္သည္ အမ်ဳိးသားေရးကို ဘယ္ေတာ့မွသစၥာမေဖာက္” ဆိုသည့္အတိုင္း အေျပာမဟုတ္ဘဲ အလုပ္မ်ားႏွင့္ သက္ေသထူလ်က္ရွိေၾကာင္း၊ တပ္မေတာ္၏ အဓိကတာ၀န္ႀကီးမ်ားျဖစ္သည့္ ႏိုင္ငံေတာ္ကာကြယ္ေရးတာ၀န္၊ ေလ့က်င့္ေရးတာ၀န္၊ ျပည္သူ႔အက်ဳိးျပဳလုပ္ငန္းတာ၀န္မ်ားအျပင္ တစ္ဖက္တစ္လမ္းကေန အမ်ဳိးသားေရးလကၡဏာမ်ား၊ ယဥ္ေက်းမႈအေမြအႏွစ္မ်ား မေပ်ာက္ပ်က္ ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္လ်က္ရွိ ေၾကာင္း၊ မ်ဳိးခ်စ္စိတ္ႏွင့္ ယဥ္ေက်းမႈတို႔သည္ ႏိုင္ငံတစ္ခု၏ ႏွလံုးသည္းပြတ္ဆိုသည့္စကားမွာ မွန္ကန္ေၾကာင္း၊ ဇာတိေသြး၊ ဇာတိမာန္၊ မ်ဳိးခ်စ္စိတ္တို႔ မရွိဘဲ ယဥ္ေက်းမႈခ်ည္းသက္သက္ႏွင့္ ႏိုင္ငံတစ္ခုမွာ ေရရွည္ရပ္တည္ႏိုင္စြမ္းရွိရန္ ခဲယဥ္းမွာျဖစ္ ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ သမိုင္းေၾကာင္းတြင္လည္း အမ်ဳိးဘာသာ၊ သာသနာႏွင့္ ယဥ္ေက်းမႈကို အေလးထားသည့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားလက္ထက္တြင္ ႏိုင္ငံေတာ္ စည္ပင္၀ေျပာၿပီး တည္ၿငိမ္ ေအးခ်မ္းမႈရွိတာကို ေတြ႕ခဲ့ရေၾကာင္း၊ ကိုယ္ပိုင္႐ိုးရာ ယဥ္ေက်းမႈအေပၚ တန္ဖိုးထားမႈေလ်ာ့နည္းလာ ပါက ေနာက္ဆက္တြဲေဘးထြက္ဆိုးက်ဳိးမ်ားက လြယ္လင့္တကူ၀င္ေရာက္လာမည္ဆိုသည္ကို သတိျပဳေစလိုေၾကာင္း၊ အထူးသျဖင့္ ကိုယ္ပိုင္႐ိုးရာ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို တန္ဖိုးထား ထိန္းသိမ္းေစာင့္ေရွာက္ ေဖာ္ထုတ္ၾကရန္မွာ ႏိုင္ငံသားတိုင္း၏ တာ၀န္ျဖစ္သည္ ႏွင့္အညီ ယေန႔ေဆာင္ရြက္ေနေသာ တပ္ဖဲြ႕တြင္း အဆို၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲသည္ အ႐ိုးေပၚအရြက္ဖံုးေတာ့မည့္၊ တိမ္ျမဳပ္ေပ်ာက္ကြယ္လုျဖစ္ေနသည့္ အႏုသုခုမ သဘင္ပညာအေမြအႏွစ္မ်ားကို လက္ဆင့္ကမ္းထိန္းသိမ္းေနျခင္း၊ ထိန္းသိမ္းႏိုင္သူမ်ား ျဖစ္ျခင္း ဆိုသည္ကို ဂုဏ္ယူ၀မ္းေျမာက္ၾကရမွာျဖစ္ေၾကာင္း။

တပ္ဖြဲ႕တြင္း အဆို၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲမ်ား က်င္းပ ေပးႏိုင္ခဲ့သည့္အတြက္ တပ္ဖဲြ႕၀င္မ်ား၏ အႏုပညာအရည္အေသြးတိုးတက္ျမင့္မားလာသည့္အျပင္ ျမတ္ႏိုးစြာတန္ဖိုးထားအပ္သည့္ ျမန္မာ့႐ိုးရာအႏုသုခုမပညာရပ္မ်ားကို ထိန္းသိမ္းႏိုင္ျခင္း၊ ခ်စ္စရာ့ တိုင္းရင္းသား႐ိုးရာအကပေဒသာမ်ားကို ထိန္းသိမ္းႏိုင္ျခင္းမ်ားေၾကာင့္ အင္မတန္အဖိုးထိုက္တန္သည့္ ၿပိဳင္ပြဲတစ္ခုျဖစ္ေၾကာင္း၊ ထို႕အျပင္ နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမ်ား ေရွ႕တန္းတြင္ ေဖ်ာ္ေျဖေရးတာ၀န္ထမ္းေဆာင္သည့္အခါ ေဒသခံတုိင္းရင္းသားမ်ား၏ ႐ိုးရာအကပေဒသာမ်ားျဖင့္ ပူးေပါင္းေဖ်ာ္ေျဖ တင္ဆက္ႏုိင္ခဲ့သည့္အတြက္ ဥမကြဲသိုက္မပ်က္စည္းလံုးလ်က္ရွိသည္ကို ပံုေဖာ္ ႏိုင္ခဲ့သည့္အျပင္ ႏိုင္ငံအတြင္း ႐ိုးရာယဥ္ေက်းမႈမ်ားဖလွယ္ႏိုင္ခဲ့သည္ကိုလည္း ေတြ႕ရမည္ ျဖစ္ေၾကာင္း၊ အထူးသျဖင့္ ၿပိဳင္ပြဲ၀င္မ်ား၏ ႀကိဳးစားအားထုတ္မႈရလဒ္ေၾကာင့္ ႏိုင္ငံတစ္ကာမွ လာေရာက္သည့္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖဲြ႕မ်ားကို ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အကအလွမ်ားႏွင့္ အဆင့္အတန္းရွိရွိ ေဖ်ာ္ေျဖတင္ဆက္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထို႔အျပင္ မိမိတို႔တပ္မေတာ္ ယဥ္ေက်းမႈ အဖဲြ႕၊ ျမ၀တီေတးဂီတႏွင့္ အၿငိမ့္အဖဲြ႕အေနျဖင့္ ႐ု႐ွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရး၀န္ႀကီးဌာန၊ ႏိုင္ငံတစ္ကာစစ္ဘက္ ပူးေပါင္းေဆာင္ရြက္ေရးဌာနမွ International Army Games- 2019 ႏွင့္ House of Friendship ၿပိဳင္ပြဲတြင္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အဆို၊ အက၊ အတီးမ်ားျဖင့္ ေအာင္ျမင္စြာ သြားေရာက္ယွဥ္ၿပိဳင္ႏိုင္ခဲ့ၿပီး အေကာင္းဆံုး အဆို၊ အက၊ အတီးဆုမ်ား ရရွိခဲ့ျခင္းသည္ မိမိတို႔ တပ္မေတာ္၏ အရည္အေသြးႏွင့္တစ္ကြ ျမန္မာႏိုင္ငံ၏ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အႏုပညာကို ကမၻာအထိ ခ်ျပႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ႐ိုးရာအေမြအႏွစ္ သဘင္အႏုသုခုမ ပညာရပ္မ်ားအေပၚ ထိန္းသိမ္းေဖာ္ထုတ္ျခင္းျဖင့္ တာ၀န္ေက်ပြန္ေသာႏုိင္ငံ့သားေကာင္း ေမာင္မယ္မ်ားျဖစ္ၾကလ်က္ တပ္ဖဲြ႕၏ဂုဏ္၊ တပ္မေတာ္၏ ဂုဏ္သိကၡာအဆင့္အတန္း အစဥ္ျမင့္မားေရးအတြက္ အေထာက္အကူ တစ္ရပ္ျဖစ္ေနမည္ဆိုသည္ကို စြဲမွတ္ဂုဏ္ယူၾကေစလိုေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ နိဂံုးခ်ဳပ္အေနျဖင့္ ယဥ္ေက်းမႈဆိုသည္မွာ လူမ်ဳိးတစ္မ်ဳိး၏ ႏွလံုးသည္းပြတ္ ျဖစ္ျခင္းေၾကာင့္ ခြန္အားဗလညီမွ်ေတာင့္တင္းေစကာမူ ႏွလံုးသည္းပြတ္ ခ်ဳိ႕ယြင္းပါက အသက္ရွင္ရပ္တည္ ႏိုင္ရန္ခဲယဥ္းသည္ကို သတိျပဳၾကရန္၊ မနာလိုမ႐ႈစိတ္ရွိသူမ်ား၏ ဘက္ေပါင္းစံုက နည္းလမ္းမ်ဳိးစံု သံုးၿပီး ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးစသည့္ နယ္ပယ္မ်ားကေန ယဥ္ေက်းမႈလို ႏူးည့ံသိမ္ေမြ႕သည့္ နယ္ပယ္မ်ားအထိ ထိုးေဖာက္တိုက္ခိုက္ေနျခင္းျဖစ္သျဖင့္ သတိႀကီးစြာ ကာကြယ္တုံ႕ျပန္သြားၾကရန္၊ ယခုကဲ့သို႔ က်င္းပျပဳလုပ္သည့္ၿပိဳင္ပြဲမ်ားတြင္ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရျခင္းသည္ အမိႏိုင္ငံေတာ္၏ ကာကြယ္ေရးတာ၀န္ကို တစ္ဖက္တစ္လမ္းက ထမ္းေဆာင္ေနျခင္းျဖစ္ေၾကာင္း သိျမင္ၿပီး အေလး အနက္ထားယွဥ္ၿပိဳင္သြားၾကရန္ႏွင့္ ယခုက်င္းပသည့္ ၿပိဳင္ပြဲသည္ စစ္မွန္သည့္ မ်ဳိးခ်စ္စိတ္ဓာတ္ႏွင့္ အမ်ဳိးသားေရးလကၡဏာမ်ား တည္တံ့ထြန္းကားေစေရး၊ ႐ိုးရာဇာတ္သဘင္မ်ား မတိမ္ေကာ မပေပ်ာက္ ေစေရးအတြက္ အဓိကပင္မေရေသာက္ျမစ္ျဖစ္သည့္ အႏုသုခုမပညာရပ္မ်ားကို ျမႇင့္တင္ ေနျခင္းလည္းျဖစ္ ျခင္းေၾကာင့္ အမ်ဳိးအတြက္၊ ႏိုင္ငံ့အတြက္ ႀကီးေလးမြန္ျမတ္ေသာ အမ်ဳိးသားေရး တာ၀န္တစ္ရပ္ကို ထမ္းေဆာင္ခြင့္ရျခင္းျဖစ္ေၾကာင္းျဖင့္ အမွာစကား ေျပာၾကားခဲ့သည္။

ယင္းေနာက္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံးကြပ္ကဲမႈေအာက္ နယ္လွည့္ျပည္သူ႕ဆက္ဆံေရးတပ္ခြဲမ်ားမွ စစ္သည္၊ စစ္သမီးမ်ားက ႀကိဳးတပ္တူရိယာေခတ္ေပၚတီး၀ုိင္းႏွင့္ျမန္မာ့ဆုိင္း၀ုိင္းတုိ႕ျဖင့္ မ်ဳိးဇာတိဂုဏ္တို႕ လႊမ္းၿခံဳသီခ်င္း၊ ညီၫြတ္ရပ္တည္ ျမန္မာျပည္ယိမ္းအက၊  စည္ေတာ္သံအက မင္းသားယိမ္းအလွ၊ လာအိုျပည္သူ႕ဒီမိုကရက္တစ္သမၼတႏိုင္ငံတြင္ ေဖ်ာ္ေျဖခဲ့ေသာ စံေတာ္ခ်ိန္တီးလံုး၊ ပန္းျခင္းယိမ္း အကႏွင့္ တပ္မေတာ္အင္အား ရွိမွတုိင္းျပည္အင္အားရွိမည္ ေတးသီခ်င္းတုိ႔အား သီဆုိတီးမႈတ္ ကျပေဖ်ာ္ျခင္းႏွင့္ မ်က္လွည့္လက္လွည့္ျဖင့္ ေဖ်ာ္ေျဖ တင္ဆက္ျခင္းမ်ားျပဳလုပ္ရာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ၾကည့္႐ႈအားေပးၾကသည္။

အခမ္းအနားအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ေရာက္လာၾကသည့္ အကဲျဖတ္ အဖြဲ႕အႏုပညာရွင္ႀကီးမ်ားႏွင့္ စစ္သည္၊ စစ္သမီးမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံ ႏႈတ္ဆက္ ၾကသည္။

ထုိ႕ေနာက္ ၿပိဳင္ပြဲမ်ားအား ဆက္လက္က်င္းပရာ ေန႕လယ္ပုိင္းတြင္ ေခတ္ေဟာင္းေတးၿပိဳင္ပြဲႏွင့္ ညပိုင္း၌ ျမန္မာ့႐ုိးရာအၿငိမ့္ၿပိဳင္ပြဲတုိ႕အား က်င္းပခဲ့ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္ ေလ့က်င့္ေရးအရာရွိခ်ဳပ္ႏွင့္ဇနီး၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ တပ္နယ္မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ ၿပိဳင္ပြဲ၀င္တပ္မ်ားမွ အရာရွိ၊ စစ္သည္မ်ားက ၾကည့္႐ႈအားေပးၾကသည္။

အဆုိပါ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ျပည္သူ႕ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး၏ တပ္ဖြဲ႕တြင္း အဆုိ၊ အက၊ အေရး၊ အတီး၊ အၿငိမ့္၊ ျပဇာတ္ႏွင့္ မ်က္လွည့္ၿပိဳင္ပြဲမ်ားအား ကြပ္ကဲမႈေအာက္တပ္မ်ားမွ စစ္သည္၊ စစ္သမီးမ်ားျဖင့္ ႏွစ္စဥ္ က်င္းပျပဳလုပ္ေနျခင္းျဖစ္ၿပီး ၿပိဳင္ပြဲတြင္ေခတ္ေဟာင္းေတး၊ ကာလေပၚေတး၊ ေခတ္ေပၚေတး၊ အၿငိမ့္ၿပိဳင္ပြဲ၊ အကၿပိဳင္ပြဲ၊ ျမန္မာ့ဆုိင္းၿပိဳင္ပြဲ၊ ျမန္မာ့႐ုိးရာ ယဥ္ေက်းမႈ (စိတ္ႀကိဳက္)ယိမ္းအက၊ ႏွစ္ပါးသြားအက၊ ျပဇာတ္ၿပိဳင္ပြဲ၊ ေခတ္ေပၚတီး၀ုိင္း၊ မ်က္လွည့္ၿပိဳင္ပြဲႏွင့္အေရး ၿပိဳင္ပြဲမ်ားအား ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာ ၂ ရက္မွ ၇ ရက္အထိ ယွဥ္ၿပိဳင္က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မျိုးချစ်စိတ်နှင့် ယဉ်ကျေးမှုသည် နိုင်ငံ၏နှလုံးသည်းပွတ်၊ မြန်မာပီပီ ကိုယ့်မြေကိုချစ်၊ ကိုယ့် ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ခြင်းသည် စစ်မှန်သည့် အမျိုးသားရေးစိတ်ဓာတ်၊ ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပါပျောက်မည်၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက် ဖော်ထုတ်ကြရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်

နေပြည်တော်၊ စက်တင်ဘာ - ၂

မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခုမပညာရပ်များမှတစ်ဆင့် နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်ကို အရင်းခံသည့်မျိုးချစ်စိတ်များ ပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့ တပ်ဖွဲ့ဝင်များ၏ အနုပညာအရည်အသွေး  မှန်မှန်ကန်ကန် တိုးတက် ဖြစ်ထွန်းလာအောင် ဝါရင့်၊ သမ္ဘာရင့်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့် အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်ပညာရှင်များဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အကဲဖြတ်အဖွဲ့အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။

ဦးစွာ စိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီတို့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏(၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့ ပြောကြားရာတွင်  ယဉ်ကျေးမှုဆိုသည့် စကားရပ်ကို မြန်မာ့အဘိဓာန်တွင် “သိမ်မွေ့ ပြေပြစ်သောတတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်း တည်ရှိလာသော ဓလေ့ထုံးတမ်း” ဟူ၍လည်းကောင်း၊ မြန်မာ့အနုသုခုမ အဘိဓာန်တွင် “သိမ်မွေ့ပြေပြစ်သောအပြုအမူ၊ လူမှုအဆင့်အတန်း ပြောင်းလဲတိုးတက်လာစေတတ်သော တတ်သိ လိမ္မာမှု၊ အစဉ်အလာထိန်းသိမ်းလာခဲ့သော ထုံးတမ်း၊ ဓလေ့၊ ကျင့်ဝတ်၊ သာယာကြည်နူးဖွယ် အာရုံခံစားမှု ရရှိစေနိုင်အောင် အကျိုးပြုနိုင်သော နှုတ်မှု၊ လက်မှုအတတ်ပညာ၊ ယင်းအတတ် ပညာဖြင့် စီမံဆောင်ရွက်ပြသမှု” ဟူ၍ လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရမှာဖြစ် ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုသည် ၎င်းနိုင်ငံ၏ နှလုံးသည်းပွတ်၊ တစ်နည်းအားဖြင့် အဆင့်အတန်းဂုဏ်ဒြပ်ပင်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်မည် ဟူသော ဆိုရိုး စကားနှင့်အညီ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ မပပျောက်စေရန်၊ ကိုယ်ပိုင်အနုပညာနှင့် ခေတ်အဆက်ဆက် သမိုင်းအစဉ်အလာများ မတိမ်ကော၊ မပပျောက်စေရန်အတွက် ပညာရှင်များက နည်းမျိုးစုံဖြင့် မှတ်တမ်းတင်ပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းလာခဲ့ကြ တာဖြစ်ကြောင်း၊ ယင်းကို ရှေ့ဟောင်းယဉ်ကျေးမှုအမွေ အနှစ်များရှိရာ ဒေသအသီးသီးရှိ ဂူဘုရားနှင့် စေတီပုထိုးများမှ အနုသုခုမလက်ရာများ၊ ပိသုကာလက်ရာများ၊ ပေ၊ ပုရပိုဒ်များနှင့် ကျောက်စာ အထောက်အထားများအရ မြန်မာ့ယဉ်ကျေးမှုအဆင့်အတန်းသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှသည် ခေတ်အဆက်ဆက် တိုးတက်မြင့်မားခဲ့ကြောင်း ခိုင်ခိုင်မာမာ သက်သေပြလျက် ရှိကြောင်း ပြောကြားသည်။

ပျူခေတ်တွင် စတင်အခြေခိုင်ခဲ့သည့် ပျူခေတ်ကြေးရုပ်ငါးရုပ် အနုပညာလက်ရာမှသည် ပုဂံခေတ် ဂူဘုရားများရှိ နံရံဆေးရေးပန်းချီများတွင် တွေ့ရှိရသည့် မြတ်စွာဘုရားအား တူရိယာဂီတ အတီးအမှုတ်အကအခုန်များဖြင့် ပူဇော်နေဟန်၊ ကြာပန်းကြာနွယ်တို့ဖြင့် ပူဇော်နေဟန်၊ ဗုဒ္ဓဖြစ်စဉ်များအား အနုစိတ်သရုပ်ဖော်ထားဟန်၊ ပုဂံခေတ် လူနေမှုဘ၀ သရုပ်ဖော်ဟန်များက မိမိတို့၏ ယဉ်ကျေးမှုအနုသုခုမလက်ရာများ ခေတ်အဆက်ဆက်တွင် သီးပွင့်ဝေဆာခဲ့သည်ကို သက်သေပြနေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း(၄)၊ ပုဒ်မ(၉၆)၊ ဇယား(၁)၏ လူမှုရေးကဏ္ဍတွင် ရှေးဟောင်းယဉ်ကျေးမှု (သို့မဟုတ်) သမိုင်းဝင်ဒေသများ၊ အဆောက်အအုံများ၊ အထိမ်းအမှတ်များ၊ မှတ်တမ်းများ၊ ကျောက်စာများ၊ မင်စာများ၊ ပေပုရပိုက်များ၊ လက်ရေးစာများ၊ လက်ရာများ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ရှေ့ဟောင်းသုတေသန လုပ်ငန်းများ ဆိုသည့် အချက်နှင့် စာပေ၊ သဘင်၊ ဂီတ၊ ရိုးရာပန်း၊ ရုပ်ရှင်၊ ဗွီဒီယို ဆိုသည့် အချက်များကို ထည့်သွင်းရေးဆွဲပြီး စနစ်တကျထိန်းသိမ်းနိုင်ရန်နှင့် နည်းလမ်းမှန်မှန် ရှင်သန်ဖြစ်ထွန်းနိုင်ရန်အတွက် အလေးအနက်ထားဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း။

ယနေ့ခေတ်ကာလတွင် ခေတ်မီမြန်ဆန်လွန်းသည့် လူမှုဆက်သွယ်ရေးစနစ်များကနေတစ်ဆင့် တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့စရိုက်များသည် ကမ္ဘာအနှံ့ စီးကူးလျက်ရှိတာကို တွေ့ရမည်ဖြစ်ကြောင်း၊ ဖျော်ဖြေရေးလုပ်ငန်းနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် ငွေကြေးမြောက်များစွာ ရင်းနှီးမြှုပ်နှံပြီး မတူညီသည့် ယဉ်ကျေးမှုများကို စိမ့်ဝင်အောင် ဆောင်ရွက်လျက်ရှိကြကြောင်း၊ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က စတင်စိမ့်ဝင်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မဆီလျော်၊ မသင့်မြတ်သည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ၊ ဖျော်ဖြေတင်ဆက်မှုများသည် ယနေ့ကာလတွင် ပိုမိုပြန့်ပွားလျက်ရှိကြောင်း၊နုနယ်ငယ်ရွယ်သည့် မျိုးဆက်သစ်လူငယ်အချို့တွင် ဝင်ရောက်နေသော မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်သည့် အမူအကျင့်၊ အပြောအဆို၊ အကျင့်အကြံများ ဝင်ရောက်လွှမ်းမိုးနေသည်ကို တတ်နိုင်သမျှ ဖယ်ထုတ်ပေးနိုင်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ တိုင်းတစ်ပါးယဉ်ကျေးမှုလွှမ်းမိုးခံနေရသည့် လူငယ်လူရွယ်များကို ပစ်ပယ်မထားဘဲ ယဉ်ကျေးမှု လမ်းကြောင်းအမှားကနေ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတတ်သည့် လမ်းကြောင်းအမှန်ပေါ် ရောက်အောင်လက်တွဲခေါ် စည်းရုံးသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုး တန်ဖိုးထားတတ်မှသာ ကိုယ့်အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ရှိကြမည်ဖြစ်ကြောင်း။

ယနေ့ခေတ်တွင် အတိတ်ကလို လက်နက်ဆွဲကိုင်နယ်ချဲ့ကျူးကျော်မှုမျိုးများ မတွေ့ရတော့ဘဲ နိုင်ငံတစ်နိုင်ငံကိုအသုံးချလိုမည်ဆိုလျှင် ဘက်ပေါင်းစုံကနေ   Multi  Dimensional  Warfare အဖြစ် Proxy State၊ Proxy Government၊ Proxy Leader  များအဖြစ် ဖန်တီးလျက်ရှိကြကြောင်း၊ ၎င်းအထဲတွင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး၊ ဖျော်ဖြေရေးလုပ်ငန်းများ မျိုးစုံ ပါဝင်နေကြကြောင်း၊ မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးလုပ်ပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေသည့် အဖျက် သမားအုပ်စုများ၊အကြမ်းဖက်အုပ်စုများစွာ ရှိနေကြကြောင်း၊  မိမိတို့တိုင်းရင်းသားညီအစ်ကိုများအားလုံး ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးကို ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်စေရန် ကိုယ်စီကိုယ်ငှ ယုံကြည်ချက်၊ ခံယူချက်ပြည့်ဝနေရန် အရေးကြီးကြောင်း၊ မြန်မာပီပီ ကိုယ့်မြေကိုယ်ချစ်၊ ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးတတ်ခြင်း သည် စစ်မှန်သည့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည့်အပြင် နိုင်ငံသားတစ်ဦး အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်နေခြင်းလည်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြောကြားရာတွင် ဘာသာတရားကို မျက်ကွယ်ပြုသည့်ခေတ်၊ အနုသုခုမယဉ်ကျေးမှုကို မျက်ကွယ်ပြုသည့်ခေတ်များတွင် နိုင်ငံသူနိုင်ငံသားများသည် ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်များ ယုတ်လျော့ခြင်း၊ အမျိုးသားရေးနှင့် ကျေးဇူးသစ္စာတရားများပျက်ယွင်းခြင်းများ ရှိခဲ့ခြင်းကြောင့် တိုင်းပြည်နှင့် လူမျိုးများအနေဖြင့် ကြီးမားသည့် အန္တရာယ်များဖြစ်ပေါ်ခဲ့ရသည်ကိုလည်း သာဓက အသီးသီးတွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တစ်ပြည် ခေတ်မီတိုးတက်ရန် အတွက် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ရန် နိုင်ငံသူ၊ နိုင်ငံသားများ၏လိုအပ်သည့် မရှိမဖြစ်စိတ်နေစိတ်ထားများကိုတစ်ဖက်တစ်လမ်းက ထိန်းကျောင်း တည့်မတ်ပေးနိုင်သည့်အရာများမှာ အနုသုခုမပညာဖြစ်ခြင်းကြောင့် အနုသုခုမပညာသည် မရှိမဖြစ် လိုအပ်ကြောင်း။

“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်” ဆိုသည့်အတိုင်း အပြောမဟုတ်ဘဲ အလုပ်များနှင့် သက်သေထူလျက်ရှိကြောင်း၊ တပ်မတော်၏ အဓိကတာဝန်ကြီးများဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအပြင် တစ်ဖက်တစ်လမ်းကနေ အမျိုးသားရေးလက္ခဏာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ မျိုးချစ်စိတ်နှင့် ယဉ်ကျေးမှုတို့သည် နိုင်ငံတစ်ခု၏ နှလုံးသည်းပွတ်ဆိုသည့်စကားမှာ မှန်ကန်ကြောင်း၊ ဇာတိသွေး၊ ဇာတိမာန်၊ မျိုးချစ်စိတ်တို့ မရှိဘဲ ယဉ်ကျေးမှုချည်းသက်သက်နှင့် နိုင်ငံတစ်ခုမှာ ရေရှည်ရပ်တည်နိုင်စွမ်းရှိရန် ခဲယဉ်းမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင်လည်း အမျိုးဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုကို အလေးထားသည့် နိုင်ငံ့ခေါင်းဆောင်များလက်ထက်တွင် နိုင်ငံတော် စည်ပင်ဝပြောပြီး တည်ငြိမ် အေးချမ်းမှုရှိတာကို တွေ့ခဲ့ရကြောင်း၊ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှုလျော့နည်းလာ ပါက နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးများက လွယ်လင့်တကူဝင်ရောက်လာမည်ဆိုသည်ကို သတိပြုစေလိုကြောင်း၊ အထူးသဖြင့် ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်ကြရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ ယနေ့ဆောင်ရွက်နေသော တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲသည် အရိုးပေါ်အရွက်ဖုံးတော့မည့်၊ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသည့် အနုသုခုမ သဘင်ပညာအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနေခြင်း၊ ထိန်းသိမ်းနိုင်သူများ ဖြစ်ခြင်း ဆိုသည်ကို ဂုဏ်ယူဝမ်းမြောက်ကြရမှာဖြစ်ကြောင်း။

တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများ ကျင်းပ ပေးနိုင်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင်များ၏ အနုပညာအရည်အသွေးတိုးတက်မြင့်မားလာသည့်အပြင် မြတ်နိုးစွာတန်ဖိုးထားအပ်သည့် မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ထိန်းသိမ်းနိုင်ခြင်း၊ ချစ်စရာ့ တိုင်းရင်းသားရိုးရာအကပဒေသာများကို ထိန်းသိမ်းနိုင်ခြင်းများကြောင့် အင်မတန်အဖိုးထိုက်တန်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများ ရှေ့တန်းတွင် ဖျော်ဖြေရေးတာဝန်ထမ်းဆောင်သည့်အခါ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာအကပဒေသာများဖြင့် ပူးပေါင်းဖျော်ဖြေ တင်ဆက်နိုင်ခဲ့သည့်အတွက် ဥမကွဲသိုက်မပျက်စည်းလုံးလျက်ရှိသည်ကို ပုံဖော် နိုင်ခဲ့သည့်အပြင် နိုင်ငံအတွင်း ရိုးရာယဉ်ကျေးမှုများဖလှယ်နိုင်ခဲ့သည်ကိုလည်း တွေ့ရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ပြိုင်ပွဲဝင်များ၏ ကြိုးစားအားထုတ်မှုရလဒ်ကြောင့် နိုင်ငံတစ်ကာမှ လာရောက်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများနှင့် အဆင့်အတန်းရှိရှိ ဖျော်ဖြေတင်ဆက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့တပ်မတော် ယဉ်ကျေးမှု အဖွဲ့၊ မြဝတီတေးဂီတနှင့် အငြိမ့်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတစ်ကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဌာနမှ International Army Games- 2019 နှင့် House of Friendship ပြိုင်ပွဲတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် အောင်မြင်စွာ သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အကောင်းဆုံး အဆို၊ အက၊ အတီးဆုများ ရရှိခဲ့ခြင်းသည် မိမိတို့ တပ်မတော်၏ အရည်အသွေးနှင့်တစ်ကွ မြန်မာနိုင်ငံ၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာကို ကမ္ဘာအထိ ချပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုးရာအမွေအနှစ် သဘင်အနုသုခုမ ပညာရပ်များအပေါ် ထိန်းသိမ်းဖော်ထုတ်ခြင်းဖြင့် တာဝန်ကျေပွန်သောနိုင်ငံ့သားကောင်း မောင်မယ်များဖြစ်ကြလျက် တပ်ဖွဲ့၏ဂုဏ်၊ တပ်မတော်၏ ဂုဏ်သိက္ခာအဆင့်အတန်း အစဉ်မြင့်မားရေးအတွက် အထောက်အကူ တစ်ရပ်ဖြစ်နေမည်ဆိုသည်ကို စွဲမှတ်ဂုဏ်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိဂုံးချုပ်အနေဖြင့် ယဉ်ကျေးမှုဆိုသည်မှာ လူမျိုးတစ်မျိုး၏ နှလုံးသည်းပွတ် ဖြစ်ခြင်းကြောင့် ခွန်အားဗလညီမျှတောင့်တင်းစေကာမူ နှလုံးသည်းပွတ် ချို့ယွင်းပါက အသက်ရှင်ရပ်တည် နိုင်ရန်ခဲယဉ်းသည်ကို သတိပြုကြရန်၊ မနာလိုမရှုစိတ်ရှိသူများ၏ ဘက်ပေါင်းစုံက နည်းလမ်းမျိုးစုံ သုံးပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ်များကနေ ယဉ်ကျေးမှုလို နူးညံ့သိမ်မွေ့သည့် နယ်ပယ်များအထိ ထိုးဖောက်တိုက်ခိုက်နေခြင်းဖြစ်သဖြင့် သတိကြီးစွာ ကာကွယ်တုံ့ပြန်သွားကြရန်၊ ယခုကဲ့သို့ ကျင်းပပြုလုပ်သည့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခြင်းသည် အမိနိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကို တစ်ဖက်တစ်လမ်းက ထမ်းဆောင်နေခြင်းဖြစ်ကြောင်း သိမြင်ပြီး အလေး အနက်ထားယှဉ်ပြိုင်သွားကြရန်နှင့် ယခုကျင်းပသည့် ပြိုင်ပွဲသည် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးလက္ခဏာများ တည်တံ့ထွန်းကားစေရေး၊ ရိုးရာဇာတ်သဘင်များ မတိမ်ကော မပပျောက် စေရေးအတွက် အဓိကပင်မရေသောက်မြစ်ဖြစ်သည့် အနုသုခုမပညာရပ်များကို မြှင့်တင် နေခြင်းလည်းဖြစ်ခြင်းကြောင့် အမျိုးအတွက်၊ နိုင်ငံ့အတွက် ကြီးလေးမွန်မြတ်သော အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ခွင့်ရခြင်းဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ကြိုးတပ်တူရိယာခေတ်ပေါ်တီးဝိုင်းနှင့်မြန်မာ့ဆိုင်းဝိုင်းတို့ဖြင့် မျိုးဇာတိဂုဏ်တို့ လွှမ်းခြုံသီချင်း၊ ညီညွတ်ရပ်တည် မြန်မာပြည်ယိမ်းအက၊  စည်တော်သံအက မင်းသားယိမ်းအလှ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဖျော်ဖြေခဲ့သော စံတော်ချိန်တီးလုံး၊ ပန်းခြင်းယိမ်း အကနှင့် တပ်မတော်အင်အား ရှိမှတိုင်းပြည်အင်အားရှိမည် တေးသီချင်းတို့အား သီဆိုတီးမှုတ် ကပြဖျော်ခြင်းနှင့် မျက်လှည့်လက်လှည့်ဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းများပြုလုပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

အခမ်းအနားအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသည့် အကဲဖြတ် အဖွဲ့အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ကြသည်။

ထို့နောက် ပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ နေ့လယ်ပိုင်းတွင် ခေတ်ဟောင်းတေးပြိုင်ပွဲနှင့် ညပိုင်း၌ မြန်မာ့ရိုးရာအငြိမ့်ပြိုင်ပွဲတို့အား ကျင်းပခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်နှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် ပြိုင်ပွဲဝင်တပ်များမှ အရာရှိ၊ စစ်သည်များက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများအား ကွပ်ကဲမှုအောက်တပ်များမှ စစ်သည်၊ စစ်သမီးများဖြင့် နှစ်စဉ် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု (စိတ်ကြိုက်)ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့်အရေး ပြိုင်ပွဲများအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂ ရက်မှ ၇ ရက်အထိ ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News