MNDAA၊ TNLA၊ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီးမ်ားျဖင့္ ကြတ္ခိုင္ၿမိဳ႕အတြင္း လာေရာက္ေႏွာင့္ယွက္ပစ္ခတ္သျဖင့္ အရပ္သားမ်ား ေသဆံုး/ဒဏ္ရာရရွိမႈႏွင့္ပတ္သက္၍ ျဖစ္စဥ္မွန္ သတင္းထုတ္ျပန္

MNDAA၊ TNLA၊  AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီးမ်ားျဖင့္ ကြတ္ခိုင္ၿမိဳ႕အတြင္း လာေရာက္ေႏွာင့္ယွက္ပစ္ခတ္သျဖင့္ အရပ္သားမ်ား ေသဆံုး/ဒဏ္ရာရရွိမႈႏွင့္ပတ္သက္၍ ျဖစ္စဥ္မွန္ သတင္းထုတ္ျပန္

ေနျပည္ေတာ္၊ စက္တင္ဘာ - ၂

MNDAA၊ TNLA၊  AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ၂၀၁၉ ၾသဂုတ္လ ၃၁ ရက္ ၀၉၀၀ နာရီမွ ၁၁၀၀  နာရီအထိ ကြတ္ခိုင္ၿမိဳ႕တြင္းႏွင့္ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္တုိ႔အား ေနရာ ၂ ေနရာမွ လက္နက္ႀကီးမ်ားျဖင့္ လာေရာက္ေႏွာင့္ယွက္ပစ္ခတ္ခဲ့ရာ ေမာ္ဟစ္စုစည္းရြာအတြင္း က်ေရာက္ ေပါက္ကြဲခဲ့သျဖင့္ ေဒၚထြယ္ရာ (ဘ)ဦးေဇာ္ဂ်ာ အပါအ၀င္ အရပ္သား ၅ ဦး ေသဆံုးၿပီး၊ ဦးဂ်ံဳေဒါင္း (ဘ) ဦးဂြမ္ဂ်ံဳး အပါအ၀င္ ၃ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ကြတ္ခိုင္ၿမိဳ႕ႏွင့္ နယ္ေျမခံတပ္ဌာနခ်ဳပ္မ်ားအား လာေရာက္ ပစ္ခတ္သည့္ လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မ်ားႏွင့္ ၄င္းတို႔၏ တရားမ၀င္ Website မ်ားမွ တပ္မေတာ္က ရြာတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့မႈေၾကာင့္ အရပ္သား ရြာသူ/ရြာသားမ်ား ေသဆုံး/ဒဏ္ရာရရွိခဲ့သည္ဟု သတင္းမွားႏွင့္ ေကာလာဟလထုတ္လႊင့္ခဲ့ေၾကာင္း ေတြ႕ရွိရသည္။ ျဖစ္စဥ္မွန္အား စိစစ္ရာ ေသာင္းက်န္းသူမ်ားအေနျဖင့္ ကြတ္ခိုင္ၿမိဳ႕တြင္းႏွင့္ နယ္ေျမခံတပ္ရင္း ဌာနခ်ဳပ္တုိ႔အား  ကြတ္ခိုင္ၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ မန္ထန္ရြာ ကခ်င္ခ်ပ္စ္ေက်ာင္း အနီးေနရာမွ လည္းေကာင္း၊ ကြတ္ခိုင္ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ပန္ေဆးေက်းရြာ အနီးေနရာမွ လည္းေကာင္း အသီးသီး လက္နက္ႀကီးမ်ားျဖင့္ လာေရာက္ေႏွာင့္ယွက္ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ယခုျဖစ္စဥ္ အပါအ၀င္ ၾသဂုတ္လ ၁၅ ရက္မွ ယေန႔အထိ ကြတ္ခိုင္ၿမိဳ႕ပတ္၀န္းက်င္အား ေသာင္းက်န္းသူမ်ားမွ လက္နက္ႀကီးျဖင့္ ေႏွာင့္ယွက္ပစ္ခတ္မႈမွာ ၅ ႀကိမ္ရွိၿပီး ျဖစ္သည္။ အဆိုပါ ေမာ္ဟစ္စုစည္း ေက်းရြာသည္ ကြတ္ခိုင္ၿမိဳ႕၏ ေျမာက္ဘက္မီတာ ၁၀၀၀ အကြာအေ၀းခန္႔အတြင္း၌ရွိၿပီး  ပန္ေဆး ေက်းရြာအနီးမွ ပစ္ခတ္သည့္ ရန္သူ႕က်ည္လမ္းေၾကာင္းႏွင့္ မန္ထန္ရြာကခ်င္ခ်ပ္စ္ ေက်ာင္းအနီးမွ ပစ္ခတ္သည့္ ရန္သူ႔က်ည္လမ္းေၾကာင္း  ၂ ေၾကာင္း ေပၚ၌ က်ေရာက္ လ်က္ရွိသည္ကို လက္နက္ႏွင့္ ခဲယမ္း ကြၽမ္းက်င္ပညာရွင္မ်ားက စစ္ေဆးေတြ႕ရွိရသည္။ 

၄င္းအျပင္  လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ ပထမဦးဆုံးတင္ခဲ့သည့္ ဗုံးသီးဒလက္ပိုင္း ဓာတ္ပုံ အေထာက္အထားသည္ အမွတ္အသားစာ တစ္စုံတစ္ရာ မပါေသာ္လည္း ေနာက္ပိုင္း တင္သည့္ ဓာတ္ပံုမ်ား၌ တပ္မေတာ္မွ ထုတ္လုပ္သည့္ ဗုံးသီးပုံသ႑ာန္အမွတ္အသားစာမ်ားပါသည့္ ဓာတ္ပံုမ်ားကို တင္၍ လုပ္ႀကံဖန္တီး သတင္းအမွားမ်ား/ေကာလာဟလမ်ား ေရးသားေဖာ္ျပေန ေၾကာင္း ေတြ႕ရွိရသည္။

၄င္းျဖစ္စဥ္ႏွင့္ပတ္သက္၍ လက္နက္/ခဲယမ္းပညာရွင္မ်ားျဖင့္ စိစစ္ခဲ့ရာ ရန္သူ လာေရာက္ ပစ္ခတ္ခဲ့သည့္ေနရာႏွင့္ က်ည္သြားလမ္းေၾကာင္းမ်ားအရ ေမာ္ဟစ္စုစည္း ေက်းရြာအတြင္း က်ေရာက္ ေပါက္ကြဲခဲ့သည့္  လက္နက္ႀကီးက်ည္မ်ားမွာ ရန္သူ ပစ္ခတ္မႈေၾကာင့္သာျဖစ္ေၾကာင္းႏွင့္ အေသးစိတ္ စံုစမ္းစစ္ေဆးမႈမ်ားအား ဆက္လက္ျပဳလုပ္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

(Unicode Version)

MNDAA၊ TNLA၊  AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ကွတ်ခိုင်မြို့အတွင်း လာရောက်နှောင့်ယှက်ပစ်ခတ်သဖြင့် အရပ်သားများ သေဆုံး/ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ဖြစ်စဉ်မှန် သတင်းထုတ်ပြန်

နေပြည်တော်၊ စက်တင်ဘာ - ၂

MNDAA၊ TNLA၊  AA အကြမ်းဖက်သောင်းကျန်းသူများက ၂၀၁၉ သြဂုတ်လ ၃၁ ရက် ၀၉၀၀ နာရီမှ ၁၁၀၀  နာရီအထိ ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တို့အား နေရာ ၂ နေရာမှ လက်နက်ကြီးများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ရာ မော်ဟစ်စုစည်းရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေါ်ထွယ်ရာ (ဘ)ဦးဇော်ဂျာ အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး၊ ဦးဂျုံဒေါင်း (ဘ) ဦးဂွမ်ဂျုံး အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကွတ်ခိုင်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား လာရောက် ပစ်ခတ်သည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် ၎င်းတို့၏ တရားမဝင် Website များမှ တပ်မတော်က ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ရွာသူ/ရွာသားများ သေဆုံး/ဒဏ်ရာရရှိခဲ့သည်ဟု သတင်းမှားနှင့် ကောလာဟလထုတ်လွှင့်ခဲ့ကြောင်း တွေ့ရှိရသည်။ ဖြစ်စဉ်မှန်အား စိစစ်ရာ သောင်းကျန်းသူများအနေဖြင့် ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်တို့အား  ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မန်ထန်ရွာ ကချင်ချပ်စ်ကျောင်း အနီးနေရာမှ လည်းကောင်း၊ ကွတ်ခိုင်မြို့၏ အနောက်တောင်ဘက် ပန်ဆေးကျေးရွာ အနီးနေရာမှ လည်းကောင်း အသီးသီး လက်နက်ကြီးများဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ် အပါအဝင် သြဂုတ်လ ၁၅ ရက်မှ ယနေ့အထိ ကွတ်ခိုင်မြို့ပတ်ဝန်းကျင်အား သောင်းကျန်းသူများမှ လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်မှုမှာ ၅ ကြိမ်ရှိပြီး ဖြစ်သည်။ အဆိုပါ မော်ဟစ်စုစည်း ကျေးရွာသည် ကွတ်ခိုင်မြို့၏ မြောက်ဘက်မီတာ ၁၀၀၀ အကွာအဝေးခန့်အတွင်း၌ရှိပြီး  ပန်ဆေး ကျေးရွာအနီးမှ ပစ်ခတ်သည့် ရန်သူ့ကျည်လမ်းကြောင်းနှင့် မန်ထန်ရွာကချင်ချပ်စ် ကျောင်းအနီးမှ ပစ်ခတ်သည့် ရန်သူ့ကျည်လမ်းကြောင်း  ၂ ကြောင်း ပေါ်၌ ကျရောက် လျက်ရှိသည်ကို လက်နက်နှင့် ခဲယမ်း ကျွမ်းကျင်ပညာရှင်များက စစ်ဆေးတွေ့ရှိရသည်။

၎င်းအပြင်  လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပထမဦးဆုံးတင်ခဲ့သည့် ဗုံးသီးဒလက်ပိုင်း ဓာတ်ပုံ အထောက်အထားသည် အမှတ်အသားစာ တစ်စုံတစ်ရာ မပါသော်လည်း နောက်ပိုင်း တင်သည့် ဓာတ်ပုံများ၌ တပ်မတော်မှ ထုတ်လုပ်သည့် ဗုံးသီးပုံသဏ္ဍာန်အမှတ်အသားစာများပါသည့် ဓာတ်ပုံများကို တင်၍ လုပ်ကြံဖန်တီး သတင်းအမှားများ/ကောလာဟလများ ရေးသားဖော်ပြနေ ကြောင်း တွေ့ရှိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်/ခဲယမ်းပညာရှင်များဖြင့် စိစစ်ခဲ့ရာ ရန်သူ လာရောက် ပစ်ခတ်ခဲ့သည့်နေရာနှင့် ကျည်သွားလမ်းကြောင်းများအရ မော်ဟစ်စုစည်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သည့်  လက်နက်ကြီးကျည်များမှာ ရန်သူ ပစ်ခတ်မှုကြောင့်သာဖြစ်ကြောင်းနှင့် အသေးစိတ် စုံစမ်းစစ်ဆေးမှုများအား ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Recent News