

နေပြည်တော်   စက်တင်ဘာ   ၎



(Unicode Version)

သီရိလင်္ကာရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ

နေပြည်တော်   စက်တင်ဘာ   ၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် သီရိလင်္ကာ ရေတပ်မှ စစ်ရေယာဉ် SLNS SAYURA နှင့် SLNS NANDIMITHRA တို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်း MITTတံတားမှပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များအား စစ်ရေယာဉ်မှူးဖြစ်သူ CAPTAIN  LN  HEWAVITHARANE ဦးစီး၍ အရာရှိ၊ စစ်သည်၂၉၂ ဦးနှင့် အလုပ်သင်အရာရှိ ၂၉ ဦးတို့ လိုက်ပါလာပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်းနှင့် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News