ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္အား လက္ခံ ေတြ႕ဆံု

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း  ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္အား လက္ခံ ေတြ႕ဆံု

ေနျပည္ေတာ္၊ စက္တင္ဘာ -၅

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းသည္ ယေန႕နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာအထူးကုိယ္စားလွယ္ Ms. Christine Schraner Burgener ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖဲြ႕အား လက္ခံေတြ႕ဆံုသည္။

ယင္းသို႔ေတြ႕ဆုံရာတြင္  ထာ၀ရၿငိမ္းခ်မ္းေရးရရွိေစရန္ အစိုးရႏွင့္ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအတိုင္း ဆက္လက္ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ရခိုင္ျပည္နယ္အတြင္း ေနရပ္စြန္႕ခြာသူမ်ား ျပန္လည္လက္ခံႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံဘက္မွ ႀကဳိတင္ျပင္ဆင္မႈႏွင့္ လုံၿခံဳေရးအျပည့္အ၀ေဆာင္ရြက္ထားရွိမႈ  အေျခအေနမ်ား၊ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာ နယ္ေျမအတြင္း ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ဥပေဒႏွင့္အညီ စစ္တရားရံုးျဖင့္ ဖြဲ႕စည္း စစ္ေဆးႏိုင္ေရး ေဆာင္ရြက္မႈအေျခအေနမ်ား၊ တပ္မေတာ္သားမ်ားအေနျဖင့္ တာ၀န္ထမ္းေဆာင္ရာ တြင္ တည္ဆဲဥပေဒမ်ားအေပၚ လိုက္နာက်င့္သံုး ထိန္းသိမ္းေဆာင္ရြက္မႈ အေျခအေနမ်ားအား ရင္းႏွီး ပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္  ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ စစ္ဥပေဒခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္၍ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ Ms. Christine Schraner Burgener ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကၿပီး ေတြ႕ဆံုပဲြအၿပီးတြင္ အမွတ္တရစုေပါင္း ဓာတ္ပံု႐ုိက္ခဲ့ၾက ေၾကာင္း သတင္းရရိွသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ -၅

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင်  ထာဝရငြိမ်းချမ်းရေးရရှိစေရန် အစိုးရနှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ပြင်ဆင်မှုနှင့် လုံခြုံရေးအပြည့်အဝဆောင်ရွက်ထားရှိမှု  အခြေအနေများ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ စစ်တရားရုံးဖြင့် ဖွဲ့စည်း စစ်ဆေးနိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ရာ တွင် တည်ဆဲဥပဒေများအပေါ် လိုက်နာကျင့်သုံး ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တွေ့ဆုံပွဲအပြီးတွင် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

Recent News