ဘူးသီးေတာင္ၿမိဳ႕နယ္၊ စည္ေတာင္ေက်းရြာႏွင့္ ေရေခါင္းေခ်ာင္းေက်းရြာအၾကား၌ ရဟတ္ယာဥ္ ၁ စီး ေခတၱဆင္းသက္ ရပ္နားမႈႏွင့္ပတ္သက္၍ ထုတ္ျပန္ျခင္း

ဘူးသီးေတာင္ၿမိဳ႕နယ္၊ စည္ေတာင္ေက်းရြာႏွင့္ ေရေခါင္းေခ်ာင္းေက်းရြာအၾကား၌ ရဟတ္ယာဥ္ ၁ စီး ေခတၱဆင္းသက္ ရပ္နားမႈႏွင့္ပတ္သက္၍ ထုတ္ျပန္ျခင္း

ေနျပည္ေတာ္ ၊  စက္တင္ဘာ ၆

ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စည္ေတာင္ေက်းရြာႏွင့္ ေရေခါင္းေခ်ာင္း ေက်းရြာအၾကားစားက်က္ေျမ၌ ယေန႔နံနက္ ၁၁ နာရီခန္႔တြင္ ရဟတ္ယာဥ္ ၁ စီး ေခတၱ ဆင္းသက္ရပ္နားခဲ့ေၾကာင္း သိရွိရသည္။

အဆုိပါရဟတ္ယာဥ္မွာ အင္ဒုိနီးရွားႏိုင္ငံ သစ္ေတာမီးေလာင္မႈသို႔ သြားေရာက္ကူညီမည့္ နီေပါႏုိင္ငံမွ  Mi-8 -MTV-1 အမ်ဳိးအစား (Registration No/ Call Sgn: 9N-AHT) Helicopter  ၁ စီးျဖစ္ကာ ပ်ံသန္းစဥ္ ရာသီဥတုဆုိးရြာမႈေၾကာင့္ ယခုကဲ့သို႔ အေရးေပၚဆင္းသက္ရျခင္းျဖစ္ၿပီး Bangladesh- Yangon - Thailand ခရီးစဥ္မ်ား ပ်ံသန္းရန္အတြက္ ျမန္မာႏိုင္ငံအေပၚမွ ျဖတ္ေက်ာ္ပ်ံသန္းခြင့္ႏွင့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္၌ ဆင္းသက္ရပ္နားခြင့္တုိ႔ကိုလည္း အင္ဒိုနီးရွားႏိုင္ငံ သံ႐ံုးမွတစ္ဆင့္ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာနႏွင့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီး ဌာနမ်ားသို႔ တရား၀င္ ျဖတ္ေက်ာ္ ပ်ံသန္းဆင္းသက္ရပ္နားခြင့္ တင္ျပေတာင္းခံထားသည့္ ရဟတ္ယာဥ္ ၁ စီးျဖစ္ေၾကာင္း သိရသည္။

၎ရဟတ္ယာဥ္သည္ ရာသီဥတု ျပန္လည္ေကာင္းမြန္လာသည့္အတြက္ ဆင္းသက္ခဲ့သည့္ေနရာမွ ဆက္လက္ပ်ံသန္းခဲ့ရာ စစ္ေတြေလဆိပ္သို႔ နံနက္ ၁၁ နာရီ ၅၀ မိနစ္ခန္႔တြင္ ေရာက္ရွိခဲ့ၿပီး ရခုိင္ျပည္နယ္၊ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီးႏွင့္ တာ၀န္ရိွသူမ်ားက သြားေရာက္ေတြ႕ဆုံ၍ လိုအပ္သည့္ကူညီမႈမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာနှင့် ရေခေါင်းချောင်းကျေးရွာအကြား၌ ရဟတ်ယာဉ် ၁ စီး ခေတ္တဆင်းသက် ရပ်နားမှုနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်း

နေပြည်တော် ၊  စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာနှင့် ရေခေါင်းချောင်း ကျေးရွာအကြားစားကျက်မြေ၌ ယနေ့နံနက် ၁၁ နာရီခန့်တွင် ရဟတ်ယာဉ် ၁ စီး ခေတ္တ ဆင်းသက်ရပ်နားခဲ့ကြောင်း သိရှိရသည်။

အဆိုပါရဟတ်ယာဉ်မှာ အင်ဒိုနီးရှားနိုင်ငံ သစ်တောမီးလောင်မှုသို့ သွားရောက်ကူညီမည့် နီပေါနိုင်ငံမှ  Mi-8 -MTV-1 အမျိုးအစား (Registration No/ Call Sgn: 9N-AHT) Helicopter  ၁ စီးဖြစ်ကာ ပျံသန်းစဉ် ရာသီဥတုဆိုးရွာမှုကြောင့် ယခုကဲ့သို့ အရေးပေါ်ဆင်းသက်ရခြင်းဖြစ်ပြီး Bangladesh- Yangon - Thailand ခရီးစဉ်များ ပျံသန်းရန်အတွက် မြန်မာနိုင်ငံအပေါ်မှ ဖြတ်ကျော်ပျံသန်းခွင့်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက်ရပ်နားခွင့်တို့ကိုလည်း အင်ဒိုနီးရှားနိုင်ငံ သံရုံးမှတစ်ဆင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနများသို့ တရားဝင် ဖြတ်ကျော် ပျံသန်းဆင်းသက်ရပ်နားခွင့် တင်ပြတောင်းခံထားသည့် ရဟတ်ယာဉ် ၁ စီးဖြစ်ကြောင်း သိရသည်။

၎င်းရဟတ်ယာဉ်သည် ရာသီဥတု ပြန်လည်ကောင်းမွန်လာသည့်အတွက် ဆင်းသက်ခဲ့သည့်နေရာမှ ဆက်လက်ပျံသန်းခဲ့ရာ စစ်တွေလေဆိပ်သို့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News