ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႔ (၁၆)ႀကိမ္ေျမာက္ အာဆီယံ ေလတပ္ ဦးစီးခ်ဳပ္မ်ား အစည္းအေဝးသို့ တက္ေရာက္

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႔ (၁၆)ႀကိမ္ေျမာက္ အာဆီယံ ေလတပ္ ဦးစီးခ်ဳပ္မ်ား အစည္းအေဝးသို့ တက္ေရာက္

ေနျပည္ေတာ္ စက္တင္ဘာ ၆

ဘ႐ူႏုိင္းႏုိင္ငံ၌က်င္းပျပဳလုပ္မည့္ (၁၆) ႀကိမ္ေျမာက္ အာဆီယံေလတပ္ဦးစီးခ်ဳပ္ မ်ားအစည္းအေဝး (16th  ASEAN  Air Chiefs Conference-16th AACC) သုိ႔တက္ ေရာက္ရန္အတြက္ ဘ႐ူႏုိင္းႏုိင္ငံသို႔ေရာက္ရွိ ေနသည့္   ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ ဦးေဆာင္ ေသာ ကုိယ္စားလွယ္အဖြဲ႕သည္ စက္တင္ဘာ ၂ ရက္ ညေနပုိင္းတြင္ Bandar Seri BeGawan ၿမိဳ႕ေတာ္ရွိ The Empire Hotel, Meeting Room One ၌ ဘ႐ူႏုိင္းေတာ္ဝင္ ေလတပ္ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕အားလည္းေကာင္း၊ ဖိလစ္ပုိင္ေလတပ္ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕အား လည္းေကာင္း သီးျခားစီေတြ႕ဆံု၍  အာဆီယံ ေလတပ္မ်ား အၾကား ပုိမုိ ပူးေပါင္းေဆာင္ရြက္ ေရး၊ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား၊ သဘာဝေဘး အႏၲရာယ္ ကာကြယ္ေရး လုပ္ငန္းမ်ားအၾကား ပုိမုိ နီးကပ္စြာပူးေပါင္း ေဆာင္ရြက္ေရး၊   အၾကမ္းဖက္ကာကြယ္ တားဆီးေရးလုပ္ငန္းမ်ားအတြက္ အာဆီယံ ေလတပ္မ်ားအၾကား ပူးေပါင္းေဆာင္ရြက္ ေရးကိစၥရပ္မ်ားအား ေဆြးေႏြးၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဦးေဆာင္ေသာကုိယ္စားလွယ္အဖြဲ႕သည္ စက္တင္ဘာ ၃ ရက္ နံနက္ပုိင္းတြင္ Bandar Seri Begawan ၿမိဳ႕ေတာ္ရွိ The Empire Hotel ၌က်င္းပျပဳလုပ္ေသာ (၁၆)ႀကိမ္ ေျမာက္ အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ား အစည္းအေဝးသုိ႔တက္ေရာက္ၾကသည္။ ၎ ေနာက္ အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ားႏွင့္ အတူ ဘ႐ူႏုိင္းႏုိင္ငံ ဒုတိယကာကြယ္ေရး ဝန္ႀကီးအား သြားေရာက္ေတြ႕ဆံုႏႈတ္ဆက္ ၾကသည္။ ဆက္လက္၍ အာဆီယံေလတပ္ ဦးစီးခ်ဳပ္မ်ားသည္ ဘ႐ူႏုိင္းႏုိင္ငံရွိ Rimba ေလတပ္စခန္းတြင္က်င္းပေသာ (၁၆)ႀကိမ္ ေျမာက္ အာဆီယံေလတပ္ဦးစီးခ်ဳပ္မ်ား  အစည္းအေဝးအထိမ္းအမွတ္ အမွတ္တရ သစ္ပင္စုိက္ပ်ဳိးပြဲသို႔တက္ေရာက္၍ အမွတ္ တရသစ္ပင္မ်ားစုိက္ပ်ဳိးၾကသည္။

ထုိ႔ေနာက္  ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဦးေဆာင္ေသာ  ကုိယ္စားလွယ္အဖြဲ႕သည္  ညေနပုိင္းတြင္ The Empire   Hotel,  Meeting  Room Three ၌ ထုိင္းဘုရင့္ ေလတပ္ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕အား   ေတြ႕ဆံု၍  ႏွစ္ႏုိင္ငံေလတပ္မ်ားအၾကား ယခုထက္ပုိမုိ ပူးေပါင္းေဆာင္ရြက္ေရး၊ အာဆီယံေလတပ္ မ်ားအၾကား လက္ေတြ႕ပူးေပါင္းေဆာင္ရြက္ မည့္ေလ့က်င့္ခန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ ေရးကိစၥရပ္မ်ား၊ HADR လုပ္ငန္းမ်ား တြင္ ႏွစ္ႏုိင္ငံေလတပ္မ်ားအၾကား ပူးေပါင္း ေဆာင္ရြက္ေရးကိစၥရပ္မ်ားအား ေဆြးေႏြး ၾကသည္။ ညပုိင္းတြင္ (၁၆)ႀကိမ္ေျမာက္  အာဆီယံ ေလတပ္ ဦးစီးခ်ဳပ္မ်ား အစည္းအေဝး ေအာင္ျမင္စြာ က်င္းပျခင္း အထိမ္းအမွတ္ ညစာစားပြဲသို႔တက္ေရာက္ၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ဘ႐ူႏုိင္းႏုိင္ငံမွ ျပန္လည္ထြက္ခြာခဲ့ၿပီး ေန႔လယ္ပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္သုိ႔ေရာက္ရွိၾကရာ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံႏွင့္အဖြဲ႕ဝင္မ်ားက ေလဆိပ္၌ ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကေၾကာင္း  သတင္းရရွိသည္။     

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၁၆)ကြိမ်မြောက် အာဆီယံ လေတပ် ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၆

ဘရူနိုင်းနိုင်ငံ၌ကျင်းပပြုလုပ်မည့် (၁၆) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ် များအစည်းအဝေး (16th  ASEAN  Air Chiefs Conference-16th AACC) သို့တက် ရောက်ရန်အတွက် ဘရူနိုင်းနိုင်ငံသို့ရောက်ရှိ နေသည့်   ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂ ရက် ညနေပိုင်းတွင် Bandar Seri BeGawan မြို့တော်ရှိ The Empire Hotel, Meeting Room One ၌ ဘရူနိုင်းတော်ဝင် လေတပ်ဦးစီးချုပ်နှင့်အဖွဲ့အားလည်းကောင်း၊ ဖိလစ်ပိုင်လေတပ်ဦးစီးချုပ်နှင့်အဖွဲ့အား လည်းကောင်း သီးခြားစီတွေ့ဆုံ၍  အာဆီယံ လေတပ်များ အကြား ပိုမို ပူးပေါင်းဆောင်ရွက် ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများအကြား ပိုမို နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေး၊   အကြမ်းဖက်ကာကွယ် တားဆီးရေးလုပ်ငန်းများအတွက် အာဆီယံ လေတပ်များအကြား ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များအား ဆွေးနွေးကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် Bandar Seri Begawan မြို့တော်ရှိ The Empire Hotel ၌ကျင်းပပြုလုပ်သော (၁၆)ကြိမ် မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့တက်ရောက်ကြသည်။ ၎င်း နောက် အာဆီယံလေတပ်ဦးစီးချုပ်များနှင့် အတူ ဘရူနိုင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးအား သွားရောက်တွေ့ဆုံနှုတ်ဆက် ကြသည်။ ဆက်လက်၍ အာဆီယံလေတပ် ဦးစီးချုပ်များသည် ဘရူနိုင်းနိုင်ငံရှိ Rimba လေတပ်စခန်းတွင်ကျင်းပသော (၁၆)ကြိမ် မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ  အစည်းအဝေးအထိမ်းအမှတ် အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်၍ အမှတ် တရသစ်ပင်များစိုက်ပျိုးကြသည်။

ထို့နောက်  ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည်  ညနေပိုင်းတွင် The Empire   Hotel,  Meeting  Room Three ၌ ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့်အဖွဲ့အား   တွေ့ဆုံ၍  နှစ်နိုင်ငံလေတပ်များအကြား ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံလေတပ် များအကြား လက်တွေ့ပူးပေါင်းဆောင်ရွက် မည့်လေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက် ရေးကိစ္စရပ်များ၊ HADR လုပ်ငန်းများ တွင် နှစ်နိုင်ငံလေတပ်များအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေး ကြသည်။ ညပိုင်းတွင် (၁၆)ကြိမ်မြောက်  အာဆီယံ လေတပ် ဦးစီးချုပ်များ အစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်း အထိမ်းအမှတ် ညစာစားပွဲသို့တက်ရောက်ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ဘရူနိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ပြီး နေ့လယ်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက် ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း  သတင်းရရှိ သည်။               

                        

Recent News