မိုင္းဆတ္ၿမိဳ႔နယ္၊ ပူနားကိုေက်းရြာ၌ လားဟူ႐ိုးရာေကာက္သစ္စားပြဲေတာ္ျပဳလုပ္

မိုင္းဆတ္ၿမိဳ႔နယ္၊ ပူနားကိုေက်းရြာ၌ လားဟူ႐ိုးရာေကာက္သစ္စားပြဲေတာ္ျပဳလုပ္

ေနျပည္ေတာ္ စက္တင္ဘာ ၇

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚေက်းရြာအုပ္စု၊ ပူနားကိုေက်းရြာ၌ လားဟူရိုးရာေကာက္သစ္စားပြဲေတာ္ကို ယေန႔နံနက္ပိုင္းတြင္ျပဳလုပ္ရာ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာမ်ားႏွင့္ ေဒသခံလားဟူတိုင္းရင္းသားမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ေက်းရြာတာ၀န္ရွိသူတစ္ဦးက လားဟူေကာက္သစ္စားပြဲေတာ္အေၾကာင္းကို ရွင္းလင္း ေျပာၾကားၿပီး တိုင္းမွဴးႏွင့္တာ၀န္ရွိသူ တစ္ဦးက အမွာစကားမ်ားေျပာၾကားၿပီး ခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။ ထို႔ေနာက္ ေက်းရြာမွလူငယ္ေမာင္မယ္မ်ားက ႐ိုးရာအကမ်ားျဖင့္ ကျပ ေဖ်ာ္ေျဖခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာ၌ လားဟူရိုးရာကောက်သစ်စားပွဲတော်ပြုလုပ်

နေပြည်တော် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာ၌ လားဟူရိုးရာကောက်သစ်စားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံလားဟူတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ ကျေးရွာတာဝန်ရှိသူတစ်ဦးက လားဟူကောက်သစ်စားပွဲတော်အကြောင်းကို ရှင်းလင်း ပြောကြားပြီး တိုင်းမှူးနှင့်တာဝန်ရှိသူ တစ်ဦးက အမှာစကားများပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ကျေးရွာမှလူငယ်မောင်မယ်များက ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News