

နေပြည်တော်   စက်တင်ဘာ   ၉



(Unicode Version)

အောင်ပန်းမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဆရာ၊ ဆရာမ ၂ဝ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၈၅၉ ဦးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁ဝ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ  ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ၂၁ ဦးကို အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News