




(Unicode Version)

သန်လျင်မြို့နယ်၊ လက်ယက်စမ်း ကျေးရွာ၌ တစ်အုပ်တစ်မ သစ်တော စိုက်ခင်း စိုက်ပျိုးခြင်းပြုလုပ်

နေပြည်တော်  စက်တင်ဘာ  ၁၀

ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်နှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက် အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်၊ လက်ယက်စမ်း ကျေးရွာအုပ်စု၊ လက် ယက်စမ်းကျေးရွာရှိ အများပြည်သူနှင့်သက် ဆိုင်သောမြေနေရာ၌ တစ်အုပ်တစ်မ သစ်တော စိုက်ခင်း စိုက်ပျိုးခြင်း ဆောင်ရွက် ကြသည်။

အဆိုပါ နေရာ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ သန်လျင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြို့နယ်စစ်မှု ထမ်း ဟောင်း အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက အရိပ်ရ လေကာပင်ဖြစ်သည့်   မန်ဂျန်ရှား ၃၀၀ ပင်ကို  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။          

 

Recent News