ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)တံခြန္စိုက္ဒိုင္း အမ်ဳိးသား၊ အမ်ဳိးသမီး ေဘာ္လီေဘာၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)တံခြန္စိုက္ဒိုင္း အမ်ဳိးသား၊ အမ်ဳိးသမီး ေဘာ္လီေဘာၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၀

၂၀၁၉ ခုႏွစ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)  တံခြန္စိုက္ဒိုင္း အမ်ဳိးသား၊ အမ်ဳိးသမီးေဘာ္လီေဘာၿပိဳင္ပြဲ ဖြင့္ပြဲကို စက္တင္ ဘာ ၉ ရက္  နံနက္ပိုင္းတြင္  မိတ္ၳီလာၿမိဳ႕ရွိ ေလေၾကာင္းအတတ္သင္ ေလတပ္စခန္းဌာနခ်ဳပ္၊ အားကစား ခန္းမ၌ ျပဳလုပ္ရာ ေလတပ္ စခန္းဌာနခ်ဳပ္မွဴး  ဗိုလ္ခ်ဳပ္စိုးေအာင္ႏွင့္  အရာရွိ၊  စစ္သည္၊ မိသားစုမ်ား၊ ဖိတ္ၾကား ထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ကိုယ္စား ေလတပ္စခန္း ဌာနခ်ဳပ္မွဴးက အဖြင့္အမွာ စကားေျပာၾကားသည္။ ထုိ႔ေနာက္ တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ အဖြင့္ပြဲစဥ္ယွဥ္ၿပိဳင္ ကစားမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

အဆိုပါေဘာ္လီေဘာၿပိဳင္ပြဲကို ၿပိဳင္ပြဲ၀င္ အမ်ဳိးသားအသင္း ၁၀ သင္းႏွင့္ အမ်ဳိးသမီးအသင္း ခုနစ္သင္းတုိ႔ျဖင့္ စက္တင္ဘာ ၉  ရက္မွ ၂၀ ရက္အထိ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  စက်တင်ဘာ  ၁၀

၂၀၁၉ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)  တံခွန်စိုက်ဒိုင်း အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို စက်တင် ဘာ ၉ ရက်  နံနက်ပိုင်းတွင်  မိတ်္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၊ အားကစား ခန်းမ၌ ပြုလုပ်ရာ လေတပ် စခန်းဌာနချုပ်မှူး  ဗိုလ်ချုပ်စိုးအောင်နှင့်  အရာရှိ၊  စစ်သည်၊ မိသားစုများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား လေတပ်စခန်း ဌာနချုပ်မှူးက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၀ သင်းနှင့် အမျိုးသမီးအသင်း ခုနစ်သင်းတို့ဖြင့် စက်တင်ဘာ ၉  ရက်မှ ၂၀ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News