တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကလွဴဒါန္းသည့္ အင္းသား႐ိုးရာ (၄၆)တက္ ၿပိဳင္ေလွ ေလးစင္းႏွင့္ ႐ိုးရာ ၀တ္စံုမ်ား ေပးအပ္ လွဴဒါန္းျခင္းႏွင့္ ေလွ ေရခ်ပြဲျပဳလုပ္

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကလွဴဒါန္းသည့္ အင္းသား႐ိုးရာ (၄၆)တက္ ၿပိဳင္ေလွ ေလးစင္းႏွင့္ ႐ိုးရာ ၀တ္စံုမ်ား ေပးအပ္ လွဴဒါန္းျခင္းႏွင့္ ေလွ ေရခ်ပြဲျပဳလုပ္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၀

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစု မ်ားကလွဴဒါန္းသည့္ အင္းသား႐ိုးရာ (၄၆)တက္ ၿပိဳင္ေလွ ေလးစင္းႏွင့္ ႐ိုးရာ ၀တ္စံုမ်ား ေပးအပ္လွဴဒါန္းျခင္းႏွင့္ေလွေရခ်ပြဲကို ယေန႔နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေရႊၿမိဳ႕၊   ေဖာင္ေတာ္ျပန္ ျပာသာဒ္ ေဆာင္၌ ျပဳလုပ္ရာ ေညာင္ေရႊၿမိဳ႕၊  ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ဥကၠ႒  ေရႊဂူေက်ာင္း ဆရာ ေတာ္ ဘဒၵႏၲတိေလာက အမွဴးျပဳေသာ သံဃာေတာ္မ်ား   ႂကြေရာက္ေတာ္မူၾကသည္။

ဦးစြာ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕၀င္မ်ား၊ ဖိတ္ ၾကားထားေသာ ဧည့္သည္ ေတာ္မ်ား ႏွင့္တက္ ေရာက္လာၾကသူမ်ားက သံဃာေတာ္မ်ားထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး တိုင္းမွဴးႏွင့္ အဖြဲ႕၀င္ မ်ားက သံဃာေတာ္ မ်ားအား လွဴဖြယ္ပစ္ၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ သံဃာေတာ္ မ်ားက အႏၱရာယ္ကင္း ပရိတ္တရားေတာ္မ်ား ရြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကၿပီး သံဃာေတာ္မ်ား၊ တိုင္းမွဴးႏွင့္တာ၀န္ရွိသူမ်ားက အင္းသား ႐ိုးရာၿပိဳင္ပြဲေလွမ်ားအား အႏၱရာယ္ကင္း ပရိတ္အေမႊးနံ႔သာရည္မ်ားပက္ဖ်န္း ေပးၾကသည္။

ဆက္လက္၍ အင္းသား႐ိုးရာေလွမ်ား လႊဲေျပာင္းလွဴဒါန္းျခင္းကိုျပဳလုပ္ရာတိုင္းမွဴးက အဖြင့္ အမွာစကားေျပာၾကားၿပီး အင္းသား ႐ိုးရာ(၄၆)တက္ ၿပိဳင္ေလွေလးစင္းျဖစ္ေသာ  ဘုရင့္ေနာင္၊ အင္းသားဂုဏ္ရည္၊ အင္းေတာ္၀င္ႏွင့္ အင္းရတနာ ေလွတို႔ကို တာ၀န္ယူ တည္ေဆာက္ခဲ့သည့္ ႐ိုးရာေလွလက္သမား အဖြဲ႕က အဆိုပါေလွမ်ားကို လႊဲေျပာင္းေပးအပ္ရာ တိုင္းမွဴးကလက္ခံရယူသည္။ အဆိုပါ ႐ိုးရာၿပိဳင္ေလွမ်ားကို တိုင္းမွဴးက အင္းတိုင္းရင္းသားမ်ား ကိုယ္စား အင္းတိုင္း ရင္းသား လူမ်ဳိးေရးရာ၀န္ႀကီး ေဒါက္တာထြန္းလိႈႈင္ထံ သို႔လည္းေကာင္း၊ ႐ိုးရာ၀တ္စံု ၂၀၀ စံုကို ရပ္မိရပ္ဖတစ္ဦးထံသို႔ လည္းေကာင္း အသီးသီးလႊဲေျပာင္းေပးအပ္ၿပီး အင္းတိုင္းရင္းသား လူမ်ဳိးေရးရာ၀န္ႀကီးက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုကလွဴဒါန္းသည့္  အဆိုပါ႐ိုးရာၿပိဳင္ေလွေလးစင္း၏ သ႐ုပ္ျပေလွာ္ ခတ္ျခင္းကို တိုင္းမွဴးႏွင့္ တက္ေရာက္လာ ၾကသူမ်ားက ၾကည့္႐ႈအားေပးၾကၿပီး ေလွအဖြဲ႕မ်ားအား စားေသာက္ ဖြယ္ရာမ်ားေပး အပ္သည္။

အဆိုပါ ႐ိုးရာၿပိဳင္ေလွ ေလးစင္းနက္ ဘုရင့္ေနာင္ႏွင့္ အင္းသားဂုဏ္ရည္ၿပိဳင္ေလွႏွစ္စင္းကို နမ့္ကပ္ေက်းရြာ၊ ဘုရားက်ိန္း ေက်ာင္း ၀င္းအတြင္းမွ နမ့္သဲေခ်ာင္းအတြင္းသို႔လည္း ေကာင္း၊ အင္းေတာ္၀င္ႏွင့္အင္းရတနာၿပိဳင္ေလွႏွစ္စင္းကို နမ့္ကပ္ ေက်းရြာဆည္ေျမာင္း၀န္းအတြင္းမွ နမ့္သဲေခ်ာင္းအတြင္း သို႔လည္းေကာင္း တပ္္မေတာ္သားမ်ားႏွင့္ အင္းတိုင္းရင္း သားမ်ား စုေပါင္း၍ ေလွေရခ် ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် အင်းသားရိုးရာ (၄၆)တက် ပြိုင်လှေ လေးစင်းနှင့် ရိုးရာ ဝတ်စုံများ ပေးအပ် လှူဒါန်းခြင်းနှင့် လှေ ရေချပွဲပြုလုပ်

နေပြည်တော်  စက်တင်ဘာ  ၁၀

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များကလှူဒါန်းသည့် အင်းသားရိုးရာ (၄၆)တက် ပြိုင်လှေ လေးစင်းနှင့် ရိုးရာ ဝတ်စုံများ ပေးအပ်လှူဒါန်းခြင်းနှင့်လှေရေချပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊   ဖောင်တော်ပြန် ပြာသာဒ် ဆောင်၌ ပြုလုပ်ရာ ညောင်ရွှေမြို့၊  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  ရွှေဂူကျောင်း ဆရာ တော် ဘဒ္ဒန္တတိလောက အမှူးပြုသော သံဃာတော်များ   ကြွရောက်တော်မူကြသည်။

ဦးစွာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ် ကြားထားသော ဧည့်သည် တော်များ နှင့်တက် ရောက်လာကြသူများက သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းမှူးနှင့် အဖွဲ့ဝင် များက သံဃာတော် များအား လှူဖွယ်ပစ်္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သံဃာတော် များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး သံဃာတော်များ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက အင်းသား ရိုးရာပြိုင်ပွဲလှေများအား အန္တရာယ်ကင်း ပရိတ်အမွှေးနံ့သာရည်များပက်ဖျန်း ပေးကြသည်။

ဆက်လက်၍ အင်းသားရိုးရာလှေများ လွှဲပြောင်းလှူဒါန်းခြင်းကိုပြုလုပ်ရာတိုင်းမှူးက အဖွင့် အမှာစကားပြောကြားပြီး အင်းသား ရိုးရာ(၄၆)တက် ပြိုင်လှေလေးစင်းဖြစ်သော  ဘုရင့်နောင်၊ အင်းသားဂုဏ်ရည်၊ အင်းတော်ဝင်နှင့် အင်းရတနာ လှေတို့ကို တာဝန်ယူ တည်ဆောက်ခဲ့သည့် ရိုးရာလှေလက်သမား အဖွဲ့က အဆိုပါလှေများကို လွှဲပြောင်းပေးအပ်ရာ တိုင်းမှူးကလက်ခံရယူသည်။ အဆိုပါ ရိုးရာပြိုင်လှေများကို တိုင်းမှူးက အင်းတိုင်းရင်းသားများ ကိုယ်စား အင်းတိုင်း ရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုှုင်ထံ သို့လည်းကောင်း၊ ရိုးရာဝတ်စုံ ၂၀၀ စုံကို ရပ်မိရပ်ဖတစ်ဦးထံသို့ လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ပြီး အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုကလှူဒါန်းသည့်  အဆိုပါရိုးရာပြိုင်လှေလေးစင်း၏ သရုပ်ပြလှော် ခတ်ခြင်းကို တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ကြည့်ရှုအားပေးကြပြီး လှေအဖွဲ့များအား စားသောက် ဖွယ်ရာများပေး အပ်သည်။

အဆိုပါ ရိုးရာပြိုင်လှေ လေးစင်းနက် ဘုရင့်နောင်နှင့် အင်းသားဂုဏ်ရည်ပြိုင်လှေနှစ်စင်းကို နမ့်ကပ်ကျေးရွာ၊ ဘုရားကျိန်း ကျောင်း ဝင်းအတွင်းမှ နမ့်သဲချောင်းအတွင်းသို့လည်း ကောင်း၊ အင်းတော်ဝင်နှင့်အင်းရတနာပြိုင်လှေနှစ်စင်းကို နမ့်ကပ် ကျေးရွာဆည်မြောင်းဝန်းအတွင်းမှ နမ့်သဲချောင်းအတွင်း သို့လည်းကောင်း တပ်မတော်သားများနှင့် အင်းတိုင်းရင်း သားများ စုပေါင်း၍ လှေရေချ ခဲ့ကြောင်း သတင်းရရှိသည်။

Recent News