အရာေတာ္ၿမိဳ႕နယ္၊ ဝါးတန္းေလးေက်းရြာရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ သက္ႀကီးဘုိးဘြားမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

အရာေတာ္ၿမိဳ႕နယ္၊ ဝါးတန္းေလးေက်းရြာရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ သက္ႀကီးဘုိးဘြားမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၁ဝ

စစ္ကုိင္းတုိင္းေဒသႀကီး၊ အရာေတာ္ၿမိဳ႕နယ္၊ ဝါးတန္းေလးေက်းရြာ၊ အေျခခံပညာမူလတန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေက်းရြာရွိ သက္ႀကီးဘုိးဘြားမ်ားအား ယေန႔နံနက္ပုိင္းတြင္ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါ စာသင္ေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၅ဝ ဦးအား တစ္ကုိယ္ေရ သန္႔ရွင္းေရးစစ္ေဆးေပးၿပီး ဆရာ၊ ဆရာမ ငါးဦးႏွင့္ သက္ႀကီးဘုိးဘြား ၄ဝ ဦးတို႔ကို မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍    လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ နယ္ေျမခံတပ္မေတာ္သားမ်ားက ေက်ာင္းဝင္း အတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္းႏွင့္ သန္႔ရွင္းေရးျပဳလုပ္ျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အရာတော်မြို့နယ်၊ ဝါးတန်းလေးကျေးရွာရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဝါးတန်းလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာရှိ သက်ကြီးဘိုးဘွားများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ စာသင်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၅ဝ ဦးအား တစ်ကိုယ်ရေ သန့်ရှင်းရေးစစ်ဆေးပေးပြီး ဆရာ၊ ဆရာမ ငါးဦးနှင့် သက်ကြီးဘိုးဘွား ၄ဝ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍    လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News